Connect with us

China

ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေး ရှာဖွေရန်ခက်ခဲနေ၊ အမေရိကန်အတွက် ဥရောပက ဘယ်အချိန်ထိပေးဆပ်နိုင်မလဲ

ပေကျင်း၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

ယူကရိန်းအရေးအခင်းသည် နှစ်နှစ်ကြာ ဆက်လက်ပြင်းထန်လာခဲ့ပြီး နှစ်ဖက်လုံးသည် စစ်မြေပြင်တွင် မတိုးသာမဆုတ်သာ အခြေအနေဖြစ်ကာ ငြိမ်းချမ်းရေးမှာ ရှာဖွေရန် ခဲယဉ်းနေသည်။ ယင်းပဋိပက္ခနောက်ကွယ်က သွေးထိုးလှုံ့ဆော်သူ အမေရိကန်နိုင်ငံအနေဖြင့် တစ်ဖက်တွင် ရုရှားကို အသုံးချဝိုင်းကြဉ်ထားပြီး တစ်ဖက်တွင် ဥရောပကို လုံခြုံရေးအမည်တပ်ပြီး ချည်နှောင်ထားသည်။ ဥရောပသည် အမေရိကန်နိုင်ငံစိတ်ကြိုက်လိုက်လျောပေးရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ ဤပဋိပက္ခ၏ ပြန့်ကျဲနေသော အဓိက သက်ရောက်မှုများကို ခံစားနေရသည်။

ယင်းပဋိပက္ခနောက်ကွယ်မှ “အမေရိကန်နိုင်ငံက မီးမွေး၊ ဥရောပက အနောက်ကလိုက်ရှင်း”သည် အမေရိကန်နိုင်ငံက ကိုယ့်အကျိုးစီးပွားအတွက် ဥရောပအကျိုးစီးပွါးကို စတေးခဲ့သည့် စစ်မှန်သရုပ်ဖော်ပုံဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ဦးဆောင်မှုအောက်တွင် NATO သည် ၎င်း၏ယုံကြည်ချက်ကို ထပ်ခါတလဲလဲ ချိုးဖောက်ခဲ့ပြီး အရှေ့ဘက်ကို ဆက်လက်ချဲ့ထွင်ကာ ဥရောပတိုက်ကို စစ်ပွဲများပြန်လည်ဖြစ်ပွားစေခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် အမေရိကန်နိုင်ငံသည် ယူကရိန်းအား အကူအညီများ တိုးမြင့်လာစေရန် ဥရောပကို ဖိအားပေးခဲ့ပြီး ရုရှားအပေါ် အရေးယူမှုများ ပြုလုပ်ခဲ့ရာ ဥရောပကို ဒုက္ခရောက်စေခဲ့သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော “၂၀၂၄မြူးနစ်လုံခြုံရေးအစီရင်ခံစာ” အရ ယူကရိန်းအကျပ်အတည်း တိုးမြင့်လာခြင်းသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုံခြုံရေးဆိုင်ရာ မျှော်မှန်းချက်ကို ပျက်ပြားစေပြီး ဥရောပ တစ်ခုလုံးအနေဖြင့် ငြိမ်းချမ်းရေးအကျိုးအမြတ်များကို ဆက်လက်မခံစားနိုင်တော့ဘဲ ၎င်းတို့၏ကိုယ်ပိုင်ကာကွယ်ရေးနှင့် ယူကရိန်းကိုထောက်ပံ့ရေးအပေါ်တွင် ငွေကြေးပိုမိုသုံးစွဲလာရသည်။ လက်ရှိတွင် အမေရိကန်ပါတီများအကြား နိုင်ငံရေး ငြင်းခုံမှုများကြောင့် ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီများ ရပ်ဆိုင်းထားရပြီး ဥရောပသည် ပိုမို၍ ဒုက္ခရောက်နေပါသည်။ ဂျာမနီနိုင်ငံရှိ Kiel Institute for the World Economy မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဥရောပသမဂ္ဂEUမှ ယူကရိန်းအား ကတိပြုထားသော စစ်ရေးအကူအညီ စုစုပေါင်းသည် အမေရိကန်နိုင်ငံထက် ပိုများနေသည်။ အစီရင်ခံစာအရ ယူကရိန်းအတွက် အမေရိကန်နိုင်ငံအနေဖြင့် အနာဂတ်တွင် အကူအညီများ ဆက်လက်ပံ့ပိုးပေးနိုင်ခြင်းနှင့်ပတ်သက်၍ ကြီးစွာသောမရေရာမှုရှိနေကြောင်းဥရောပသမဂ္ဂအနေဖြင့် စစ်ရေးအကူအညီကို အနည်းဆုံးနှစ်ဆတိုးပြီးပေးနိုင်မှသာလျှင် အမေရိကန်နိုင်ငံကလုပ်ဆောင်ရန်ကျန်ရှိနေသော ကွာဟချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ဥရောပကို ပို၍ စိတ်ဓာတ်ကျစေခြင်းက အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Blinken က ယူကရိန်းအတွက် အမေရိကန်နိုင်ငံမှပေးသော စစ်ရေးဆိုင်ရာအကူအညီရန်ပုံငွေ၏၉၀ရာခိုင်နှုန်း ကို အမေရိကန်နိုင်ငံတွင်း ထောက်ပံ့ရေး လက်နက်နှင့်ကိရိယာများ ထုတ်လုပ်ရန်အသုံးပြုကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။ “မြေသြဇာကောင်းသောရေသည် အခြားသူများ၏ လယ်ကွင်းများသို့ မစီးဆင်းဘူး” ဟု ဆိုနိုင်သည်။

