Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ၌ နျူကလီးယားအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၂ဝ၁၈ ခုနှစ် မကုန်မီ အပြီးဖွဲ့စည်းမည်

တရုတ်နိုင်ငံရှိ အရေးပေါ်ကယ်ဆယ်ရေး ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် အဖွဲ့ဝင် ၃၂ဝ ဦးပါဝင်မည့် နျူကလီးယား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ၂ဝ၁၈ ခုနှစ် မကုန်ဆုံးမီ ဖွဲ့စည်းနိုင်ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက မေ ၂၄ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို တရုတ်နိုင်ငံ စစ်တပ် နှင့် နျူကလီးယားလုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြည်တွင်း နှင့် နိုင်ငံတကာ အထိပါ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်သွားရန် ရှိကြောင်း တရုတ်နိုင်ငံ သိပ္ပံဆိုင်ရာ စီမံခန့်ခွဲမှု ၊ နည်းပညာ နှင့် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(SASTIND) ၏ နျူကလီးယား အရေးပေါ်အခြေအနေ နှင့် လုံခြုံရေးဌာန အကြီးအကဲ Yao Bin က အမျိုးသားနျူကလီးယားမတော်တဆမှု အရေးပေါ်တုံပြန့်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ အစည်းအဝေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့တွင် အမိန့်ပေးခြင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် နည်းပညာဆိုင်ရာအကူအညီပေးခြင်း ၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ကိုင်ခြင်း ၊ အရေးပေါ်အခြေအနေစောင့်ကြည့်လေ့လာခြင်း နှင့် ဓာတ်ရောင်ခြည်ဖြာထွက်မှု ကြွကြိုတင်ကာကွယ်ခြင်း ၊ ဓာတ်ရောင်ခြည်ညစ်ညမ်းသတ္တိကြွများအား ဖယ်ရှားရှင်းလင်းခြင်း နှင့် ကျန်းမာရေးအကူအညီပေးခြင်း ဟူသော လုပ်ငန်းစဉ် ၆ ခုပါဝင်မည်ဖြစ်ကြောင်း သိရသည်။
SASTIND တပ်ဖွဲ့အကြီးအကဲ Xu Dazhe က စည်းဝေးပွဲ၌ နျူကလီးယားအရေးပေါ် မဟာဗျူဟာကို အဆင့်မြှင့်တင်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် ၂ဝ၁၁ ခုနှစ် မှ ၂ဝ၁၅ ခုနှစ်အတွင်း နျူကလီးယားဆိုင်ရာ နည်းပညာအကူအညီပေးရေစင်တာ ၈ ခု ၊ ကယ်ဆယ်ရေးအစီအစဉ် ၂၅ ခု နှင့် သင်တန်း ၃ ခု ပြုလုပ်ခဲ့ပြီး နျူကလီးယားအရေးပေါ်အခြေအနေများဆိုင်ရာ စက္ကဖြူစာတမ်း နှင့် နျူကလီးယားလုံခြုံရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း နှင့် တရားဝင်မှတ်တမ်း ၅ဝ ကိုထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ထို့ပြင် အခြားလုပ်ငန်းစဉ်များအဖြစ် အမျိုးသားနျူကလီးယားအရေးပေါ် အခြေအနေစောင့်ကြည့်လေ့လာရေးကွန်ယက် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကယ်ဆယ်ရေးအဖွဲ့အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်များလည်း ပြုလုပ်ခဲ့ကြောင်းသိရ သည်။
တရုတ်နိုင်ငံတွင် လာမည့် ၅ နှစ်အတွင်း နျူကလီးယားဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်သွားရန် နှင့် အမျိုးသားနျူကလီးယားအရေးပေါ်အခြေအနေနှင့်ကိုက်ညီမည့် စနစ်တစ်ခုကို ထူထောင်သွားရန် စည်းဝေးပွဲ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.