China
ဆေးရှဲလ်စ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ ခရီးစဉ် လာရောက်မည်
ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)
ဆေးရှဲလ်စ်နိုင်ငံ နိုင်ငံခြားရေးနှင့် ပြည်ပရောက်နိုင်ငံသားများရေးရာ ဝန်ကြီး Barry Faure က မေ ၁၈ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပေကျင်းတွင် မေ ၁၆ ရက်၌ ကြေညာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်အရ Faure က အဆိုပါခရီးစဉ်ကို လာရောက်မည်ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
…………….
(English Version)
Seychelles’ FM to visit China
BEIJING, May 16 (Xinhua) — Minister of Foreign Affairs and Diaspora of Seychelles Barry Faure will pay an official visit to China from May 18 to 19, a Chinese foreign ministry spokesperson announced here on Saturday.
Faure’s visit will come at the invitation of Wang Yi, member of the Political Bureau of the Communist Party of China Central Committee and Chinese Foreign Minister, the spokesperson said. ■
English Caption
The Victoria clock tower is lit up in red in celebration of the upcoming Chinese New Year, or Spring Festival, in Victoria, Seychelles, Jan. 26, 2025. (Chinese Embassy in Seychelles/Handout via Xinhua)