ဥရောပ၏ သွေးဆုံးရှုံးမှု နှင့် အမေရိကန်နိုင်ငံ၏ အမြတ်ထုတ်မှုသည် ဤပဋိပက္ခနောက်ကွယ်တွင် အမေရိကန်နိုင်ငံနှင့် ဥရောပ၏ အကျိုးစီးပွားများ ရရှိခြင်း(သို့)ဆုံးရှုံးခြင်းတို့၏ စစ်မှန်သော အခြေအနေဖြစ်သည်။ အမေရိကန်နိုင်ငံသည် စစ်ပွဲများမှ အကျိုးအမြတ်ရယူရာတွင် ကျွမ်းကျင်သော သမိုင်းကြောင်းရှိသည်။ လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဥရောပအပေါ် ယူကရိန်းအကျပ်အတည်း၏ သက်ရောက်မှုသည် စစ်မြေပြင်မှ စီးပွားရေးနယ်ပယ်သို့ လျင်မြန်စွာ ကူးပြောင်းခဲ့ပြီး စစ်ရေးအသုံးစရိတ်များ မြင့်တက်လာခြင်း၊ စွမ်းအင်စျေးနှုန်းများ မြင့်တက်လာခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး ပြန်လည်ဦးမော့လာမှု အရှိန်အဟုန်အပေါ် ထပ်လောင်းဖိအားပေးခံနေရပြီး အမေရိကန်နိုင်ငံသည် အကျိုးစီးပွါးအမြတ်ထုတ်ရန် နှင့် ဥရောပကို အသုံးချရန် အလုပ်များနေသည်။ လုံခြုံရေး ထိတ်လန့်မှုကြောင့် ဥရောပနိုင်ငံများသည် ၎င်းတို့၏ ကာကွယ်ရေးအဆင့်ကို မြှင့်တင်ရန် ဦးတည်ခဲ့ပြီး လက်နက်မှာယူမှုများမှာ နှင်းပွင့်များကဲ့သို့ အမေရိကန်နိုင်ငံလက်နက် ရောင်းဝယ်သူများထံ ကျဆင်းခဲ့သည်။ အမေရိကန်နိုင်ငံ “Wall Street Journal” ဝဘ်ဆိုဒ်တွင် ဗဟိုဘဏ်၏ အချက်အလက်အရ ရုရှားနှင့် ယူကရိန်းတို့ကြား ပဋိပက္ခဖြစ်ပွားပြီးကတည်းက အမေရိကန်နိုင်ငံကာကွယ်ရေးနှင့် လေကြောင်းကဏ္ဍများတွင် စက်မှုကုန်ထုတ်မှု ၁၇.၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဖော်ပြခဲ့သည်။ Wolf Research Company မှ စစ်ဘက်ဆိုင်ရာ ဆန်းစစ်လေ့လာသူ Myles Walton က အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ထိ ဒေါ်လာ ၈၀ ဘီလီယံကျော် တန်ဖိုးရှိ လက်နက်ရောင်းဝယ်ရေးရှိပြီး ယင်းအနက်မှ ဒေါ်လာ ၅၀ ဘီလီယံခန့်သည် ဥရောပမဟာမိတ်များထံ ရောက်သွားသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနကဖော်ပြခဲ့ကြောင်း ပြောခဲ့သည်။ ဥရောပသည် အမေရိကန်နိုင်ငံနောက်လိုက်၍ ရုရှားကို အရေးယူမှုများလုပ်နေသောကြောင့် ဥရောပတွင် စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် ပြည်သူများ၏ စားဝတ်နေရေးအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံသည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ စွမ်းအင်ကို စျေးကြီးကြီးဖြင့် ဥရောပသို့ ရောင်းချခဲ့သည်။ ပြင်သစ်သမ္မတ Emmanuel Macron သည် အမေရိကန်နိုင်ငံမှ ဥရောပသို့ ရောင်းချသော သဘာဝဓာတ်ငွေ့ စျေးနှုန်းသည် အမေရိကန်ပြည်တွင်းဈေးကွက်ထက် သုံးဆမှ လေးဆ မြင့်မားနေပြီး အမေရိကန်နိုင်ငံသည် ပထဝီနိုင်ငံရေး တိုက်ပွဲများမှ အမြတ်အစွန်းများစွာ ရရှိနေသည်ဟု လူသိရှင်ကြား ပြစ်တင်ပြောဆိုခဲ့သည်။ ဥရောပစွမ်းအင်အကျပ်အတည်းတွင် ကြီးကြီးမားမားအနိုင်ရသူမှာ အမေရိကန်နိုင်ငံ စီးပွားရေး ဖြစ်ကြောင်း အမေရိကန်နိုင်ငံ “Wall Street Journal” မှ ဆောင်းပါးတစ်ပုဒ်တွင် ထောက်ပြခဲ့သည်။

