Connect with us

Economy

အမေရိကန်နိုင်ငံမှ သွင်းကုန်အချို့အပေါ် အခွန်စည်းကြပ်မှု တရုတ်နိုင်ငံ တိုးမြှင့်

ကုန်သွယ်ရေးဆိုင်ရာ ၁၁ ကြိမ်မြောက် အဆင့်မြင့် ဆွေးနွေးညှိနှိုင်းမှုများအတွက် ဝါရှင်တန်မြို့သို့ရောက်ရှိလာခဲ့သည့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဇွန်လ ၁ ရက်မှစ၍ အမေရိကန်နိုင်ငံမှ သွင်းကုန်အချို့အပေါ် ထပ်တိုးအခွန်နှုန်းထား တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မေလ ၁၃ ရက်က ကြေညာလိုက်သည်။

တရုတ်နိုင်ငံက အစောပိုင်းတွင် အမေရိကန်သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၀ ဘီလီယံအပေါ် အခွန်စည်းကြပ်မှု သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါတွင်မူ အချို့ကုန်စည်များအပေါ် ၂၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း သွင်းကုန်အခွန်စည်းကြပ်မှုအသီးသီး တိုးမြှင့်လိုက်ကြောင်း နိုင်ငံတော်ကောင်စီ အကောက်ခွန် စည်းကြပ်မှုကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

မေလ ၁၀ ရက်က ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိသော တရုတ်ကုန်စည်များအား အကောက်ခွန် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည့်နောက် ယခုကဲ့သို့ ဆုံးဖြတ်ချက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ၏ လုပ်ဆောင်မှုသည် ကုန်သွယ်ရေး ပဋိပက္ခကို အရှိန်မြင့်စေကြောင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများတစ်ဆင့် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေး အငြင်းပွားမှုများအား ကိုင်တွယ်ရန် သဘောတူညီမှုများအား ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၏ ပြောင်းလဲမှုသည် နှစ်နိုင်ငံ အကျိုးစီးပွားများအား ပျက်စီးစေကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်အား မဖြစ်ပေါ်စေဟု ကြေညာချက်က ဆိုထားသည်။

ဘက်စုံကုန်သွယ်ရေးယန္တရားများအား ကာကွယ်ရန်နှင့် ကိုယ်ပိုင်အခွင့်အရေးနှင့် အကျိုးစီးပွားကို စောင့်ရှောက်ရန် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒအား တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံမှ သွင်းကုန်အချို့အပေါ် ထပ်တိုးအခွန်များ ချိန်ညှိသွားရန်ရှိကြောင်း ကြေညာချက်တွင် မှတ်ချက်ပြုထားသည်။ (Xinhua)