Connect with us

Economy

တရုတ်နိုင်ငံ သည် အခြေခံ ဆောက်လုပ်ရေး စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ သုံးစွဲမည်

တရုတ်နိုင်ငံရှိ အဝေးပြေး ရထားလမ်း တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ထိပ်တန်း စီးပွားရေး စီမံသူ ဖြစ်သော အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) က အခြေခံ အဆောက်အအုံ စီမံကိန်း ရှစ်ခု လုပ်ဆောင်ရန် အတည်ပြု စုစုပေါင်း ခန့်မှန်း ရင်းနှီး မြှုပ်နှံမှု အနေဖြင့် တရုတ် ယွမ် ၉၅.၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ) တန်ဖိုး ရှိမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) က ရထားလမ်း နှစ်လမ်း ဖောက်လုပ်မည့် အစီအစဉ်ကို ခွင့်ပြုပေးခဲ့ပြီး တစ်ခုမှာ အနောက် မြောက်ပိုင်းရှိ စင်းကျန်း ဝေးဝူအော် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဖြစ်ပြီး အခြားတစ်ခုမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုး ပြည်နယ်နှင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ်တို့ကို ဆက်သွယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကော်မရှင်သည် ကန်းစု၊ ဟဲပေ နှင့် ကျန်းရှီး ပြည်နယ် တို့တွင် အဝေးပြေး လမ်းများ ဖောက်လုပ်ရန် အစီအစဉ်များကိုလည်း အတည်ပြုခဲ့သည်။ ကုန်ကျ စရိတ် အမြင့်မားဆုံးဖြစ်သော တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ကန်းစု ပြည်နယ်ရှိ ၂၄၄ ကီလိုမီတာ ရှည်လျားသည့် အဝေးပြေး လမ်းအတွက် ယွမ် ၃၇.၀၅ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်း ကြကြောင်း သိရသည်။

ယခု အပတ် အစောပိုင်းကလည်း NDRC သည် ရင်းနှီမြှုပ်နှံမှု ယွမ် ၂၅၃.၃ ဘီလီယံ တန်ဖိုးရှိသည့် ရထားလမ်း အသစ် လေးစင်းကို ဖောက်လုပ်ရန် အတည်ပြုခဲ့သည်။ အဆိုပါ ရထားလမ်း လေးစင်း၏ အရှည် မှာစုစုပေါင်း ကီလိုမီတာ ၂,၀၀၀ ကျော် ရှိကြောင်း သိရသည်။

စီးပွားရေး တိုးတက်မှု နှေးကွေးနေခြင်းနှင့် အတူ တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန် အဓိက လက်နက်အဖြစ် အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြောင်း သိရသည်။

NDRC သည် ၂၀၁၅ ခုနှစ်၏ ပထမ ကိုးလအတွင်း မြေ၊ အဆောက်အအုံ၊ စက်ပစ္စည်းများ ကဲ့သို့ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများတွင် နှစ်ရှည် ရင်းနှီးမြှုပ်နှံမှု (FAI) တွင် စီမံကိန်း ၂၁၈ ခုအား အတည်ပြု ပေးခဲ့ပြီး စုစုပေါင်း တန်ဖိုး ယွမ်ငွေ ၁.၈ ထရီလီယံ ရှိကြောင်း NDRC မှ အထွေထွေ အတွင်းရေးမှူး လီဖူမင်း က အောက်တိုဘာလ ၁၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုများထဲ မှ ၁ ထရီလီယံ နီးပါးကို ပို့ဆောင် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ လုပ်ငန်းများ အတွက် အသုံးပြုမည် ဖြစ်ပြီး ကျန် ရင်းနှီးမြှုပ်နှံမှု ပမာဏကို စိုက်ပျိုးရေး၊ စွမ်းအင်၊ လူမှုရေး ကိစ္စများနှင့် အဆင့်မြင့် နည်းပညာနှင့် သတင်း အချက်အလက် နည်းပညာ လုပ်ငန်းများတွင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ၏ FAI သည် ယခုနှစ် ပထမ ရှစ်လအတွင်း ယခင်နှစ် အလားတူ ကာလကထက် ၁၀.၉ ရာခိုင်နှုန်း တိုးတက်လာပြီး အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုသည် ၁၈.၄ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။ (Xinhua)