ဤပဋိပက္ခသည် အမေရိကန်နိုင်ငံနှင့် ဥရောပကြားရှိပြီးသား မညီမျှသော အတ္တလန္တိတ်ကျော် မိတ်ဖက်ဆက်ဆံရေးအပေါ် လေးနက်သော သက်ရောက်မှုများရှိလာသည်။ မဟာဗျူဟာမြောက် သီးခြားရပ်တည်မှုသည် ဥရောပပေါင်းစည်းရေးစီမံကိန်း၏ ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း ယူကရိန်းအကျပ်အတည်း ပြင်းထန်လာပြီးနောက် ဥရောပ၏ မဟာဗျူဟာမြောက် သီးခြားရပ်တည်မှု မကြုံစဖူး စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသည်။ ယူကရိန်းအကျပ်အတည်း တိုးမြင့်လာမှုကို အခွင့်ကောင်းယူပြီး အမေရိကန်နိုင်ငံသည် ၎င်း၏ ဥရောပနိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး အပေါ်ထိန်းချုပ်မှုကို အားကောင်းစေပြီး ဥရောပအား ၎င်း၏စစ်ရထားပေါ်တင်ကာ ဥရောပ၏ မဟာဗျူဟာမြောက် သီးခြားရပ်တည်မှု တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ အမေရိကန်နိုင်ငံ နိုင်ငံရေးသမားများ၏အမြင်တွင်၊ ဥရောပကို အားပျော့စေရန်နှင့် အမေရိကန်နိုင်ငံကို မှီခိုအားထားရန်မှာ အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားအတွက် အကိုက်ညီဆုံးဖြစ်သည်။အမေရိကန်နိုင်ငံပြောသော “မဟာမိတ်များ” နှင့် “မိတ်ဖက်များ” သည် ၎င်း၏ ဗိုလ်ကျကြီးစိုးမှုဗျူဟာကို ထမ်းဆောင်ရန် “စစ်တုရင်”များသာဖြစ်သည်။ ဂျာမန် Bundestag လွှတ်တော် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Sevim Dadelen က “အမေရိကန်နိုင်ငံလိုချင်တာက မဟာမိတ်မဟုတ်ဘဲ၊ သစ္စာရှိကျေးကျွန်တွေပါ”ဟု ပြောကြားခဲ့သည်။ “ဥရောပသည် အမေရိကန်ကို တစ်သမတ်တည်း မိတ်ဖက်အဖြစ် မမှတ်ယူနိုင်တော့ဘဲ၊ အမေရိကန်သည် ဥရောပ၏ လုံခြုံရေးကို အမြဲအာမခံနိုင်မည်မဟုတ်ပေ”ဟု စပိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Arancha Gonzlez Raja နှင့် European Council on Foreign Relations မှ မူဝါဒသုတေသီ Camille Grande တို့က အမေရိကန်နိုင်ငံတွင် နှစ်လတစ်ကြိမ်ထုတ် နိုင်ငံခြားရေးရာဝဘ်ဆိုဒ်တွင် ရေးသားထားသောဆောင်းပါးတစ်ပုဒ်မှ ထောက်ပြခဲ့သည်။ ဥရောပခေါင်းဆောင်များအနေဖြင့် ဥရောပပိုမိုပေါင်းစည်းရေးအပေါ် လောင်းကြေးထပ်သင့်သည်။

