Connect with us

Environment, Disasters & Accidents

အထူးတံတားကြီးများ တည်ဆောက်ခြင်းက ပြုပြင်ပြောင်းလဲရေး ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များကို တရုတ်နိုင်ငံ လူထုက မျှဝေခံစားနိုင်လာ

ကွေ့ယန်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်အမျိုးသားနေ့မတိုင်မီ တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ ဝူရွှဲ့ယန်ဇီမြစ်ကူးတံတားကြီးနှင့် ခြစ်ပိ ယန်ဇီမြစ်ကူးတံတားကြီး တစ်ရက်တည်းတွင် ဖွင့်လှစ် သွားလာနိုင်ခဲ့သည်။
ကိန်းဂဏန်းများအရ လက်ရှိ ယန်ဇီမြစ်ကြောင်းပေါ်တွင် တည်ဆောက်ပြီး သို့မဟုတ် တည်ဆောက်ဆဲရှိသည့် တံတားပေါင်း ၂၀၀ ကျော်ရှိရာ ရောင်စုံသက်တံ တံတားရှည်ကြီးများက တရုတ်လူမျိုးတို့၏မိခင်မြစ် ကမ်းနှစ်ဖက်ကို အသီးသီး ချိတ်ဆက်ပေးလျက်သည်။

တံတားတည်ဆောက်မှုနယ်ပယ်တွင် “ကမ္ဘာတစ်ဝန်း တံတားတည်ဆောက်မှုကို လေ့လာမည်လျှင် ၁၉၇၀ ခုနှစ် မတိုင်မီ ဥရောပနှင့်အမေရိကန်၊ ၁၉၉၀ ခုနှစ်များတွင် ဂျပန်၊ ၂၁ ရာစုတွင် တရုတ်ကို ရှေးရှုရမည်”ဟူသော အဆိုရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ “တရုတ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု” စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ စက္ကဖြူစာတမ်း၌ တရုတ်နိုင်ငံသည် လမ်းတံတား၊ဥမင်လိုဏ်ခေါင်း ဖောက်လုပ်တည်ဆောက်အသုံးပြုမှုပမာဏသည် ကမ္ဘာ့ပထမနေရာတွင် ရှိကြောင်း ဖော်ပြထားသည်။ ၎င်းတို့အနက် တံတားပင်မခန်းဖွင့် ကမ္ဘာ့ရှေ့တန်းနေရာ (၁၀)ခုတွင် ရှိသည့် ကေဘယ်လ်တံတား(cable-stayed bridge)၊ ကြိုးတံတား(suspension bridge)၊ ပင်လယ်ဖြတ်ကျော်တံတားများသည် တရုတ်နိုင်ငံတွင် (၇)စင်း၊ (၆)စင်း၊ (၆)စင်း အသီးသီးရှိကြရာ ကမ္ဘာ့အမြင့်ဆုံး တံတားကြီး (၁၀)စင်းတွင် (၈) စင်းက တရုတ်နိုင်ငံ၌ ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ၌ အထူးတံတားကြီးများတည်ဆောက်ခြင်းသည် စံချိန်ချိုးရန်၊ ဒေသ၏ပြယုဂ်တစ်ခုဖော်ဆောင်ရန် မဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေးဝန်ဆောင်မှု၊ ပြည်သူလူထုအတွက် လက်တွေ့အကျိုးဆောင်ကြဉ်းဖို့သာ ဖြစ်သည်။ တရုတ်နိုင်ငံသည် လမ်းပန်းဆက်သွယ်ရေးဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းသည် ဘက်စုံ အတော်အသင့်ကြွယ်ဝသော လူအဖွဲ့အစည်းတည်ဆောက်ရေး၊ လယ်ယာလုပ်ငန်းနှင့်ကျေးလက်တောရွာခေတ်မီမှုကို တွန်းအားပေးရေး၊ ပြုပြင်ပြောင်းလဲရေး ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များ ပြည်သူအတူ မျှဝေခံစားနိုင်ရေးအတွက် အဓိကအထောက်အပံ့ဖြစ်ကြောင်း စက္ကူဖြူစာတမ်းတွင် တိကျရှင်းလင်းစွာ ညွှန်ပြခဲ့သည်။

