Connect with us

China

တရုတ်နိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း ပထမငါးလအတွင်း တည်ငြိမ်စွာ တိုးတက်လျက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့တွင် China International Big Data Industry Expo 2023 တွင် စက်ရုပ်တစ်ရုပ်ကို ကြည့်ရှုနေသော ကလေးငယ်အား ၂၀၂၃ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းသည် ယခုနှစ် ပထမငါးလအတွင်း တည်ငြိမ်စွာတိုးတက်မှုရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
အဆိုပါ စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေသည် ယွမ် ၇၁၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၉.၂၄ ဘီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၆.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန အချက်အလက်များ၌ ဖော်ပြထားသည်။

အင်တာနက်အချက်အလက်စင်တာများ၊ big data ၊ cloud ကွန်ပျူတာစနစ်နှင့် အင်တာနက်ချိတ်ဆက်ပစ္စည်းများကဲ့သို့ ပေါ်ထွန်းစကဏ္ဍများ၏ ဝင်ငွေများမှာ ယမန်နှစ် ကာလတူထက် ၂၀.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တယ်လီကွန်းလုပ်ငန်းမှ ဝင်ငွေမှာလည်း ပွိုင့် ၃.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ အချက်အလက်များ၌ 5G ဝန်ဆောင်မှုများ ကျယ်ပြန့်မှုကိုလည်း ဖော်ပြထားသည်။ တရုတ်နိုင်ငံတွင် မေလကုန်အထိ 5G အခြေစိုက်စခန်း ၂.၈၄ သန်း ရှိပြီဖြစ်ကာ ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း လက်ကိုင်ဖုန်း အသုံးပြုသူ ၉၀.၇၃ သန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s telecom industry expands steadily in first five months
BEIJING, June 22 (Xinhua) — China’s telecommunication industry logged steady expansion in the first five months of this year, official data showed.
The combined business revenue of firms in the sector totaled 712.5 billion yuan (about 99.24 billion U.S. dollars), up 6.8 percent year on year, according to data from the Ministry of Industry and Information Technology.
Of the total, emerging sectors such as internet data centers, big data, cloud computing and the Internet of Things saw their revenues rise 20.2 percent year on year, enabling the telecom business revenue to increase by 3.8 percentage points, the ministry said.
The data also revealed the spread of 5G services. The country had 2.84 million 5G base stations by the end of May, and secured a net increase of 90.73 million 5G cellphone users in the first five months of 2023.
Photo: A child interacts with a robot at the China International Big Data Industry Expo 2023 in Guiyang, southwest China’s Guizhou Province, May 26, 2023. (Xinhua/Liu Xu)