ပဋိပက္ခတစ်ခု၏အဆုံးသတ်သည် စေ့စပ်ညှိနှိုင်းရေးစားပွဲဆီသို့ ပြန်သွားကြောင်း သမိုင်းအတွေ့အကြုံက သက်သေပြခဲ့သည်။မကြာသေးမီက အွန်လိုင်းစစ်တမ်းတစ်ခုတွင် ပြည်ပဆက်ဆံရေးနှင့်ပတ်သက်၍ ဥရောပကောင်စီ၏ အဖွဲ့ဝင် ၁၂ နိုင်ငံမှ ဖြေဆိုသူ ၁,၇၀၀ ကျော်တွင် ၄၀ ရာခိုင်နှုန်းကျော်မှာ ရုရှားနှင့်ယူကရိန်း ဆွေးနွေးညှိနှိုင်းရန် ဥရောပမှ တိုက်တွန်းပေးရန် မျှော်လင့်ကြောင်း ဖြေကြားခဲ့သည်။ယူကရိန်းနှင့် ဥရောပသည် ရေရှည်လုံခြုံရေးကို အာမခံပေးနိုင်သည့်အခြေအနေအောက်တွင် စေ့စပ်ညှိနှိုင်းခြင်းဖြင့် ပတ်သက်ပြီး ဒီပဋိပက္ခကို အဆုံးသတ်သင့်ကြောင်း နှင့် ဥရောပသည် ရုရှားထံမှ စိတ်ရင်းမှန်ဖြင့်သံတမန်ရေးရာ အဆိုပြုမှုများကို ဂရုပြုသင့်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ ICG က ၎င်းတို့၏၀က်ဘ်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။ (Xinhua)

