Connect with us

Economy

Starbucks နှင့် အလီဘာဘာ တို့လက်တွဲ၍ တရုတ်နိုင်ငံ၌ ကော်ဖီ ဖြန့်ချိရေးဝန်ဆောင်မှု စီစဉ်နေ

Starbucks ကော်ဖီဆိုင်ကြော်ငြာ တစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)

Starbucks ကော်ဖီကုမ္ပဏီ နှင့် အလီဘာဘာ(Alibaba) ကုမ္ပဏီ တို့သည် ရှန်ဟိုင်းမြို့တွင် မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ်လက်တွဲကြောင်း သြဂုတ် ၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ရာ Starbucks ကော်ဖီကုမ္ပဏီ အဖို့အောင်မြင်မှုအတွေ့အကြုံများ ရရှိနိုင်လိမ့်မည် ဖြစ်သည်။

အလီဘာဘာ၏ ဂေဟစနစ်နှင့်အတူ အဓိကစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသော Ele.me ၊ Hema ၊ Tmall ၊ Taobao နှင့် Alipay တို့ကဲ့သို့Starbucks ပါဝင်လာပြီး ကနဦးဝန်ဆောင်မှု အဖြစ် ပေကျင်း နှင့် ရှန်ဟိုင်းမြို့များရှိ အဓိကကုန်သွယ်ရေးနေရာများတွင် ၂ဝ၁၈ ခုနှစ်အတွင်း ဆိုင်ခန်းပေါင်း ၁၅ဝ စတင် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၃ဝ တွင် Starbucks ဆိုင်ခန်းပေါင်း ၂ဝဝဝ ကျော်အထိ ဖွင့်လှစ်၍ ၎င်း၏ဖြန့်ချိမှု အစီအစဉ်ကို အရှိန်အဟုန်မြှင့် တိုးချဲ့လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် စားသုံးသူများ မှာယူမှုကို ဖြည့်ဆည်းနိုင်ရန် Starbucks အိမ်အရောက် စားဖိုခန်းစနစ်ကို တည်ဆောက်သွားပြီး တရုတ်စားသုံးသူများအတွက် အွန်လိုင်းအတွေ့အကြုံနှင့်အတူ Starbucks စတိုးတစ်ခုဖန်တီးသွားရန် စီးပွားရေးစြင်္က ံများ စုစည်း လုပ်ဆောင်သွားမည်ဖြစ်သည်။

ကျွနု်ပ်တို့၏ စီးပွားဖက် ၄၅,ဝဝဝ ကျော်နှင့်အတူ ဖြန့်ချိခဲ့ရာတွင် အဆင့်မြှင့်တင်ခဲ့သော စားသုံးသူဆိုင်ရာ အတွေ့အကြုံကြောင့် Starbucks အနေဖြင့် ကမ္ဘာ့အခြားနေရာများထက် သာလွန်၍ တရုတ်နိုင်ငံတွင် လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာအောင်လုပ်ဆောင်နိုင်မည်ဟု Starbucks ကော်ဖီကုမ္ပဏီ အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌ Kevin Johnson က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.