Connect with us

Economy

တောင်တရုတ်ပင်လယ်တွင် လေယာဉ်ကွင်း နှစ်ခု တရုတ် စမ်းသပ် ဆင်းသက်

Meiji သန ္တာကျောက်တန်းရှိ လေဆိပ်သို့ ဇူလိုင်လ ၁၃ ရက်က China Southern Airlines မှ လေယာဉ် တစ်စင်း ဆင်းသက်ခဲ့စဉ် (ဆင်ဟွာ)

ဟိုင်ကိုး၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်ရှိ Nansha ကျွန်းပေါ်ရှိ လေယာဉ်ကွင်း နှစ်ခုပေါ်သို့ အရပ်သား လေယာဉ်များဖြင့် ဇူလိုင်လ ၁၃ ရက်က တရုတ်နိုင်ငံက အောင်မြင်စွာ စမ်းသပ် ဆင်းသက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် မြို့တော် ဟိုင်ကိုးမှ လေယာဉ် တစ်စင်းသည် ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီအချိန်၌ ထွက်ခွာခဲ့ပြီး Meiji သန္တာ ကျောက်တန်းများပေါ်သို့ နှစ်နာရီကြာ ပျံသန်းပြီးနောက် လေဆိပ်၌ ဆင်းသက်ခဲ့သည်။ နောက်ထပ်အခြား လေယာဉ် တစ်စင်းသည်လည်း ဟိုင်ကိုးမှ ဒေသစံတော်ချိန် နံနက် ၈း၄၀ နာရီအချိန်၌ ထွက်ခွာခဲ့ကာ Zhubi သန္တာ ကျောက်တန်းပေါ်သို့ ပျံသန်းခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၀း၂၈ နာရီအချိန်၌ လေဆိပ်သို့ ဆင်းသက်ခဲ့သည်။
China Southern Airlines မှ Airbus A319 လေယာဉ် တစ်စင်းနှင့် Hainan Airlines မှ ဘိုးရင်း 737 တစ်စင်း တို့က ပျံသန်းခဲ့ပြီး သန္တာကျောက်တန်းများပေါ်သို့ ခဏတာ နေခဲ့ပြီးနောက် ဟိုင်ကိုးသို့ ပြန်လည် ရောက်ရှိခဲ့သည်။ အဆိုပါ သန္တာကျောက်တန်း နှစ်ခုပေါ်သို့ အမေရိကန်နိုင်ငံထုတ် Cessna CE-680 လေယာဉ် တစ်စင်း ပျံသန်းခဲ့ပြီး တစ်ရက်အကြာ၌ ယခု ခရီးစဉ်အား ပျံသန်းခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့သည့် Yongshu သန္တာ ကျောက်တန်းရှိ လေဆိပ် တစ်ခု အပါအဝင် Nansha ကျွန်းစု များပေါ်၌ တရုတ်နိုင်ငံက ဖွင့်လှစ်ခဲ့သည့် လေဆိပ် ၃ ခုရှိပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.