Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ပြိုင်ဘက်မဟုတ် မိတ်ဖက်များသာဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် ဆွေးနွေးပွဲ ကျင်းပနေကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ပြိုင်ဘာက်များမဟုတ်ဘဲ မိတ်ဖက်များသာ ဖြစ်သင့်ကြောင်း၊ တစ်နို်င်ငံချင်းစီနှင့် ကမ္ဘာကြီး တစ်ခုလုံး ကောင်းမွန်စေရန် အတူတကွ လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၉ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား ပြည်သူ့ခန်းမကြီး၌ ညစာဖြင့် တည်ခင်းဧည့်ခံစဉ်တွင် ရှီက ပြောကြားခဲ့ခြင်းဖြစ်ပြီး နှစ်နို်င်ငံ ဆက်ဆံရေး စိန်ခေါ်မှုများက အကန့်အသတ်ရှိသော်လည်း အလားအလာကောင်းများမှာမူ အကန့်အသတ်မဲ့ဖြစ်သည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း ပြောကြားခဲ့သလို ယင်းအချက်အား ထရမ့်ကလည်း သဘောတူသည်ဟု ဆိုသည်။

“တရုတ်နဲ့ အမေရိကန်နိုင်ငံ အနေနဲ့ လက်ရှိမှာ နက်ရှိုင်းစွာ အကျိုးစီးပွားများ မျှဝေ ယှက်နွယ်မှုရှိတဲ့ အသိုက်အဝန်း တစ်ခု ကြီးထွားမှုရှိနေခဲ့ပါပြီ။ ဒီနိုင်ငံ နှစ်ခုက ကမ္ဘာ့ ငြိမ်းချမ်းမှုကို ကာကွယ်ဖို့နဲ့ ဘုံ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖို့တွေမှာ တာဝန်ယူမှု ကြီးမား လေးလံသော တာဝန်ယူမှုများနဲ့ ကျယ်ပြန့်သော အကျိုးစီးပွားတွေနဲ့ ပိုမို မျှဝေသွားမှာ ဖြစ်တယ်” ဟု သမ္မတ ရှီက ပြောကြားခဲ့သည်။

တရုတ် သမ္မတ ရှီထံမှ နွေးထွေးစွာ ကြိုဆိုမှုအတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို အမေရိကန်နှင့် တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ အကျိုးကျေးဇူး ရှိနိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့ လုံခြုံရေး ကြွယ်ဝချမ်းသာရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ညစာစားပွဲမစတင်မီ ထရမ့်၏ မြေးမလေး Arabella Kushner က မန်ဒရင်းဘာသာစကားဖြင့် သီချင်းဆိုပြခြင်းနှင့် ရှေးခေတ် တရုတ် ကဗျာများ အလွတ်ရွတ်ပြခြင်းများအား ရိုက်ကူးထားသည့် ဗီဒီယို ပြသခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.