Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ရှားပါး ငါးမျိုးစိပ်တစ်ခုကို ဂူလေ့လာရေးသမားများက ရှာဖွေတွေ့ရှိ

ရှားပါး ဂူအောင်းငါး အမျိုးအစား ဖြစ်သော Golden-line Barbel ငါးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နန်ကျင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စူးစမ်းရှာဖွေမှုတစ်ခု၌ ရှားပါး ငါးမျိုးစိပ်တစ်ခုကို ဂူလေ့လာရေးအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံမှ ပညာရှင်များ အပါအဝင် လေ့လာရေးသမား ၁၅ ဦး ပါဝင်သော လေ့လာရေးအဖွဲ့က ကွမ်ရှီးပြည်နယ် ဟဲချီမြို့ရှိ ဂူများ၌ ၉ ရက်ကြာ လေ့လာခဲ့ကြကြောင်း အဖွဲ့ခေါင်းဆောင် Chen Lixin က ပြောခဲ့သည်။

၎င်းတို့သည် Bagong မြို့နယ် Zhai’ao ကျေးရွာတွင် စုစုပေါင်း ၂၀ ကီလိုမီတာရှိသော ဂူ ၈ ခုအား ရှာဖွေလေ့လာခဲ့ရာတွင် ရှားပါး ဂူအောင်းငါး အမျိုးအစား ဖြစ်သော Golden-line Barbel ငါးများအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငါးများသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုကင်းသော ရေပြင်အတွင်း လွတ်လပ်စွာ ကူးခတ်သွားလာနေပြီး အရေအတွက် အနည်းငယ်သာရှိကြောင်း Chen က ဆိုသည်။ ထို့ပြင် ၎င်းတို့သည် ရှားပါး ပုစွန် အမျိုးအစား တစ်ခုကိုလည်း တွေ့ရှိခဲ့ကြကြောင်း၊ ယင်း နေရာတဝိုက်၌ သဘာဝပတ်ဝန်းကျင်အခြေအနေမှာ ကောင်းမွန်ကြောင်း သိရသည်။

ထိုဂူများအတွင်း ကျောက်စက်ပန်းဆွဲ အမျိုးပေါင်းများစွာကိုလည်း တွေ့ရှိခဲ့ပြီး ကျောက်စက်ပန်းဆွဲ တစ်မျိုးမှာ အမြင့် ၁၈ မီတာရှိကြောင်း Chen က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.