Connect with us

Economy

Infineon မှ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ဆောင်

တရုတ်နိုင်ငံရှိ Infineon ကုမ္ပဏီ အဆောက်အအုံ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- Infineon)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ၏ အကြီးဆုံး နှင့် ဥရောပ၏ ဒုတိယ အကြီးဆုံး semiconductor ထုတ်လုပ်သူ ဖြစ်သည့် Infineon Technologies AG က တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း China Daily တွင် အောက်တိုဘာ ၁၀ ရက် က ဖော်ပြခဲ့သည်။

Infineon မှ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျိအန်းစု ပြည်နယ် ဝူရှီဒေသ တွင် ၎င်း၏ ဒုတိယ စက်ရုံတစ်ရုံ ကို တည်ဆောက်ရန် စီစဉ် နေကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ စက်ရုံသည် အမေရိကန ်ဒေါ်လာ သန်း ၃၀၀ တန်ဖိုး ရှိပြီး တရုတ်နိုင်ငံတွင် ကုမ္ပဏီ၏ ထုတ်လုပ်နိုင်မှုကို မြှင့်တင်သွားရန် ရည်ရွယ်ကြောင်း သိရသည်။

Infineon၏ စီအီးအို ရိုင်းဟက်ဒ် ပလော့စ် မှ စက်ရုံသည် ထုတ်လုပ်မှုများ တက်နိုင်သမျှ မြန်မြန် လုပ်ဆောင်နိုင်သည်နှင့် တပြိုင်နက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၀၀၀ ကျော်ကို ဖန်တီး ပေးနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ “ ၂၀၂၅ တရုတ်နိုင်ငံ တွင်ပြုလုပ်သည်” ဟူသော တရုတ်နိုင်ငံအား စက်မှု ထုတ်ကုန် စွမ်းရည် မြှင့်တင်ရေး အစီအစဉ် သည် Infineon ဒီဇိုင်းပိုင်း ဆိုင်ရာနှင့် ထုတ်လုပ်ရေး ပိုင်းဆိုင်ရာ အခွင့် အလမ်းများကို လွန်စွာ အထောက်အကူ ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ပလော့စ် က ၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် Infineon ကုမ္ပဏီ၏ အမြတ် စုစုပေါင်း ၂၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှ ရရှိခဲ့ပြီး ၎င်း၏ အရေးပါသော ဈေးကွက် ဖြစ်လာခဲ့ကြောင်းနှင့် ဂျာမနီ ဈေးကွက်ကိုပင် ကျော်လွန် သွားကြောင်း ပြောကြားခဲ့သည်။

Infineon ကုမ္ပဏီ၏ အသစ် ဆောက်လုပ်မည့် စက်ရုံ သည် ၃၆,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းကာ ၂၀၁၆ အကုန်ပိုင်း တွင် ပြီးစီးမည်ဟု ခန့်မှန်း ကြကြောင်း သိရသည်။

ဖရန့်ခ်ဖတ် စတော့ အိတ်ချိန်း စာရင်းဝင် Infineon သည် ၎င်း၏ ပထမဆုံး စက်ရုံကို တရုတ်နိုင်ငံရှိ ဝူရှီ ဒေသတွင် ၁၉၉၅ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ တရုတ် အလုပ်သမား ၁,၈၀၀ ကျော်ကို အလုပ်ခန့် ထား နိုင်ခဲ့ကြောင်း သိရသည်။ Infineon ကုမ္ပဏီ မှ ထုတ်ကုန်များကို တရုတ်နိုင်ငံရှိ ဘဏ်ကတ်များ နှင့် ပတ်စပို့ များတွင် အဓိက အားဖြင့် အသုံးပြုလျက်ရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117