Connect with us

Economy

တရုတ် နိုင်ငံက အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ စာရင်း အချက်အလက် ထုတ်ပြန်ခြင်း ဆိုင်ရာ အထူး သတ်မှတ်ချက် အား တရားဝင် စတင်လက်ခံ

တရုတ် နိုင်ငံတော် ဗဟိုဘဏ် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

လီမာ ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ကျန်ရိကန်း က တရုတ် နိုင်ငံ မှ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ စာရင်း အချက်အလက် ထုတ်ပြန်ခြင်း ဆိုင်ရာ အထူး သတ်မှတ်ချက် (SDDS) အား အောက်တိုဘာလ ၇ ရက်တွင် တရားဝင် စတင်လက်ခံ လိုက်ခြင်းသည် စာရင်းပြုစုမှု စနစ် ပိုမို ကောင်းမွန်လာ စေရန် နှင့် ပွင့်လင်းမြင်သာမှု ကဏ္ဍ တွင် ရရှိခဲ့သည့် တိုးတက်အောင်မြင်မှု တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဗဟိုဘဏ် ဥက္ကဌ ကျုံရှောင်ချွမ်း ၏ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ ဥက္ကဌ Lagarde ထံသို့ ပေးပို့ခဲ့သည့် စာတွင် တရုတ် နိုင်ငံ မှ SDDS အား တရားဝင် လက်ခံလိုက်ပြီ ဖြစ်ကြောင်း ၊ ဤ ဆုံးဖြတ်ချက် သည် တရုတ် နိုင်ငံ မှ SDDS သတ်မှတ်ချက် အတိုင်း သက်ဆိုင်ရာ စာရင်း များကို ထုတ်ပြန် သွားတော့မည် ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ကျန်ရိကန်း က လီမာ တွင် ကျင်းပ သော အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ နှင့် ကမ္ဘာ့ဘဏ် တို့၏ နှစ်ပတ်လည် အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ ဒုတိယ ဥက္ကဌ Lipton က တရုတ် နိုင်ငံ ၏ SDDS ကို လက်ခံ လိုက်ခြင်းသည် စာရင်းအချက်အလက် များ၏ ပွင့်လင်းမြင်သာမှု ကို တိုးမြှင့်လိုသည့် စိတ်သဘောထား အား ပေါ်လွင်စေခဲ့ကြောင်း ၊ ဤသည်မှာ တရုတ် နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင် သစ်တစ်ခု ဖြစ်လာခဲ့ကြောင်း ပြောကြား ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ က ၁၉၉၆ ခုနှစ်တွင် စာရင်းအချက်အလက် ထုတ်ပြန်ခြင်းဆိုင်ရာ အထူးသတ်မှတ်ချက် (SDDS) အား သတ်မှတ် လိုက်ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ အဖွဲ့ဝင် နိုင်ငံ များမှ နိုင်ငံတကာ သို့ စီးပွားရေး နှင့် ငွေကြေးဆိုင်ရာ အချက်အလက် များအား အချိန်မီ ထောက်ပံ့ပေး နိုင်ရန် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.