Connect with us

China

သမ္မတရှီကျင့်ဖိန်က ရေဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် အရေးကြီး ညွှန်ကြားချက်ပေး

ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရေဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးကြီး လမ်းညွှန်ချက် ပေးခဲ့သည်။

ယခုရက်ပိုင်း တိုင်ဖွန်း မုန်တိုင်း Doksuri၏ သက်ရောက်မှုကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ၊ မြစ်ဝါမြစ်နှင့် ဟွိုင်ဟယ်မြစ်ဝှမ်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှု အစွန်းရောက်ဖြစ်စဉ်များကြောင့် ရေကြီးရေလျှံခြင်းနှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ရာ ပေကျင်း၊ ဟဲပေ စသည့် နေရာများတွင် လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ဒေသအသီးသီးတွင် ပျောက်ဆုံးနေသူ၊ ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်ရန်၊ ဒဏ်ရာရသူများအား ကယ်ဆယ်ကုသရေးနှင့် အသက်ဆုံးရှုံးသွားသူများ၏ မိသားစုများကို ကောင်းမွန်စွာ နှစ်သိမ့်ပေးရန်၊ သေဆုံးဒဏ်ရာရမှုများ လျော့နည်းစေရေး အတတ်နိုင်ဆုံးဆောင်ရွက်ကြရန် ရေဘေးဒဏ်သင့် ပြည်သူလူထုကို စနစ်တကျ ကောင်းမွန်စွာ နေရာချထားရန်၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်စသည့် ထိခိုက်ပျက်စီးခဲ့သော အခြေခံ အဆောက်အဦများကို အမြန်ဆုံး ပြန်လည် ပြင်ဆင်ပြီး ပုံမှန် လုပ်ငန်းလည်ပတ်မှုနှင့်နေထိုင်မှုများ ဆောလျင်စွာ ပြန်လည်ရရှိအောင် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။

“ဇူလိုင်လကုန်၊ ဩဂုတ်လဆန်း”သည် ရေဘေးကာကွယ်ရေး အရေးကြီးကာလဖြစ်ရာ ဒေသအသီးသီးနှင့် သက်ဆိုင်ရာဌာနများက အထူးအလေးထား၍ တာဝန်ကို လက်တွေ့ခိုင်မာစွာ ထမ်းဆောင်ရန်၊ ကြိုတင်သတိပေး စောင့်ကြည့်စမ်းသပ်မှုများ၊ စစ်ဆေးရေးလှည့်ကင်းများကို အားကောင်းအောင် ဆောင်ရွက်၍ ရေဘေးအန္တရာယ် အဓိကနေရာများကို အနီးကပ်စောင့်ကြည့်ရန်၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများကို လက်တွေ့အသေးစိတ် ကဏ္ဍအလိုက် ဖော်ဆောင်ပြီး ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးကို အပြည့်အဝ အာမခံထားဆောင်ရွက်ရန် သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၏အရေးကြီးညွှန်ကြားချက်များကို အပြည့်အဝ အသေးစိတ် ဖော်ဆောင်ရန်၊ တရုတ်နိုင်ငံ အမျိုးသားအဆင့် ရေဘေးအန္တရာယ် ထိန်းချုပ်ရေး နှင့် မိုးခေါင်ရေရှား တုံ့ပြန်ရေး ဌာနချုပ်၊ အရေးပေါ်တုံ့ပြန်စီမံခန့်ခွဲရေးဌာန၊ ရေအရင်းအမြစ်ဌာန စသည်တို့အနေဖြင့် ရေဘေးဒဏ်သင့်ဒေသများရှိ ပျောက်ဆုံးနေသူ၊ ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် လမ်းညွှန် ကူညီပေးရန်၊ သေဆုံးဒဏ်ရာရမှုများ အတတ်နိုင်ဆုံး လျော့နည်းစေရေး ဆောင်ရွက်ရန်၊ ရေဘေးဒဏ်သင့် ပြည်သူလူထုကို စနစ်တကျ ကောင်းမွန်စွာ နေရာချထားရန်၊ ပုံမှန် လုပ်ငန်းလည်ပတ်မှုနှင့်နေထိုင်မှုများ ဆောလျင်စွာ ပြန်လည်ရရှိအောင် ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ ဘက်ပေါင်းစုံက ကြိုတင်သတိပေး စောင့်ကြည့်စမ်းသပ်မှုများ၊ စစ်ဆေးရေးလှည့်ကင်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများကို လက်တွေ့အသေးစိတ် ကဏ္ဍအလိုက် ဖော်ဆောင်ပြီး ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးကို အပြည့်အဝ အာမခံထားဆောင်ရွက်ရန် လမ်းညွှန်ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
习近平对防汛救灾工作作出重要指示
新华社北京8月1日电中共中央总书记、国家主席、中央军委主席习近平对防汛救灾工作作出重要指示。
习近平指出,近日,受台风“杜苏芮”影响,华北、黄淮等地出现极端降雨过程,引发洪涝和地质灾害,造成北京、河北等地重大人员伤亡。
习近平要求,各地要全力搜救失联、被困人员,做好受伤人员救治和遇难者家属安抚工作,尽最大限度减少人员伤亡。要妥善安置受灾群众,抓紧修复交通、通讯、电力等受损基础设施,尽快恢复正常生产生活秩序。
习近平强调,当前正值“七下八上”防汛关键期,各地区和有关部门务必高度重视、压实责任,强化监测预报预警,加强巡查值守,紧盯防汛重点部位,落实落细各项防汛措施,全力保障人民群众生命财产安全和社会大局稳定。
中共中央政治局常委、国务院总理李强作出批示,要求认真贯彻落实总书记重要指示精神,国家防总、应急管理部、水利部等要全力指导帮助受灾地区搜救失联、被困人员,最大限度减少人员伤亡,并妥善安置受灾群众,尽快恢复正常生产生活秩序。各有关方面要进一步加强监测预警和巡查值守,落实落细各项防汛防台措施,切实保障人民群众生命财产安全。(完)