Connect with us

Politics, Law & Military

ခေတ်သစ်ပိုးလမ်းမကြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု သမ္မတ ရှီကျင့်ဖိန် မီးမောင်းထိုးပြ

ခေတ်သစ်ပိုးလမ်းမကြီး ထိပ်သီးခေါင်းဆောင်များ စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းမကြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် နိုင်ငံများအားလုံး လက်တွဲအားထုတ်ကြိုးပမ်းကြရန် ဧပြီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပလျက်ရှိသော ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် ထိပ်သီးခေါင်းဆောင်များ စားပွဲဝိုင်းဆွေးနွေးပွဲ၌ သမ္မတ ရှီက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)