တရုတ်နိုင်ငံရှိ အချို့ခေတ်နောက်ကျနေသည့်တောင်ပေါ်ဒေသများသည် အထူးတံတားကြီးများ တစ်စင်းပြီးတစ်စင်း တည်ဆောက်နိုင်ခြင်းနှင့်အတူ လမ်းပေါက်ခရီးရောက်နိုင်ခဲ့ပြီး လူထမ်းမြင်းဆွဲသွားလာရခြင်း၊ မြစ်ချောင်းများအား ကောင်းကင်ကြိုးတန်းဖြတ်သန်းရခြင်း စသည့် အခြေအနေနှင့်မြင်ကွင်းများကို မော်ကွန်းတိုက်သို့ ပို့ဆောင်နိုင်ခဲ့သလို တစ်ဦးချင်းစီ၏ကံကြမ္မာကိုလည်း ပြောင်းလဲပေးနိုင်ခဲ့သည်။

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ ပေဖန်မြစ်ကူးတံတားအောက်ရှိ မြစ်ချိုင့်ဝှမ်းနေရာအား စက်တင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လျို့ဖန်ဆွေမြို့ ဆွေချန်ဒေသ လုံးကျင်ကျေးရွာကို ကားမောင်းသွားမည်ဆိုပါက ရေခမ်းခြောက်သည့်ကာလတွင် မြစ်ချိုင့်ဝှမ်းဒေသကျောက်ဆိုင်ကျောက်ခဲများကို တွေ့မြင်ရမည်ဖြစ်သလို ဝေယံထက်ကို မော့ကြည့်မည်ဆိုပါက ဟန်ကျိုး-ရွှေလီ မြန်နှုန်းမြင့်အဝေးပြေးလမ်း၏ ပေဖန်မြစ်ကူးတံတားကြီး အုပ်မိုးထားသည်ကို တွေ့ရမည်ဖြစ်သည်။

ထိုနေရာသည် တရုတ်နိုင်ငံ အနောက်ပိုင်း ယူနန်-ကွေ့ကျိုး ကုန်းပြင်မြင့်၏ ဝူမုန်တောင်တန်းဒေသတွင် တည်ရှိပြီး Karst မြေမျက်နှာသွင်ပြင်အဖြစ် နာမည်ကျော်ကြားရာ မတ်စောက်သည့်လျှိုမြောင်၊ လိုဏ်ဂူထူထပ်ရာ နေရာဖြစ်သည်။ ချောက်ကမ်းပါးဖြင့် အဆက်ပြတ်နေသည့် ယူနန်နှင့်ကွေ့ကျိုး နေရာနှစ်ခုကို ပေဖန် မြစ်ကူးတံတားကြီးက ချိတ်ဆက်ပေးခဲ့သည်။ လျှိုမြောင်အောက်ခြေမှ တိမ်လွှာများအကြား တံတားမျက်နှာပြင်၏ အမြင့်သည် ၅၆၅.၄ မီတာ၊ အထပ် ၂၀၀ မြင့်မားသည့် အဆောက်အဦခန့်ရှိသည်။ ထို့ကြောင့်ပင် ပေဖန်မြစ်ကူးတံတားကို ဂင်းနစ်မှတ်တမ်းက “ကမ္ဘာ့အမြင့်ဆုံးတံတား”အဖြစ် အသိမှတ်ပြုခဲ့ခြင်း ဖြစ်သည်။

“အရင်တုန်းက ဝင်ထွက်သွားလာဖို့ အရမ်းခက်ခဲတယ်၊ မြို့နယ်လေးကို သွားမယ်ဆိုရင် တောင်ခြေကနေ တောင်ထိပ်၊ တောင်ထိပ်ကနေ တစ်ခါ တောင်ခြေပြန်ဆင်းရတာ ၄ နာရီလောက် အချိန်ကြာတယ်”ဟု မျက်နာအသားညိုညို ပိန်ပိန်နှင့် ဒေသခံလယ်သမားတစ်ဦး ဖြစ်သည့် မာရွှန်ကျွင်းက ဆိုသည်။ တံတားကြီးတည်ဆောက်မှုကြောင့် ကျေးလက်လမ်းဖောက်လုပ်တည်ဆောက်မှုတွေ ဖြစ်လာပြီး ယခုအခါ သယ်ယူပို့ဆောင်မှုများက သိပ်ခက်ခက်ခဲခက်မရှိတော့ကြောင်း ဆိုသည်။

မာရွှန်ကျွင်းအိမ်ရှေ့မှ ပေဖန် မြစ်ကူးတံတားကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

