Connect with us

Economy

တရုတ်တွင် စွန့်ပစ် ဘတ်စ်ကားများကို ပြန်လည် ပြုပြင်၍ နေချင်စဖွယ် ဟိုတယ် အခန်းများအဖြစ် ပြောင်းလဲ

တရုတ်နိုင်ငံ တိုင်ယွမ်မြို့ရှိ စွန့်ပစ် ဘတ်စ်ကားများအား ပြန်လည် ပြုပြင်၍ ဟိုတယ်အခန်းများ အဖြစ် ဖွင့်လှစ်ထားပုံ (ဓာတ်ပုံ-အင်တာနက်)

တိုင်ယွမ်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်းရှီးပြည်နယ် မြို့တော် တိုင်ယွမ်၌် အသုံးမပြုဘဲ စွန့်ပစ်ထားသည့် ဘတ်စ်ကားများအား ပြန်လည် ပြုပြင်ပြီး ကောင်းစွာ ပြင်ဆင်ထားသော ဟိုတယ်အခန်းများ အဖြစ် ပြောင်းလဲခဲ့ကြောင်း သိရသည်။

အဆိုပါ ထူးခြားသည့် ဟိုတယ်အခန်းများကို ၂၀၁၆ ခုနှစ် အစပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တိုင်ယွမ်မြို့ ခရီးသွား လုပ်ငန်းဋ္ဌာန ဝန်ထမ်းတစ်ဦး ဖြစ်သူ ကောင်းယုံဖိန်က “ စွန့်ပစ် ဘတ်စ်ကားတွေကို ဒီလို ဟိုတယ် အခန်းတွေ အဖြစ်ပြောင်းလဲ လိုက်တာဟာ အရမ်းကောင်း တဲ့ စိတ်ကူးတစ်ခုပါ။ ဒါ့အပြင် စွန့်ပစ် ပစ္စည်းတွေကနေ ရွှေဖြစ်အောင် ပြုလုပ်လိုက်သလိုပါဘဲ” ဟုပြောကြားခဲ့သည်။
အဆိုပါ ဘတ်စ်ကားများတွင် ၎င်းတို့အား မူလ အသွင်အပြင်များ ဖြစ်သည့် ကားတံခါးများ၊ စတီယာရင်များ၊ ဘီးများ ကျန်ရစ်နေသေးကြောင်း သိရသည်။ အခြား ဝန်ဆောင်မှုများ အနေဖြင့် ဘတ်စ်ကားတွင် အိပ်ခန်း တစ်ခန်း၊ ဧည့်ခန်း တစ်ခန်း၊ ရေပူစနစ်၊ လျှပ်စစ်မီး၊ ရေပေးဝေမှု စနစ်တို့ ပါရှိသည့် ရေချိုးခန်း တစ်ခန်းတို့ ပါဝင်ပြီး အခန်းအပြင်အဆင်ကို ကာတွန်းပုံများဖြင့် ပုံဖော်ထားကြောင်း သိရသည်။
အချို့အခန်းများတွင် ကာရာအိုကေ သီချင်းဆိုစက်များလည်း ပါရှိကြောင်း သိရသည်။
ကောင်း က ဘတ်စ်ကား ဟိုတယ် အခန်း ၅၀ ခန့်ရှိပြီး အချို့ ဟိုတယ် အခန်းများကို ကာတွန်းပုံများဖြင့် ပုံဖော် အလှဆင်ထားပြီး အချို့အခန်းများကိုမူ ကလေးများ စိတ်တိုင်းကျ ပုံဖော် အလှဆင်နိုင်ရန် ချန်ထားပေးကြောင်း ပြောကြားခဲ့သည်။
ဘတ်စ်ကား ဟိုတယ်အခန်းတွင် တစ်ည တည်းခိုမည် ဆိုပါက တရုတ်ယွမ် ၂၀၀ (အမေရိကန်ဒေါ်လာ ၃၀.၄ ဒေါ်လာ) မှ ယွမ် ၆၀၀ အတွင်း ဈေးနှုန်း အမျိုးမျိုးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.