Connect with us

Economy

တရုတ်နိုင်ငံတွင် ကြိုးနီစနစ်များကို ထပ်မံ လျှော့ချ

တရုတ်နိုင်ငံရှိ အထည်ချုပ်လုပ်ငန်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရအဖွဲ့က အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်း ၆၂ ခုတွင် အစိုးရ ထိန်းချုပ်မှုများ လျှော့ချရေးနှင့် ဈေးကွက်လည်ပတ်မှု အားကောင်းလာစေရေး တွက် လုပ်ဆောင် ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံတော် အစိုးရသည် ၂၀၁၃ ခုနှစ်တွင် ဗဟိုအစိုးရ ဌာနများက လုပ်ငန်း ၁,၅၂၆ ခုကို ထိန်းချုပ် လုပ်ဆောင်နေစဉ်ကပင် အစိုးရ အုပ်ချုပ်ရေး ကောင်းမွန်ရန် စနစ်တစ်ရပ်ကို ဗဟို အစိုးရက ပြုလုပ်ခဲ့သည်။ ယင်းအထဲမှ သုံးပုံ တစ်ပုံကျော်ကို ပယ်ဖျက်ခြင်း သို့မဟုတ် အောက်ခြေအဆင့်ဌာန များကို လုပ်ကိုင်ခွင့် ပြုခြင်းများ ပြုလုပ်ခဲ့သည်။

ယခင်က ခွင့်ပြုခြင်းများနှင့် ပြန်လည် သုံးသပ်ခြင်းများစွာ အား ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့်သာ ဒေသဆိုင်ရာ အစိုးရများက ဆောင်ရွက်ခဲ့ပြီး အဆိုပါ လုပ်ငန်းစဉ်များကို ဒေသဆိုင်ရာ အစိုးရအနေဖြင့် ပြန်လည် ထိန်းညှိ လုပ်ကိုင်ခွင့် မရှိခဲ့ပေ။ ထို့ကြောင့် ဗဟိုအစိုးရက ဒေသဆိုင်ရာ အစိုးရများ အား လုပ်ငန်းစဉ်များကို လျှော့ချ၍ ပြုပြင်ပြောင်းလဲမှု စတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အများအားဖြင့် ပြည်တွင်း အခွန်နှင့် ကျန်းမာရေး လုပ်ငန်းများကဲ့သို့ အစိုးရဌာန ၁၈ ခုရှိ လုပ်ငန်းများသည် ဈေးကွက်နှင့် အများပြည်သူ တို့ဖြင့် အနီးကပ် ဆက်စပ်လျက်ရှိသည်။

ပြုပြင် ပြောင်းလဲမည့် လုပ်ငန်း ၂၉ ခုတွင်တော့ ဖွံ့ဖြိုးဆဲဖြစ်သည့် အနောက်ပိုင်း ဒေသများမှ စီမံကိန်းအတွက် ပြည်တွင်း အခွန်ဌာနများ၏ ခွင့်ပြုပေးရသော အခွန် ဦးစားပေး မူဝါဒ ဆိုင်ရာ ခွင့်ပြုချက်များ အား ဖျက်သိမ်းလိုက်ပြီး ယင်းသည် ငွေကြေး စီးဆင်းမှု အရှိန်ကို ပိုမိုမြှင့်တင်နိုင်ပြီး ရင်းနှီးမြှုပ်နှံရာတွင် ခွင့်ပြုရန် ကြာမြင့်ချိန်အား လျော့ကျစေနိုင်ကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117