Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် နှစ်နိုင်ငံ အဖြေရှာခြင်းနည်းလမ်း အလေးထားပြောကြား

ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပါလက်စတိုင်း-အစ္စရေးဆိုင်ရာ BRICS အထူးအွန်လိုင်း ထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၂၁ ရက်က တက်ရောက်ခဲ့ပြီး ပဋိပက္ခနှင့် ဆက်စပ်သူများအနေဖြင့် ရန်လိုမှုအမုန်းတရားများကို အဆုံးသတ်ရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းရယူရန် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အရှေ့အလယ်ပိုင်းဒေသ အထူးသဖြင့် ဂါဇာဒေသအခြေအနေဆိုင်ရာ BRICS ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသော BRICS အဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များ အထူးပူးတွဲအစည်းအဝေးတွင် “အပစ်အခတ်ရပ်စဲရေးအတွက် ဦးတည်ဆောင်ရွက်ခြင်းနှင့် ငြိမ်းချမ်းမှု တည်တံ့ရေးနှင့် ရေရှည်တည်တံ့သောလုံခြုံရေးကို နားလည်သဘောပေါက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၁ ရက်က မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

သက်ဆိုင်သောနိုင်ငံများအနေဖြင့် အကြမ်းဖက်မှုများအားလုံးနှင့် အရပ်သားများအား တိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ ဖမ်းဆီးထားသော အရပ်သားများလွှတ်ပေးရေး၊ လူ့အသက်အိုးအိမ်ဆုံးရှုံးမှုများ ကာကွယ်ရန်နှင့် ပြည်သူများအား ဝမ်းနည်းပူဆွေးမှုများမှ လွတ်ကင်းနိုင်ရန် သမ္မတ ရှီက ပြောကြားခဲ့သည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှု စင်္ကြံများကိုလည်း ဘေးကင်းအောင်နှင့် မပျောက်ပျက်အောင် ဆောင်ရွက်ထိန်းသိမ်းရမည်ဖြစ်ကြောင်းနှင့် ဂါဇာဒေသရှိ ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးသင့်ကြောင်းလည်း ရှီက ထည့်သွင်းပြောခဲ့သည်။
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသံသရာကို ရပ်တန့်နိုင်ရေးအတွက် နှစ်နိုင်ငံ အဖြေရှာခြင်းနည်းလမ်း၊ ပါလက်စတိုင်း တရားဝင်နိုင်ငံအခွင့်အရေး ပြန်လည်ထိန်းသိမ်းခြင်း၊ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေး စသည်တို့က တစ်ခုတည်းသော ရှင်သန်နိုင်မည့်နည်းလမ်းဖြစ်ကြောင်း ရှီက အလေးထားပြောခဲ့သည်။

ယခုအစည်းအဝေးသည် BRICS အဖွဲ့ဝင်တိုးချဲ့ပြီးနောက် ပထမဆုံး ထိပ်သီးအစည်းအဝေးလည်း ဖြစ်သည်။ လက်ရှိ အခြေအနေများအရ မိမိတို့အနေဖြင့် ပါလက်စတိုင်း-အစ္စရေးကိစ္စအတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံကာ ဆွေးနွေးပြောဆိုနေကြခြင်းမှာ လွန်စွာအချိန်မီ၍ လွန်စွာအရေးကြီးလှကြောင်း ရှီက ဆိုသည်။
နိုင်ငံများအားလုံးအနေဖြင့် မြေပြင်တွင် ကောင်းမွန်သော ဆောင်ရွက်မှုများမှတစ်ဆင့် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ ဖြေရှင်းမှုနည်းလမ်းများအတိုင်း ပြုမူဆောင်ရွက်ရမည်ဟု ရှီက ပြောခဲ့သည်။

နောက်ဆုံးဖြစ်ပေါ်နေသော ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စတင်ချိန်မှစ၍ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် အပစ်အခတ်ရပ်စဲမှု တိုးမြှင့်ဆောင်ရွက်ရေးအတွက် တက်ကြွစွာ လုပ်ဆောင်လျက်ရှိကြောင်း ရှီက ဆိုသည်။ တရုတ်နိုင်ငံက ဂါဇာဒေသတွင်း လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းပြေလျော့စေရေး အထောက်အကူဖြစ်စေရန် လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးလျက်ရှိသလို ယင်းဒေသရှိ ပြည်သူများ၏ လိုအပ်ချက်များအရ ပံ့ပိုးကူညီမှုများ ထပ်မံဆောင်ရွက်သွားမည်ဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်လည်း တရုတ်နိုင်ငံက ဥက္ကဋ္ဌဖြစ်သည့်အားလျော်စွာ ဆုံးဖြတ်ချက်ပြဋ္ဌာန်းရေး အဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

