Connect with us

Environment, Disasters & Accidents

ဖြူးမြို့၏ အနောက်တောင်ဘက် (၁၉)မိုင်ခန့်အကွာ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၏ အနောက်တောင်ဘက် (၁၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၈ ဒီဂရီ၊ အနက်(၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၁၃)မိနစ်၊ (၂၇)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၁၀၂)မိုင်ခန့် ကွာဝေးသော ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၏ အနောက်တောင်ဘက် (၁၉)မိုင်ခန့်အကွာတွင်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.