Connect with us

Environment, Disasters & Accidents

ဒုတိယကမ္ဘာစစ်က ဗုံးကို ဟောင်ကောင် မြို့လယ်မှ သိမ်းဆည်းရမိ

ဟောင်ကောင်မြို့လယ်ရှိ ရထားလမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်၌ တွေ့ရသော ဒုတိယကမ္ဘာစစ်အတွင်းက ဗုံး တစ်လုံးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟောင်ကောင်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဟောင်ကောင်မြို့လယ်၌ ရှာဖွေတွေ့ရှိသော မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးတစ်လုံးကို ဇန်နဝါရီလ ၂၈ ရက် နေ့လယ်ပိုင်းတွင် ဟောင်ကောင်ရဲတပ်ဖွဲ့က အချိန် တစ်နာရီကျော်ကြာ ကြိုးပမ်းခဲ့ပြီးနောက် အောင်မြင်စွာ စနက်တံဖြုတ် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးရှင်းလင်းရေး အစီအစဉ်ကြောင့် လူအများ အသက်ဆုံးရှုံးခြင်း သို့မဟုတ် အိုးအိမ်ပျက်စီးခြင်းများ မရှိဟု ဆိုသည်။

ပေါင် ၁,၀၀၀ အလေးချိန်ရှိသော ဗုံးအား ဇန်နဝါရီလ ၂၇ ရက်က Sha Tin ဒေသမှ ဗဟို ရထားလမ်းသို့ ချိတ်ဆက်မည့် ရထားလမ်း လုပ်ငန်းခွင် တစ်ခု၌ အလုပ်သမားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဒေသမှ ပြည်သူ ၁၅၀၀ ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပြီးနောက် ဟောင်ကောင် ဗုံးရှင်းလင်းရေး ရဲတပ်ဖွဲ့က ဗုံးဖယ်ရှားရေး စတင်လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီလ ၂၈ ရက် နေ့လယ်ပိုင်းတွင် အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးသည် ပျမ်းမျှအလေးချိန်အားဖြင့် ပေါင် ၁၀၀၀ ရှိပြီး ပေါက်ကွဲခဲ့ပါက မီတာ ၁၀၀၀ မှ ၂၀၀၀ အထိ သက်ရောက်မှုရှိနိုင်သည်ဟု ဗုံးရှင်းလင်းရေး အကြီးတန်းအရာရှိ Tony Chow က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုဗုံးမှာ အမေရိကန် AN-M65 အမျိုးအစား ဗုံး ဖြစ်သည်ဟု ယူဆရပြီး ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အကြား ကျခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ဟောင်ကောင်မြို့လယ်၌ ဒုတိယအကြိမ်မြောက် တွေ့ရသည့် ဒုတိယကမ္ဘာစစ်က ဗုံးတစ်လုံးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.