Connect with us

China

ချိန်တူးမြို့၌ ကျင်းပမည့် ကမ္ဘာ့တက္ကသိုလ်နွေရာသီအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ သမ္မတ ရှီကျင့်ဖိန် တက်ရောက်မည်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့ရှိ တုန်းအန်းရေကန်ဥယျာဉ်ရှိ အားကစားရုံ ဖွင့်ပွဲအခမ်းအနားနှင့် ချိန်တူး ၂၀၂၁ FISU ကမ္ဘာ့တက္ကသိုလ်နွေရာသီအားကစားပွဲတော်ကျင်းပရန် ရက်ပေါင်း ၁၀၀ နောက်ပြန်ရေတွက်မှုအတွက် ဒယ်စောက် မီးအလှဆင်ပြသထားသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် မြို့တော် ချိန်တူး၌ ဇူလိုင် ၂၈ ရက်တွင် ကျင်းပမည့် ၃၁ ကြိမ်မြောက် FISU ကမ္ဘာ့တက္ကသိုလ်နွေရာသီအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။ သမ္မတ ရှီက အားကစားပွဲတော် ဖွင့်လှစ်ကြောင်း ကြေညာမည်ဖြစ်သည်။

အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို China Media Group က တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး Xinhuanet က ဓာတ်ပုံသတင်းများ၊ စာသတင်းများဖြင့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Xi to attend opening ceremony of Chengdu Universiade
BEIJING, July 27 (Xinhua) — Chinese President Xi Jinping will attend the opening ceremony of the 31st summer edition of the FISU World University Games on Friday in Chengdu, capital city of southwest China’s Sichuan Province. Xi will declare the Games open.
The ceremony will be broadcast live by China Media Group, and Xinhuanet will provide a live broadcast in photos and text.
Photo: Aerial photo taken on April 19, 2023 shows the stadium for the opening ceremony and cauldron in the light show for the 100-day countdown to the Chengdu 2021 FISU World University Games at Dong’an Lake Sports Park in Chengdu, southwest China’s Sichuan Province. (Xinhua/Shen Bohan)