Connect with us

Economy

တရုတ်နိုင်ငံသည် အမေရိကန် ၏ ငွေတိုက်စာချုပ်များ ကို အများဆုံးပိုင်ဆိုင်ထားသည့်နိုင်ငံအဖြစ်တည်ရှိ

တရုတ်ယွမ်ငွေ နှင့် အမေရိကန်ဒေါ်လာအားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် ၏ ငွေတိုက်စာချုပ်ဝယ်ယူမှုတွင် တရုတ်မှ သုံးလ ဆက်တိုက်ဝယ်ယူမှုမြင့်တက်ပြီးနောက် မတ်လ တွင် တရုတ်၏ ငွေတိုက်စာချုပ်ဝယ်ယူမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁၂၁ ထရီလီယံ အထိကျဆင်းခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ၏ ဘဏ္ဍာရေးဝန်ကြီးဌာ က မေလ ၁၃ ရက် တွင်ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။

တရုတ်နိုင်ငံသည် အမေရိကန် ၏ ငွေတိုက်စာချုပ်အများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ က ငွေတိုက်စာချုပ် ၁.၁၃၁ ထရီလီယံဒေါ်လာ အထိ ပိုင်ဆိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့်လထက် အနည်းငယ်တိုးတက်ခဲ့ကြောင်း သိရသည်။

အမေရိကန် ၏ ငွေတိုက်စာချုပ်ကို မတ်လ တွင် ဂျပန်နိုင်ငံ မှ ၁.၀၇၈ ထရီလီယံ အထိပိုင်ဆိုင်ခဲ့ပြီး ဖေဖော်ဝါရီ လ တွင် ၁.၀၇၂ ထရီလီယံဒေါ်လာ အထိ ပိုင်ဆိုင်ခဲ့ကာ ဖေဖော်ဝါရီလ ထက် ငွေတိုက်စာချုပ် ပိုင်ဆိုင်မှုတိုးတက်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံက ပိုင်ဆိုင်သည့် ငွေတိုက်စာချုပ်များသည် အမေရိကန် ၏ နိုင်ငံခြားသားပိုင်ဆိုင်သည့် ငွေတိုက်စာချုပ်စုစုပေါင်း ၏ သုံးပုံတစ်ပုံရှိကြောင်း သိရသည်။

အမေရိကန် ၏ ရေတိုရေရှည် အစုရှယ်ယာလက်မှတ်များ နှင့် ဘဏ်စနစ်လည်ပတ်မှု စုစုပေါင်းသည် အသားတင်နိုင်ငံခြားသားဝယ်ယူစုဆောင်းမှု အားလုံး၏ ရလဒ်သည် မတ်လ တွင် ၈.၁ ဘီလီယံဒေါ်လာ ရှိကြောင်း အချက်အလက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.