Connect with us

Politics, Law & Military

ဖိလစ်ပိုင် သမ္မတ၏ ယုတ္တိမရှိသည့် ပြောဆိုချက် အပေါ် လုံးဝ လက်မခံကြောင်း တရုတ်နိုင်ငံ ထုတ်ပြန်

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟွာချွမ်းရင် အား ဇွန်လ ၃ ရက်နေ့တွင် ပြုလုပ်သော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်း ပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ပေကျင်း ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ဇွန်လ ၃ ရက်နေ့က ပြုလုပ်သည့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်မှ ဖိလစ်ပိုင် သမ္မတ အကွီနို၏ တောင်တရုတ် ပင်လယ်နှင့် ပတ်သက်သော ယုတ္တိ မရှိသည့် အဓိပ္ပါယ် ကင်းမဲ့သော အပြောအဆို များကို လုံးဝ လက်မခံ နိုင်ကြောင်း ပြောကြား ခဲ့သည်။

ဟွာချွမ်းရင် မှ ဖိလစ်ပိုင် နိုင်ငံဘက်မှ တစ်ချို့လူများအား စိတ်ကူးယဉ် ဆန်သည့် အတွေးအခေါ် များကို စွန့်လွှတ်ပြီး ရန်စသည့် အပြုအမူများကို ရပ်တန့်ကာ နှစ်နိုင်ငံ ညှှိနှိုင်း ဆွေးနွေး ဆောင်ရွက်သည့် လမ်းကြောင်း အပေါ် ပြန်လည် ရောက်ရှိလာရန် ထပ်မံ သတိပေးကြောင်း ပြောကြားခဲ့သည်။ဖိလစ်ပိုင် သမ္မတ အကွီနိုသည် ဂျပန်နိုင်ငံသို့သွားရောက် လည်ပတ်စဉ် အတွင်း တရုတ် နိုင်ငံအား နာဇီ ဂျာမဏီ နိုင်ငံနှင့် နှိုင်းယှဉ် ပြောကြားခဲ့ပြီး အမေရိကန်အား အင်အားကြီး နိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ် အရေးတွင် သက်ရောက်မှု ရှိရှိ လုပ်ဆောင်သွားရန် ပြောကြားခဲ့သည်။

“ ၁၉၇၀ ခုနှစ်များမှ စတင်၍ စစ်အင်အားဖြင့် တရုတ်နိုင်ငံ နန်စား ကျွန်းဆွယ်ရှိ ကျွန်းအချို့ကို တရားမဝင် သိမ်းယူ ခဲ့သည်မှာ ဖိလစ်ပိုင် ဖြစ်သည်။ ၁၉၉၉ ခုနှစ်မှ စတင်၍ ကမ်းခြေတွင် အထိုင်ချ၍ တရုတ် နိုင်ငံ ပိုင်ကျွန်းများကို သိမ်းယူ ရန်ကြံစည် ခဲ့သည်မှာ ဖိလစ်ပိုင် ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် စစ်သင်္ဘောများ စေလွှတ်၍ တရုတ် နိုင်ငံ ဟွမ်ရန်ကျွန်း ရေပိုင်နက်တွင် ပုံမှန် ငါးဖမ်း လုပ်ငန်း လုပ်ကိုင်နေသော တရုတ် ငါးဖမ်း သင်္ဘောနှင့် ငါးဖမ်းသမား များကို တိုက်ခိုက်ခဲ့သည်မှာ ဖိလစ်ပိုင်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် “ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေ” လက်မှတ် ရေးထိုးထားသော နိုင်ငံများမှ တရုတ် နိုင်ငံ၏ လုပ်ပိုင်ခွင့်များကို အလေးမထားဘဲ “တောင်တရုတ် ပင်လယ် သက်ဆိုင်ရာ နိုင်ငံ လုပ်ဆောင်ချက် ကြေညာ စာတမ်း” နှင့် တရုတ် နိုင်ငံနှင့် ထားရှိသော သဘောတူညီမှု အားလုံးကို ချိုးဖောက် ခဲ့ပြီး မိမိ တစ်ဦးတည်း သဘောဖြင့် နိုင်ငံ တကာ ရေးရာ ဆုံးဖြတ်ပေးသူ ဆိုသူများထံ လျှောက်တင် ခဲ့သည်မှာ ဖိလစ်ပိုင် ဖြစ်သည်။ ယခု နှစ်ပိုင်းတွင် မိမိ အကျိုး အတွက် အခြား နိုင်ငံ များကို တောင်တရုတ် ပင်လယ် အရေး တွင် ပါဝင်လာရန် မြှူဆွယ်ပြီး တရုတ် နိုင်ငံကို တိုက်ခိုက် ခဲ့သည်မှာလည်း ဖိလစ်ပိုင် ပဲ ဖြစ်သည်။ ” ဟု ဟွာချွမ်းရင် မှ သတင်းစာ ရှင်းလင်းပွဲတွင် ဖိလစ်ပိုင် နိုင်ငံ အကြောင်းကို (၅) ကြိမ် တိတိ ထည့်သွင်း ပြောကြား ခဲ့သည်။

ဟွာချွမ်းရင်မှ တရုတ် နိုင်ငံသည် ကတိသစ္စာကို အလေးထားပြီး တာဝန်ယူသည့် နိုင်ငံ ဖြစ်ကြောင်း ၊ မည်သည့် အချိန်မဆို သက်ဆိုင်ရာ နိုင်ငံနှင့် သဘောထား ကွဲလွဲမှု များကို တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်ကြောင်း ၊ တရုတ် နိုင်ငံတော် အစိုးရသည် အချုပ်အခြာ အာဏာနှင့် ပင်လယ်ရေကြောင်း အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် မူဝါဒကို ဘယ်တော့မှ ပြောင်းလဲ သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.