Connect with us

Politics, Law & Military

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားဖြစ်စေရန် နိုင်ငံကြီးထမ်းဆောင်သင့်သည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၉ ရက်တွင် ကျင်းပသော တရုတ်-အမေရိကန် THINK TANKS မီဒီယာ ဗွီဒီယို ဖိုရမ်၌ အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၉ ရက်က တရုတ်-အမေရိကန် THINK TANKS  မီဒီယာ ဗွီဒီယို ဖိုရမ်တွင် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောကြားရာတွင် ဝမ်ရိက မည်သည့်အရာကမျှ အသက်ထက် တန်ဖိုး မရှိသလို မည်သည့်ကိစ္စကမျှ လူ့အသက်ကို ကယ်တင်ခြင်းထက် ပို၍ အရေးမကြီးကြောင်း ၊ မိမိတို့အနေဖြင့် အမေရိကန် ပြည်သူများ ကပ်ရောဂါဘေးအန္တရာယ်ကြုံတွေနေရခြင်းအတွက် အထူးပင် ကိုယ်ချင်းစာနာကြောင်း ၊ အရေးပေါ်လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်း ပမဏများစွာကိုလည်း အမေရိကန်နိုင်ငံသို့ ပံ့ပိုးပြီးဖြစ်ကြောင်း ၊ ကပ်ရောဂါနှင့်ပတ်သက်၍ မျက်မှောက်တွင် ပူးပေါင်းဆောင်ရွက်မှုက ဦးစားပေးဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအချက်အလက်များနှင့် တိုက်ဖျက်ရေးတွေ့အကြုံများကို မိမိတို့အနေဖြင့် အမေရိန်ကန်နှင့်အတူ မျှဝေသွားလိုပြီး ကုထုံးနည်းလမ်း၊ ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်ရေးနှင့် စီးပွားရေးပြန်လည်နိုးထလာရေးစသည့် ကဏ္ဍများတွင် ပိုမိုကျယ်ပြန့်နက်နဲစွာ ဖလှယ်သွားလိုကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် ကပ်ရောဂါကို နိုင်ငံရေးအသွင်ဆောင်ခြင်း၊တံဆိပ်ကပ်ခြင်းများကို ချက်ချင်းရပ်တန့်ကာ တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာ့ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် တွန်းအားပေးဆောင်ရွက်သွားခြင်းဖြင့်  ကမ္ဘာပေါ်ရှိ အသက်များစွာကို အတူကာကွယ်ကယ်ဆယ်ရင်း နိုင်ငံကြီး ထမ်းဆောင်သင့်သည့် နိုင်ငံတကာ တာဝန်ဝတ္တရားကို ဆောင်ရွက်သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.