Connect with us

Economy

ပေကျင်း၌ ၂၀၁၉ခုနှစ်တွင် ပြုလုပ်မည့် အဓိက ဆောက်လုပ်ရေးစီမံကိန်း ၃၀၀အား အများပြည်သူသို့ ချပြ

တရုတ်နိုင်ငံ ပေကျင်းမြို့ မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ ၂၀၁၉ခုနှစ်အတွင်းပြုလုပ်မည့် အဓိက ဆောက်လုပ်ရေးစီမံကိန်းကြီး စုစုပေါင်း အခု ၃၀၀ ကို အများပြည်သူထံချပြခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ပေကျင်းမြို့စည်ပင်သာယာရေးကော်မရှင်က စီမံကိန်းအခု ၃၀၀ တွင် အခြေခံအဆောက်အအုံ စီမံကိန်း အခု၁၀၀၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းတိုးတက်ကောင်းမွန်မှု အပေါ် အဓိကထားသည့် စီမံကိန်း အခု ၁၀၀ နှင့် နည်းပညာမြင့်စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းအခု ၁၀၀ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ယင်းစီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုသည် တရုတ်ယွမ် ၂၃၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅ဘီလီယံ) သို့ရောက်ရှိမည်ဟု ခန့်မှန်းရသည်။

ကော်မရှင်က စီမံကိန်းများသည် မြို့လယ်ခေါင်ဧရိယာများ တိုးတက်ဖွံ့ဖြိုးမှု၊ ထုံးကျိုးခရိုင် ရှိ ပေကျင်းမြို့ subcenter အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အအုံ နှင့် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးမှုများအပေါ် အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.