သမ္မတ ရှီသည် BRICS ပူးပေါင်းဆောင်ရွက်မှုယန္တရားသည် ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဘုံအကျိုးစီးပွားထိန်းသိမ်းမှု အားကောင်းစေရန် အရေးပါသော ပလက်ဖောင်းအဖြစ် ချီးကျူးပြောကြားလျက် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဆိုင်ရာ ရပ်တည်ချက်များနှင့် ဆောင်ရွက်မှုများ ညှိနှိုင်းရေးအစည်းအဝေးသည် အဖွဲ့ဝင်တိုးချဲ့ပြီးနောက် ပိုမိုကြီးမားသော BRICS ပူးပေါင်းဆောင်ရွက်မှုအတွက် အစမှတ်ကောင်းတစ်ခုလည်းဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် BRICS ပူးပေါင်းဆောင်ရွက်မှုခေတ်သစ်ကို ကြိုဆိုရေးအတွက် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆောင်ရွက်ရန် အသင့်ရှိကြောင်း သမ္မတ ရှီက ပြောခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက ပါလက်စတိုင်း-အစ္စရေးအခြေအနေအပေါ် စိုးရိမ်မှုများ ပြောကြားခဲ့ပြီး အရပ်သားများအပေါ် အကြမ်းဖက်အပြုအမူများအားလုံးကို ရှုတ်ချခဲ့ကြသည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ အရပ်သားများ ကာကွယ်ရေးအတွက် လိုအပ်ချက်ကို အလေးထားပြောကြားခဲ့သလို ခိုင်မာ၍ ရေရှည်တည်တံ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာမှု အကူအညီအတွက်လည်း တိုက်တွန်းပြောကြားခဲ့ကြသည်။ (Xinhua)

………………………………
(English Version)
Xi urges ceasefire in Gaza, stresses two-state solution
BEIJING, Nov. 21 (Xinhua) — Chinese President Xi Jinping on Tuesday attended the BRICS extraordinary virtual summit on the Palestinian-Israeli issue, saying that the parties to the conflict must end hostilities and achieve a ceasefire immediately.
Xi called on the parties to stop all violence and attacks against civilians, release civilians held captive, and act to prevent loss of more lives and spare people from more miseries.
Xi said humanitarian corridors must be kept secure and unimpeded, and more humanitarian assistance should be provided to the population in Gaza.
He emphasized that the only viable way to break the cycle of Palestinian-Israeli conflict lies in the two-state solution, in the restoration of the legitimate national rights of Palestine, and in the establishment of an independent State of Palestine.
Xi said this is the first summit since the expansion of BRICS. Given the current circumstances, it is very timely and very important that we meet and speak up for justice and for peace on the Palestinian-Israeli issue.
All the parties must act to deliver on UN General Assembly and Security Council resolutions through concrete measures on the ground, Xi said.
Xi said since the outbreak of the latest Palestinian-Israeli conflict, China has been working actively to promote peace talks and a ceasefire. China has provided humanitarian assistance to help ease the humanitarian plight in Gaza and will provide more supplies and assistance according to the needs of the people in Gaza.
At the UN Security Council, China has acted in its capacity as president to facilitate the adoption of the resolution, he said.
Hailing the BRICS cooperation mechanism as an important platform for emerging markets and developing countries to strengthen solidarity and cooperation and safeguard common interests, Xi said the meeting to coordinate positions and actions on the Palestinian-Israeli conflict marks a good start for greater BRICS cooperation following its enlargement.
China stands ready to work with other members to usher in a new era for BRICS cooperation, Xi said.
The leaders expressed grave concern over the Palestinian-Israeli situation and condemned all acts of violence against civilians. They stressed the need for the protection of civilians in accordance with international humanitarian law, calling for an immediate durable, sustainable humanitarian truce and humanitarian aid delivery.
Photo 1,2: Chinese President Xi Jinping delivers a speech titled “Working Toward a Ceasefire and Realizing Lasting Peace and Sustainable Security” at the extraordinary joint meeting of BRICS leaders and leaders of invited BRICS members on the situation in the Middle East with particular reference to Gaza on Nov. 21, 2023. (Xinhua/Huang Jingwen)