Connect with us

Economy

တရုတ်နိုင်ငံရှိ ဆန်ရှကျွန်းက ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီများအား ဆွဲဆောင်ထားနိုင်

တောင်တရုတ်ပင်လယ်အတွင်း တည်ရှိသော ဆန်ရှမြို့ရှိ ကျွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ရှ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ဘက်စွန်းရှိ ဆန်ရှမြို့သည် ကမ္ဘာပေါ်ရှိ အကြီးဆုံး ကုမ္ပဏီ ၅၀၀ အနက် ၁၆ ခုအား ကျွန်းပေါ်တွင် လုပ်ငန်း လုပ်ကိုင်ရန် ဆွဲဆောင်ထားနိုင်ကြောင်း ဆန်ရှကျွန်း ဒုတိယမြို့တော်ဝန် ဖန် ဝန်ဟိုင်က အဆိုပါမြို့၏ လတ်တလော လုပ်ငန်းခွင် အစီရင်ခံစာ တင်ပြချက်၌ ပြောကြားထားသည်။

ဆန်ရှကျွန်းတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း ၁၅၇ ခုရှိပြီး ရင်းနှီးငွေ ပမာဏ ယွမ် ၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄၃၄ သန်း) ရှိကြောင်း၊ အခွန်ငွေ ယွမ် ၁.၅၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၂၁ သန်း) ရှိကြောင်း ဖန်က ပြောသည်။

အဆိုပါ ကျွန်းပေါ်ရှိ ကုမ္ပဏီများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ယဉ်ကျေးမှု အပါအဝင် ကဏ္ဍများစွာ ပါဝင်ကြကြောင်း သိရသည်။

ထို့ပြင် ထို ကျွန်းပေါ်၌ Commercial Bank of China နှင့် Bank of China တို့က ဘဏ်ခွဲများ ဖွင့်ထားကြောင်း၊ အခြား ငွေကြေးဆိုင်ရာ လုပ်ငန်းများ ဖြစ်သည့် China Development Bank နှင့် Agricultural Bank of China တို့သည်လည်း ဋ္ဌာနေဆိုင်ရာ အစိုးရနှင့် မဟာဗျူဟာကျ မိတ်ဖက်ဆက်ဆံရေး ပြုလုပ်ကာ ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေးဆိုင်ရာနှင့် အခွန်ဆိုင်ရာ မူဝါဒများ ထောက်ပံ့ပေးခြင်းဖြင့် လာမည့် ငါးနှစ်အတွင်း ကုမ္ပဏီ မြောက်မြားစွာအား ဆွဲဆောင်နိုင်ရေးနှင့် စီးပွားရေး လုပ်ငန်းများ မှတ်ပုံတင်ရာတွင် ပိုမို လွယ်ကူ ရှင်းလင်းစေရေး ရည်ရွယ်ထားသည်ဟု ဆိုသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.