Connect with us

Economy

တရုတ် အိမ်ခြံမြေ အငှားဈေးကွက်သို့ အလီဘာဘာ ဝင်ရောက်လာ

အလီဘာဘာ နည်းပညာ ကုမ္ပဏီ တည်ထောင်သူ ဂျက်မာအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ် နည်းပညာ ကုမ္ပဏီကြီးဖြစ်သော အလီဘာဘာ (Alibaba) သည် အိမ်ခြံမြေ ငှားရမ်းမှုများအတွက် အွန်လိုင်းစနစ် တစ်ခု ဖန်တီးရန် ကုမ္ပဏီ၏ နည်းပညာအား အသုံးပြုမည့် သဘောတူစာချုပ် တစ်ခုအား အစိုးရနှင့် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စနစ်တွင် အစိုးရ၊ တစ်ဦးချင်း၊ အိမ်ခြံမြေဖော်ဆောင်သူများနှင့် ပွဲစားများ စသည့် အရင်းအမြစ်များ အားလုံးမှ ငှားရမ်းရန်ရှိသော တိုက်ခန်းများအားလုံးကို လွှမ်းခြုံနိုင်မည် ဖြစ်ကြောင်း ယခု သီတင်းပတ် အစောပိုင်းက လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ သိရသည်။

ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် အိမ်ငှားရမ်းလိုပါက လုပ်ငန်း တစ်ဆင့်ချင်းစီအတွက် အလီဘာဘာမှ ဖန်တီးထားသော ဝက်ဘ်ဆိုက်နှင့် အပလီကေးရှင်း (Application) အား အသုံးပြုနိုင်ပြီး တိုက်ခန်း ရှာဖွေခြင်းမှ စာချုပ်ချုပ်၊ ငွေပေးချေခြင်း လုပ်ဆောင်သည့်အထိ ဆောင်ရွက်ပေးမည် ဖြစ်သည်။

ထို ဝက်ဘ်ဆိုက်နှင့် အပလီကေးရှင်းတွင် တိုက်ခန်းများ၊ အသုံးပြုသူများ၏ မှတ်ချက်များနှင့် အိမ်ပိုင်ရှင်များ၏ အဆင့်သတ်မှတ်ချက်၊ ငှားရမ်းသူများနှင့် ပွဲစားများ၏ အချက်အလက်များအား မျှဝေပေးထားမည် ဖြစ်ကြောင်း ဟန်ကျိုး အိမ်ခြံမြေ မှတ်ပုံတင်ရေး စင်တာ၏ ညွှန်ကြားရေးမှူး ဟန်ကျင်ချင့်က ပြောသည်။

Smart House Renting System ဟု ခေါ်သည် ယင်း စနစ်အား အလီဘာဘာ၏ Big Data, အွန်လိုင်း ငွေပေးချေမှု နည်းပညာနှင့် စီးပွားရေး ချေးငွေစနစ် (Commerce Credit System) တို့ဖြင့် ထောက်ပံ့ပေးထားပြီး လိမ်လည်ငှားရမ်းမှုများအား ကာကွယ်နိုင်မည်ဟု အစိုးရနှင့် အလီဘာဘာတို့မှာ သတင်းရင်းမြစ်များက ဆိုသည်။

တရုတ်နိုင်ငံ မြို့ကြီးများရှိ အိမ်ခြံမြေ အငှားဈေးကွက်တွင် မှန်ကန်သည့် အိမ်ခြံမြေ ပွဲစားများ အများဆုံး တွေ့ရပြီး လိမ်လည်မှုများနှင့် အငြင်းပွားမှုများ ဖြစ်လေ့မရှိကြောင်း တွေ့ရသည်။

အိမ်ခြံမြေကုမ္ပဏီကြီး အချို့၌ အပလီကေးရှင်းများ ရှိပြီးဖြစ်သော်လည်း အခြားသို့ အချက်အလက်များ မျှဝေထားခြင်း မရှိကြပေ။

တရုတ် အစိုးရအနေဖြင့် မြို့ကြီးများ၏ အိမ်ဈေးနှုန်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေခြင်းအား ထိန်းချုပ်နိုင်ရန် အတွက် အငှားဈေးကွက် ဖွံ့ဖြိုးမှုအား ဦးစားပေးနေခြင်း ဖြစ်သည်။ ဗဟို အစိုးရက အိမ်အငှားဈေးကွက် တိုးတက်ရန်အတွက် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာတွင် မြို့ ၁၂ မြို့အတွင်း ဟန်ကျိုးအား ပထမဆုံး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.