……………………………..
(Chinese Version)
国际观察 | 俄乌和平难觅,欧洲为美国埋单何时了
2月24日,乌克兰危机升级已延续两年之久,双方在战场上僵持不下,和平难觅。作为这场冲突背后的始作俑者,美国一方面消耗和孤立俄罗斯,一方面以安全之名进一步捆绑欧洲。欧洲不得不随美国起舞,任美国“收割”,承受了这场冲突的主要外溢冲击。
美国拱火,欧洲埋单,是这场冲突背后美国牺牲欧洲利益换取一己私利的真实写照。正是在美国主导下,北约一再背信弃义,不断东扩,让欧洲大陆重燃战火。两年来,美国裹挟着欧洲不断对乌加码援助,对俄挥舞制裁大棒,让欧洲吃尽苦头。近期发布的《2024年慕尼黑安全报告》指出,乌克兰危机全面升级破坏了该地区建立合作安全秩序的愿景,整个欧洲无法继续享有和平红利,不得不在自身防务和援乌方面耗费更多资金。眼下由于美国党派间的政治角力,美国对乌军援陷入停滞,欧洲陷入更深困境。德国基尔世界经济研究所发布的报告显示,2022年2月至2023年12月期间,欧盟承诺的对乌军援总额比美国还多。报告预计,美国未来能否继续提供援助具有很大不确定性,欧盟对乌军援需至少翻倍才能填补美国留下的空缺。更让欧洲郁闷的是,美国国务卿布林肯公开表示,美国对乌军援资金90%用于在美国本土生产援乌武器装备,可谓“肥水不流外人田”。
欧洲“失血”,美国收割,是这场冲突背后美欧利益得失的真实现状。美国向来善于发战争财。两年来,乌克兰危机给欧洲带来的冲击迅速从战场传导至经济领域,军费节节上涨、能源价格飙升、通货膨胀居高不下、经济复苏势头进一步承压,而美国则忙着“收割”好处,盘剥欧洲。安全恐慌让欧洲各国不断提升防务水平,订单如雪片一样落到了美国军火商手中。美国《华尔街日报》网站报道,美联储数据显示,美国国防和航天领域的工业产值自俄乌冲突爆发以来增长了17.5%。沃尔夫研究公司军事工业分析师迈尔斯•沃尔顿说,美国国务院表示,在截至去年9月份的一年时间里,美国有800多亿美元的重大军火交易,其中约500亿美元军火的去向是欧洲盟国。欧洲追随美国制裁俄罗斯,导致欧洲能源供给紧张、通货膨胀加剧、民生受到冲击,而美国却“趁火打劫”高价向欧洲兜售能源,大发横财。法国总统马克龙曾公开抱怨,美国卖给欧洲的天然气价格比美国本土市场售价高出3至4倍,美国从地缘政治争斗中获取了超额利润。美国《华尔街日报》刊文指出,欧洲能源危机的大赢家是美国经济。
这场冲突给本就不平等的美欧跨大西洋伙伴关系带来深远影响。战略自主一直是欧洲一体化事业的目标。然而,自乌克兰危机升级以来,欧洲战略自主遭受空前挑战。利用乌克兰危机升级,美国加强了对欧洲政治、军事和经济上的控制,进一步把欧洲绑定在自己的战车上,紧扼欧洲战略自主的咽喉。在美国政客们看来,弱化欧洲、使之不得不依附于美国,最符合美国的利益。美国口中的“盟友”“伙伴”只不过是服务其霸权战略的“棋子”。正如德国联邦议院议员塞维姆•达代伦所说:“美国想要的不是盟友,而是忠诚的仆从。”西班牙前外交大臣阿兰查•冈萨雷斯•拉亚和欧洲对外关系委员会政策研究员卡米尔•格兰德在美国《外交》双月刊网站发表文章指出,欧洲已经无法再把美国作为一贯的伙伴,美国不能永远保证欧洲的安全。欧洲国家领导人应该把赌注押在一个更加一体化的欧洲上。
历史经验证明,任何冲突的终点都是回到谈判桌。欧洲对外关系委员会最新一项针对12个成员国超过1.7万名受访者的在线调查显示,有超过四成受访者希望欧洲敦促乌克兰与俄罗斯进行谈判。总部设在比利时布鲁塞尔的智库国际危机研究组织在其网站刊文指出,欧洲要留意俄罗斯任何真诚的外交提议,在确保乌克兰和欧洲长期安全的条件下通过谈判结束这场冲突。(完)