ယင်းတံတားကြီးသည် ယခုနှစ်ပိုင်းများ၌ အွန်လိုင်းတွင် နာမည်ကြီးလာသည်နှင့်အမျှ ခရီးသွားလာရောက်ကြည့်ရှုမှုများ ပို၍ များပြားသည်။ အိမ်ရှေ့တွင်ပင် တံတား၏ ခန့်ညားမှုကို ရှုစားနိုင်ခြင်းကြောင့် မာရွှန်ကျွင်းက ၂၀၁၉ ခုနှစ်တွင် အသစ်ဆောက်သည့်အုတ်အိမ်ကလေး၌ ကျေးလက်အပန်းဖြေစခန်းလေးလုပ်ခဲ့ရာမှ မိသားစု အဆင်ပြေဝင်ငွေတိုးလာခဲ့ကြောင်း သိရသည်။

“ပြည်တွင်းပြည်ပ နေရာအသီးသီးကလူတွေလာတယ်” မှန်ဘီဒိုတွင် ချိတ်ဆွဲထားသော ဓါတ်ပုံများကို ညွှန်ပြရင်း ပြောသည်။ ယခုနှစ် အသက် ၄၀ အရွယ် ရှိပြီဖြစ်တဲ့ မာရွှန်ကျွင်းက “လူတွေ အဲဒီလောက်အများကြီးလာတာ၊ ဒီတံတားကြီးရှိလို့လေ။ ကျွန်တော်ကတော့ ခရီးသွားတွေ ပျော်ရွှင်အောင် တတ်နိုင်သမျှ စီစဉ်ပေးတယ်၊ ကျွန်တော်ဇာတိလေးကိုလည်း အများသိအောင် ပေါ့ဗျာ”ဟု ဆိုသည်။

မိုးမျှော်အထူးတံတားကြီးက တရုတ်လူမျိုးများ၏ ပျော်ရွှင်ချမ်းမြေ့ဖွယ် မျှော်လင့်ချက်ကို သယ်ဆော်ငထားသလို တရုတ်နိုင်ငံ၏ စီးပွားရေးပန်းချီပုံဖော်မှုကို ပို၍ နက်နဲစေခဲ့သည်။

ပေကျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့်ရထားလမ်းရှိ သန်းခွန်းအထူးတံတားကြီး၏အတွင်းပိုင်းအား အလုပ်သမားဝန်ထမ်းများက စစ်ဆေးထိန်းသိမ်းပြုပြင်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၁ ခုနှစ် ဇွန်လတွင် စုစုပေါင်းအရှည် ၁၆၄.၈၅ ကီလိုမီတာရှိသည့် သန်းခွန်းအထူးတံတားကြီးအား တရားဝင် ဖွင့်လှစ်အသုံးပြုခဲ့သည်။ ပေကျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့်ရထားလမ်းတွင်ရှိသည့် ယင်းအထူးတံတားကြီးသည် ကမ္ဘာ့အရှည်ဆုံး တံတားဖြစ်သည်။
၁၀ နှစ်ကြာကာလ တံတားကြီးပေါ်တွင် ကျည်ဆန်ရထားများ တစ်စင်းပြီးတစ်စင်း ဖြတ်သန်းသွားလာခဲ့ရာမှ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ စီးပွားရေးမြိုင်ဆိုင်မှုကို တွန်းအားဖြစ်စေခဲ့သည်။

လမ်းတံတားပြုပြင်ရေးဝန်ထမ်း ကုန်မင်ဟွာသည် ၂၀၁၃ ခုနှစ်တွင် သန်းခွန်းအထူးတံတားကြီး၏ သီးသန့် ပြုပြင်ထိန်းသိမ်းသူတာဝန်ထမ်းဆောင်ခဲ့ရာ အလုပ်သဘောအရ အမြန်ရထားစီး၍ ဘူတာတိုင်းကို သွားလာနေရသူဖြစ်သည်။
“ပေကျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့်ရထားလမ်း စဖွင့်တုန်းက ပြေးဆွဲတဲ့ရထားမများဘူး၊ ခရီးသည်လည်း မများဘူး။ တခါတလေဆိုရင် ရထားတွဲတစ်တွဲမှာ လူ လေးငါးခြောက်ယောက်လောက်ပဲရှိတတ်တယ်”ဟု အသက် ၅၀ အရွယ် ကုန်မင်ဟွာက ဆိုသည်။ ယနေ့အခါ ခရီးသွားပမာဏက ပို၍ များပြားလာပြီး အလုပ်လုပ်ကိုင်သွားလာသူ ပို၍များလာကြောင်း၊ မြန်ဆန်လွယ်ကူအဆင်ပြေစေသည့် လမ်းပန်းဆက်သွယ်ရေးကြောင့် လူတိုင်းက မိမိနှစ်သက်ရာ အလုပ်အကိုင်နေရာနှင့်ပုံစံကို လွတ်လပ်စွာ ရွေးချယ်လာနိုင်ကြောင်း ဆိုသည်။

