Connect with us

Economy

တရုတ်နိုင်ငံ တောင်ပိုင်းတွင် တရုတ်- အာဆီယံ သတင်းအချက်အလက် စင်တာ တည်ထောင်

တရုတ်- အာဆီယံ လိုဂိုတံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နန်နင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နှင့် အာဆီယံ ဆိပ်ကမ်းဆိုင်ရာ သတင်းအချက်အလက်များ ထောက်ပံ့ပေးနိုင်ရန် သတင်းအချက်အ လက် ဗဟိုဋ္ဌာန တစ်ခုအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျုံး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ကျင်းကျိုး ဆိပ်ကမ်း၌ မေလ ၂၇ ရက်က တရားဝင် တည်ထောင်ခဲ့သည်။

တရုတ်- အာဆီယံ ဆိပ်ကမ်း ထောက်ပံ့သယ်ပို့ရေး ဆိုင်ရာ သတင်းအချက်အလက် စင်တာက အဆိုပါ ဆိပ်ကမ်းများအတွင်း ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ကွန်ပြူတာ သုံးစွဲမှု မြင့်မားလာရေး ထောက်ပံံ့ပေးမည် ဖြစ် သည်။
ယင်းစင်တာသည် တရုတ်- အာဆီယံ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု ကွန်ရက်၏ အဓိကကျသော စီမံကိန်း လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး၂၀၁၃ ခုနှစ်က ကျင်းပခဲ့သည့် တရုတ်- အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်- အာ ဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၌ တရားဝင် ကြေညာခဲ့ပြီး ဖြစ်သည်။
တရုတ်- အာဆီယံ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှ ထောက်ပံ့မှုနှင့်အတူ ကျင်းကျိုး၌ တရုတ်- အာဆီယံ ပင်လယ်ရေကြောင်း လေ့ကျင့်ရေး စင်တာအား မေလ ၂၇ ရက်က တည်ထောင်ခဲ့သည်။ ယင်း လေ့ကျင့်ရေး စင်တာသည် တရုတ်နှင့် အာဆီယံနိုင်ငံများရှိ အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းသွားသ င်္ဘော ရေယာဉ်မှူးများနှင့် သင်္ဘော သားများအတွက် လေ့ကျင့်သင်ကြားပေးမည် ဖြစ်သည်။
ထို့ပြင် ကျင်းကျိုး၌ ပင်လယ်ရေကြောင်း မိုးလေဝသ စောင့်ကြည့်ရေးနှင့် ကြိုတင်သတိပေးရေး စင်တာ တစ်ခု၊ တရုတ် နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွက် ပင်လယ်ရေကြောင်း သုတေသနနှင့် ကယ်ဆယ်ရေး စင်တာ တစ်ခု စသည်တို့အား တည်ထောင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
ကျင်းကျိုးသည် တရုတ်နှင့် အရှေ့တောင်အာရှတို့အား ကုန်းရော မြေပါ ချိတ်ဆက်ထားသည့် Beibu ပင်လယ် ကွေ့၏ အစွန်အဖျား၌ တည်ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ကျင်းကျိုးဆိပ်ကမ်း တလျှောက်၌ ကုန်စည်ပေါင်း ၆၅.၁၀ တန်အား လက်ခံဆောင်ရွက်နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.