Connect with us

Economy

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စတုတ္ထအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံတွင် စတုတ္ထအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲ ကျင်းပသည့် နိန်ကျား အပြည်ပြည်ဆိုင်ရာခန်းမအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နိန်ကျားဟွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာလ ၅ ရက်၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

လေးရက်ကြာကျင်းပမည့် အဆိုပါပြပွဲတွင် ကုန်စည်ပြပွဲများနှင့် အခြေခံအဆောက်အအုံ၊ Internet plus ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာမြင့်၊ ခေတ်မီစိုက်ပျိုးရေး၊ ထောက်ပံ့သယ်ပို့လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဒီဂျစ်တယ်စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်များ ပြုလုပ်သွားမည်ဖြစ်သည်။

ယခုနှစ်ပြပွဲအား စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကောင်စီနှင့် နိန်ကျားဟွေ့ ဒေသဆိုင်ရာအစိုးရတို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး နိုင်ငံ ၈၉ နိုင်ငံရှိ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးကုန်သည်အသင်းများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများ ၂,၉၀၀ ခုမှ ၁၂,၆၀၀ ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117