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးအား ဇူလိုင် ၁ ရက် နေ့ထွက်စဉ်က ရိုက်ကူးထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာအရှည်ဆုံး ပင်လယ်ဖြတ်ကျော်တံတားကြီးဖြစ်သည့် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ယင်းတံတားကြီးကို ဆောက်လုပ်ရေးဝန်ထမ်း သောင်းနှင့်ချီ၍ အခက်အခဲများကြားက (၆)နှစ်ကြာ ကြိုတင်ပြင်ဆင်မှု၊ (၉)နှစ်ကြာ တည်ဆောက်မှုများနှင့် ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ပြည်ထွက်ကုန်တင်ယာဉ်တွေဆိုရင် ၃ မိနစ်အတွင်း စစ်ဆေးပြီးတယ်။ မိနစ် ၃၀ လောက်ဆို ဟောင်ကောင် လေဆိပ်ကို ရောက်နိုင်တယ်၊ ၁ နာရီအတွင်း ဟောင်ကောင်Kwai Chungဆိပ်ကမ်းကို ရောက်တယ်၊ ၁၅ မိနစ်အတွင် မကာအို လေဆိပ်ကို ရောက်နိုင်တယ်။ ”ဟု ဟောင်ကောင်-ကျူးဟိုင်-မကာအို နယ်စပ်ဖြတ်ကျော် E-commerce Operation Center ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ကျန့်ထိုက်လုံက ဆိုသည်။

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးအား ဇူလိုင် ၁ ရက် နေ့ထွက်စဉ်က ရိုက်ကူးထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ကိန်းဂဏန်းများအရ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား စစ်ဆေးရေးဂိတ်တွင် ပြည်ဝင်ထွက်သည့် မော်တော်ယာဉ်စုစုပေါင်း အကြိမ်ရေ ၁၁ သိန်း ရှိရာ ၎င်းမှာ ၂၀၁၉ ခုနှစ် ကာလတူထက် ၁.၆ ဆ၊ ၂၀၂၀ပြည့်နှစ် ကာလတူ၏ ၃.၆ ဆ ဖြစ်ကြောင်း သိရသည်။

တောတောင်လျှိုမြောင်အထပ်ထပ်၊ မြစ်ကြောင်းအင်းအိုင်အသွယ်သွယ်ကို ကျော်ဖြတ် သွယ်တန်းထားသည့် တံတားပေါင်းများစွာက တရုတ်လူမျိုးများ၏ ကြိုးစားအားထုတ်မှုစိတ်ဓါတ်ကို တစ်စုတစ်စည်းတည်းပေါ်လွင်စေခဲ့သည်။ လက်ရှိ တရုတ်နိုင်ငံသည် လမ်းပန်းဆက်သွယ်ရေးနိုင်ငံကြီးမှ လမ်းပန်းဆက်သွယ်ရေး အင်အားကြီးနိုင်ငံအဖြစ် လျှောက်လှမ်းလျက်ရှိရာ အဓိကလမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း ပင်မအသက်သွေးကြော ဖြစ်စေ၊ ကျေးလက်တောရွာမှ လမ်းပန်းဆက်သွယ်ရေး သွေးကြောမျှင်များပင် ဖြစ်လင့်ကစား ပြည်သူလူထု၏အကျိုးစီးပွားကို ပို၍ ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။ (Xinhua)

—————————————————
(Chinese Version)

