Connect with us

Economy

တရုတ်နိုင်ငံ ပေကျင်းမြို့ အနောက်ဘက်ဂိတ်မှ Daxing လေဆိပ်သို့ မိနစ် ၂၀ ကျော်အတွင်း ရောက်ရှိနိုင်မည့် မြေအောက်ရထားသစ်

ပေကျင်း-ရှုံဂန်အမြန်ရထားလမ်းတွင် စမ်းသပ်ပြေးမောင်းနှင်နေသော ရထားအားတွေ့ရစဉ်(အင်တာနက်)

ပေကျင်း၊စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ Daxing အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မိနစ် ၂၀ ကျော်အတွင်း ရောက်ရှိနိုင်မည့် ပေကျင်း-ရှုံဂန်အမြန်ရထားလမ်း အမြန်ရထားသစ်ကို စက်တင်ဘာ ၅ ရက် ကစတင်စမ်းသပ်မောင်းနှင် ခဲ့ကြောင်းသိရသည်။

ပေကျင်း-ရှုံဂန်အမြန်ရထားသည် ပေကျင်းမြို့ မြောက်ဘက်မှ Liying ဂိတ်ထိ,တောင်ဘက်မှ Daxing ထိ ပြေးဆွဲမည်ဖြစ်ရာ ရထားလမ်းအရှည်သည် ၃၃ ဒသမ ၉၇ ကီလိုမီတာ ရှိကြောင်း၊၎င်းသည် တစ်နာရီတွင် ၂၅၀ ကီလိုမီတာထိ မောင်းနှင်နိုင်ပြီး ပေကျင်း အနောက်ဘက် ဂိတ်မှ Daxing လေဆိပ်သု့ိ မိနစ် ၂၀ ကျော်အတွင်း ရောက်ရှိနိုင်ကြောင်းသိရသည်။

၎င်းရထားအားစမ်းသပ် မောင်းနှင်ရာတွင် တည်ရှိသောစည်းကမ်းချက်များနှင့်အညီ ကျွမ်းကျင်အဆင့် ပညာရှင်များအတူတကွ ပူးတွဲပါဝင်လုပ်ဆောင်ပြီး ယခုလ ကုန်ပိုင်းထိစမ်းသပ် မောင်းနှင်သွားမည်ဖြစ် ကြောင်းသိရသည်။ထိုရထားအား ၂၀၂၀ ခုနှစ်တွင် စတင်ပြေးဆွဲနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။(Xinhua)