Connect with us

Economy

အလီဘာဘာ၏ ၂၀၁၆ ဘဏ္ဍာရေးနှစ် စုစုပေါင်း ကုန်သွယ်မှုပမာဏ သည် ယွမ်ငွေ ၃ ထရီလီယံ ကျော်လွန်

အလီဘာဘာ၏ စီအီးအို တစ်ဦးဖြစ်သူ ကျန်းယုံအား ဟန်ကျိုးမြို့၌ မတ်လ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မတ် ၂၂ ရက် (ဆင်ဟွာ)

အွန်လိုင်း ရောင်းဝယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် အလီဘာဘာ အုပ်စုက ၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် စုစုပေါင်း ကုန်သွယ်မှု ပမာဏ (GMV) သည် တရုတ်ယွမ်ငွေ ၃ ထရီလီယံ ကို ကျော်လွန်ခဲ့ကြောင်း မတ်လ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်သည် ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက် အထိ ဖြစ်ကြောင်း သိရသည်။အလီဘာဘာ က ၂၀၁၆ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း အွန်လိုင်း ရောင်းဝယ်ရေး ကုမ္ပဏီကြီး Wal-Mart ကို ကျော်တက်သွားနိုင်ကာ ကမ္ဘာ့အကြီးဆုံး လက်လီ ရောင်းဝယ်ရေး ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

အလီဘာဘာ အွန်လိုင်း ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်တွင် အိမ်သုံး ပစ္စည်းများ၊ အဝတ်အထည်များ၊ အီလက်ထရောနစ် ပစ္စည်းများနှင့် ကလေး အသုံးအဆောင်များကို ဝယ်ယူမှု များပြားကြောင်း ကုမ္ပဏီ၏ ပြောကြားချက် အရ သိရသည်။

Taobao အွန်လိုင်း ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ကို အသုံးပြုသူ ထက်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်ပြီး လူငယ်များသည် ၎င်း၏ အဓိက ဖောက်သည်များ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.