超级大桥建设让中国民众共享改革发展成果
2021-10-13 09:28:00
Image Carouse
新华社贵阳10月13日电题:超级大桥建设让中国民众共享改革发展成果
新华社记者向定杰、李雨泽、王浩明
中国国庆前夕,长江上再传喜讯——位于中国湖北境内的武穴长江公路大桥、赤壁长江公路大桥同日通车。
数据显示,目前长江上已建及在建桥梁超过200座,一道道“长虹”连通中华民族的母亲河两岸。
9月25日,汽车从武穴长江公路大桥上驶过(无人机照片)。新华社记者程敏 摄
在桥梁界流行着这样一句话:世界桥梁建设,20世纪70年代以前看欧美,20世纪90年代看日本,21世纪看中国。
去年底,中国国务院新闻办公室发布《中国交通的可持续发展》白皮书。白皮书介绍,中国在建和在役公路桥梁、隧道总规模世界第一。其中,世界主跨径前十位的斜拉桥、悬索桥、跨海大桥,中国分别有7座、6座、6座,世界最高的10座大桥中也有8座在中国。
在中国,超级大桥建设不是为了破纪录、造地标,永远是为交通服务、为百姓谋福。这部白皮书明确指出,中国将交通扶贫作为服务全面建成小康社会、推进农业农村现代化、人民共享改革发展成果的重要支撑。
在中国的一些落后山区,一座座超级大桥让天堑变通途,不仅把人背马驮、溜索过江等场景“送进”了档案馆,也改变了其中每一个人的命运。
9月7日拍摄的北盘江大桥下的河谷地带。新华社记者向定杰 摄
驱车来到贵州省六盘水市水城区都格镇龙井村,进入枯水期的河谷地带岩石裸露。抬头仰望,杭瑞高速北盘江大桥凌空飞架。
这里,位于西部云贵高原的乌蒙山区,是著名的喀斯特地貌发育带,沟壑险峻、溶洞丛生。
北盘江大桥连接起了被峡谷隔绝的滇黔两地。从谷底到高耸入云的桥面,垂直高度足足有565.4米,相当于200层楼高。正因如此,北盘江大桥被吉尼斯官方认证为“世界最高桥”。
“以前出行非常困难。去镇上,从山脚爬到山顶,山顶再下去,要花4个小时。”身形瘦高、脸庞黝黑的当地农民马选军说,大桥的建设带动了农村公路的建设,现在交通运输再也不用那么费劲了。
从马选军家门前看到的北盘江大桥。新华社记者向定杰 摄
近年来,随着大桥成为“网红”,越来越多的游客前来观光。由于家门前就能欣赏大桥的雄姿,马选军2019年利用新修的砖房开起了农家乐,一家人凭此走上了小康之路。
“国内、国外,各个地方的人都有。”指着摆在橱窗里的照片,今年40岁的马选军认为,“这么多人来,都是因为大桥的存在。我会尽我所能,让游客玩得开心,也把家乡推广出去。”
拔地而起的超级大桥承载着中国人民对幸福生活的期待,更深刻重塑着中国的经济版图。
高铁桥隧工在京沪高铁线路上的丹昆大桥箱梁内对梁体进行检测维护(资料照片)。新华社发(张诗影 摄)
2011年6月,全长164.85公里的丹昆特大桥正式开通运营。作为京沪高速铁路上的特大桥,它也成为世界第一长桥。
十年来,一趟趟动车组在大桥上穿梭运行,促进着整个长三角的经济共振。
2013年,检修人员龚明华成为丹昆特大桥的一名“专职医生”。由于工作原因,他常乘坐高铁在各站点间往来。
“京沪高铁刚开通时,车次不多,旅客也不多,有的时候,一节车厢里就几个人。”50岁的龚明华表示,如今客流量越来越大,通勤人员越来越多,便捷的交通让人们能愈发自由地选择自己的工作地点和模式。

7月1日日出时分拍摄的港珠澳大桥。新华社发(李建束 摄)
2018年10月,世界上最长的跨海大桥港珠澳大桥,历经6年筹备、9年施工,数万名建设者披荆斩棘,终于建成通车。
“出境物流货车3分钟内即可完成边检查验,30分钟抵达香港机场,1小时内可达香港葵涌码头,15分钟内可达澳门机场。”港珠澳跨境电商作业中心商务部总监郑太龙介绍。
数据显示,今年1至8月,港珠澳大桥边检站共查验出入境车辆超过110万辆次,是2019年同期验放量的1.6倍,是2020年同期验放量的3.6倍。
从跨越深山峡谷到穿过江河湖海,万桥飞架是中华民族奋斗精神的集中体现。当前,中国正从交通大国向交通强国迈进,无论是骨干“大动脉”还是乡村“毛细血管”,都将给人民群众带来更多福祉。