Connect with us

Economy

Huawei ကုမ္ပဏီသည် လီယိုနယ် မက်ဆီ အား တစ်ကမ္ဘာလုံး ဆိုင်ရာ သံတမန် အဖြစ် ခန့်အပ်

လီယိုနယ် မက်ဆီ (ယာ) နှင့် Huawei Latin America အုပ်စု၏ CEO Tyrone Liu တို့အား Huawei ကုမ္ပဏီ ထုတ် Smart Watch ကိုယ်စီနှင့် တွေ့ရစဉ် (ဓာတ်ပုံ- Huawei Technologies (Yangon) )

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

Huawei ကုမ္ပဏီသည် လီယိုနယ် မက်ဆီ အား တစ်ကမ္ဘာလုံးဆိုင်ရာ သံတမန် (Global Brand Ambassador) အဖြစ် ခန့်အပ်ခဲ့ကြောင်း Huawei Technologies (Yangon) မှ သတင်း ထုတ်ပြန်သည်။ “မက်ဆီက Huawei အတွက် အခွင့်အလမ်းတွေကို အမြဲ ရှာဖွေနေတဲ့သူ တစ်ယောက်လဲ ဖြစ်ပါတယ်” ဟု ပြောကြား ခဲ့ပါသည်။

Huawei က အားကစားသည် လူသားတို့ ဘဝကို အနှစ်သာရ ပြည့်ဝစေသည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ယုံကြည်လျက် ရှိပြီး Huawei က အားကစား (အထူးသဖြင့် ဘောလုံးအားကစား) တွင် အထောက်အကူ ပြုလျက် ရှိပါသည်။ ထို့ကြောင့် လွန်ခဲ့သောနှစ်များကစပြီး América, Santa Fe, Sporting Cristal, Arsenal, Atlético de Madrid နှင့် AC Milan ကဲ့သို့သော ကမ္ဘာတစ်ဝန်းရှိ လူများကို လွှမ်းမိုးလျက် ရှိသော အသင်းများကို ထောက်ပံ့ ပေးခဲ့သလို Huawei အမှတ်တံဆိပ် တန်ဖိုးကို မြင့်တက်စေနိုင်သည့် Robert Lewandowski၊ Alexis Sánchez နှင့် ယခု Lionel Messi ကဲ့သို့သော အားကစားသမားများနှင့်လည်း လက်တွဲခဲ့ကြောင်း သိရသည်။

လီယိုနယ် မက်ဆီက “သင့်အိပ်မက်ကို အကောင်အထည်ပေါ်လာချင်ရင် တိုက်ခိုက်ကြိုးပမ်းမှ ရမှာပေါ့။ ကြီးမြတ်ခြင်းကို ရယူဖို့ မျှော်လင့်ရင်းနဲ့ စွန့်လွှတ်ရတာတွေလဲ ရှိမယ်။ တိုးတက်ဖို့အတွက် လုပ်ဆောင်စရာတွေ မရှိတော့ဘူးလို့ တွေးမိတဲ့တစ်နေ့မှာ တခြားအောင်မြင်မှုတွေကို ရရှိဖို့အတွက် ဆက်လက် လုပ်ဆောင်နေရဦးမှာပါ” ဟု ပြောကြားခဲ့ပါသည်။

Huawei သည် ကမ္ဘာ့နံပါတ် ၃ စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာပြီး၊ Mate, P နှင့် G series မှ ဖုန်းများသည် အမြင့်ဈေးကွက်တွင် လူကြိုက်အများဆုံး ဖုန်းများဖြစ်လာကြကြောင်း၊ Mate 8 သည် ပုံစံသစ် လိုလားသည့် စီးပွားရေး လောကသားများ အတွက် အထူးစီစဉ်ထားသော ဖုန်းဖြစ်ကာ ၂၀၁၅ နိုဝင်ဘာလ ၂၆ ရက်နေ့ စတင် ရောင်းချချိန်မှ ယနေ့အထိ အလုံးရေ သုံးသန်းခန့်ရောင်းခဲ့ရပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.