Connect with us

Economy

တရုတ်-ရုရှား နှစ်နိုင်ငံသည် ဂြိုလ်တု ထိန်းချုပ်ရေး စနစ်နှင့် အမြန်ရထားလမ်း တည်ဆောက်ရေး အပါ အဝင် စာချုပ်များ ချုပ်ဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် မော်စကို ၌ တွေ့ဆုံနေစဉ် (ဆင်ဟွာ)

မော်စကို ၊ မေ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှား နိုင်ငံ သမ္မတပူတင် တို့သည် မေလ (၈) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပြီး နှစ်နိုင်ငံ ခေါင်းဆောင် များမှ စွမ်းအင် ၊ စိုက်ပျိုးရေး ၊ အမြန်ရထားလမ်း ၊ လေကြောင်း နှင့် အာကာသ ၊ ဘဏ္ဍာရေး ပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ၊ အခြေခံ အဆောက်အဦး တည်ဆောက်ရေး နှင့် အရှေ့အာရှ (Far East) ဖွံ့ဖြိုးရေး တို့တွင် ပိုမို ကျယ်ပြန်စွာ ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီမှု ရရှိခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်မှ “တရုတ်-ရုရှား ဘက်စုံ မဟာ ဗျူဟာ မိတ်ဆွေ ပူးပေါင်း ဆက်ဆံရေး တိုးမြှင့်ခြင်း ကြေညာချက်” နှင့် “ခေတ်သစ် ပိုးလမ်းမကြီး စီးပွားရေး အသိုက်အဝန်းနှင့် ဥရောပ စီးပွားရေး အဖွဲ့အစည်း ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ခြင်း ကြေညာချက်” တို့ကို အတူတကွ လက်မှတ် ရေးထိုး ထုတ်ပြန် ကြေညာ ခဲ့ကြသည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့သည် ရုရှားနိုင်ငံမှ Glonass ဂြိုလ်တု ထိန်းချုပ်ရေး စနစ်နှင့် တရုတ် နိုင်ငံမှ BeiDou ဂြိုလ်တု ထိန်းချုပ်ရေး စနစ် (BeiDou Navigation Satellite System (BDS) ) ကို အတူတကွ အသုံးပြုခြင်း ၊ သတင်း အချက်အလက် လုံခြုံရေး ပိုင်းဆိုင်ရာ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် မော်စကိုမှ ကာဆန် (Kazan) အမြန် ရထားလမ်း တည်ဆောက်ခြင်း စသည့် သဘော တူညီမှု စာချုပ်များကို ချုပ်ဆို နိုင်ခဲ့သည်။

တရုတ် သမ္မတ ရှီကျင့်ဖိန်သည် မျိုးချစ်စိတ်ဖြင့် ခုခံကာကွယ် အောင်မြင်ခဲ့သည့် စစ်ပွဲနှစ် ၇၀ ပြည့်မြောက်သည့် အခမ်းအနား တက်ရောက်ရန် ဖိတ်ကြား သဖြင့် မော်စကို လာရောက်စဉ် အတွင်း ရုရှာနိုင်ငံအား ချစ်ကြည်ရေး ခရီး လည်ပတ် ခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များမှ တောင်-မြောက် ကိုးရီးယား အရေး၊ အီရန် နျူကလီးယား ပြဿနာ စသည့် အတူတကွ စိတ်ဝင်စားသော နိုင်ငံတကာ အရေးကိစ္စများ နှင့် ဒေသတွင်း ပြဿနာများ အပေါ် သဘောထားချင်း ဖလှယ် ခဲ့ကြသည်။ သက်ဆိုင်ရာ အရေး ကိစ္စများတွင် ဆက်လက်၍ အတူတကွ အနီးကပ် ဆွေးနွေး တိုင်ပင် သွားမည့် သဘောတူညီမှု ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.