Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က ကမ္ဘာ့အကြီးဆုံးဆင်းရဲနွမ်းပါးမှု စစ်မြေပြင်ကို အနိုင်ယူရန် ဦးဆောင်မည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး နှင့် အခက်ခဲဆုံး ဆင်းရဲနွမ်းပါးမှု စစ်မြေပြင်ဖြစ်နေသည့် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုစစ်တလင်းကို အနိုင်ယူရန် နှင့် တရုတ်လူမျိုးတို့၏ အတွေးအမြင်၊ ဖြေရှင်းချက်များနှင့်အတူ ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို လျင်လျင်မြန်မြန်တိုးတက်မှုရအောင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဦးဆောင်ဦးရွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုသည် ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန် စီမံကိန်းတစ်ခုကို မေလ ၃၁ ရက်တွင် သုံးသပ်တင်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး သမ္မတရှီကျင့်ဖိန်က သဘာပတိပြုလုပ်သော အစည်းအဝေးက ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး စစ်မြေပြင်သည် “ အခက်ခဲဆုံး စစ်မြေပြင် သုံးခုထဲတွင် တစ်ခုအပါအဝင်” ဖြစ်ကြောင်း ၊ ယင်းကို ၂ဝ၂ဝ ခုနှစ်အရောက်တွင် လူလတ်တန်းစားကြွယ်ဝမှုရှိသော လူမှုအသိုင်းအဝန်းတစ်ခုဖြစ်အောင် တည်ဆောက်ရေး ရည်မှန်းချက်ကို နိုင်ငံက အောင်မြင်စွာ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ စွမ်းဆောင်နိုင်ရန် တရုတ်နိုင်ငံသည် လာမည့် ၃ နှစ်တာကာလအတွင်း ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးပြည်သူ သန်း ၃ဝ ခန့်ကို ဆင်းရဲတွင်းမှ ဆွဲတင်ရန် လိုအပ်နေသည်ကို တွေ့ရပေမည်။

“ စစ်မြေပြင်မှာ အနိုင်ယူဖို့ဆိုရင် အခက်အခဲ နဲ့စိန်ခေါ်မှုတွေကို ကျွန်တော်တို့သတိပြုဖို့လိုပါတယ်။ ပြီးတော့ ဆင်းရဲနွမ်းပါးမှု လွတ်မြောက်ရေးကို လျင်လျင်မြန်မြန် နဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ခိုင်ခိုင်မာမာလုပ်ဆောင်သွားရမှာပါ” ဟု အစည်းအဝေးပြီးနောက် ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

လျင်မြန်သောတိုးတက်မှု

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် အစိုးရလုပ်ငန်းအစီအစဉ်ထဲတွင် ထိပ်ဆုံးက အမြဲဦးစားပေးဖော်ပြထားသော အကြောင်းအရာတစ်ခုဖြစ်သည်။ သမ္မတရှီ၏ ကိုယ်ပိုင်စကားတစ်ခွန်းဖြင့် ဆိုရလျှင် “ အားလုံးချမ်းသာကြွယ်ဝရေး လမ်းခရီးကို ချီတက်ရာတွင် မည်သူမှ နောက်ကျ ကျန်ရစ်မနေစေရ” ဟု မှာကြားထားသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ချန်ဒူးမြို့(Chengdu) ၌ ကျင်းပခဲ့သည့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး ဆွေးနွေးပွဲတွင် သမ္မတရှီက လျင်မြန်သော တိုးတက်မှု ဖြစ်ပေါ်စေရန် တရုတ်နိုင်ငံက ပြိုင်ဘက်ကင်းသော ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

မဟာဗျူဟာမြောက် ရည်မှန်းချက်များချမှတ်ခြင်း ၊ ခိုင်မာသော ဘဏ္ဍာရေး အထောက်အပံ့များ ပေးပို့ခြင်း နှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များလုပ်ဆောင်ခြင်း တို့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် အောင်မြင်မှုများစွာ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

လွန်ခဲ့သော ၅ နှစ်အတွင်း လူတစ်ဦးတစ်နှစ်ပုံမှန်ဝင်ငွေ တရုတ်ယွမ် ၂၃ဝဝ ( အမေရိကန် ၃၆၁ ဒေါ်လာ) ဖြင့် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ကျရောက်နေသည့် ပြည်သူ ၆၈ သန်းကျော်ကို ဆွဲတင်နိုင်ခဲ့ကြောင်း ၊ နှစ်စဉ် ပျမ်းမျှ ၁၃ သန်းကို ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်မှ ဆွဲတင်ပေးခဲ့ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်အကုန်တွင် တရုတ်နိုင်ငံ၌ နွမ်းပါးပြည်သူ ၃ဝ.၄၆ သန်း ရှိခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နှစ်စဉ် ပြည်သူ ၁ဝ သန်းကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်ကာ လာမည့် ၂ဝ၂ဝ ခုနှစ် အရောက်တွင် ဆင်းရဲနွမ်းပါးမှု လုံးဝ ပပျောက်ရေးကို ရည်မှန်းထားသည်။

ပြီးခဲ့သော ၅ နှစ်တာအတွင်း ကျေးလက်ဒေသရှိ ပြည်သူများ၏ ဝင်ငွေကို ပျမ်းမျှ တစ်နှစ်လျှင် ၁ဝ.၄ ရာခိုင်နှုန်းအထိ တိုးတက်လာအောင် ဆောင်ရွက်ခဲ့ပြီး ကျေးလက်ဒေသခံများအတွက် ပျမ်းမျှအမှတ်ထက် ၂.၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်မှ စတင်ကာ နွမ်းပါးပြည်သူ ၃.၄ သန်းကျော်သည် အိမ်ရာ သစ်များဆီသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ဆင်းရဲသားပြည်သူ ၆သန်းကျော်၏ နေအိမ်များကို ပြင်ဆင် ဆောက်လုပ်ပေးခဲ့သည်။

တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂ဝ၁၂ ခုနှစ်တွင် ၁ဝ.၂ ရာခိုင်နှုန်းမှ ၂ဝ၁၇ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်း အထိကျဆင်းသွားခဲ့ပြီး ကုလသမဂ္ဂထောင်စုနှစ်ပန်းတိုင် ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

စွန့်ဦးတီထွင်မှု လမ်းကြောင်းဖြင့် ချဉ်းကပ်ခြင်း

၂ဝ၂ဝ ခုနှစ်တွင် ကျေးလက်ဒေသများရှိ အလွန်အမင်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသည် ပစ်မှတ်ကိုချဉ်းကပ်ခြင်း အခြေခံမဟာဗျူဟာတစ်ခုကို ဖော်ဆောင်လျက်ရှိသည်။ ၎င်းအစီအစဉ်တွင် မည်သူက အမှန်တကယ် ဆင်းရဲနွမ်းပါးပြည်သူဖြစ်နေပြီး ၎င်းတို့သည် မည်သည့်အတွက်ကြောင့် ဆင်းရဲနေရသည်ဆိုသည့် အကြောင်းတရားကို သိရှိအောင် အစိုးရဝန်ထမ်း အဆင့်အားလုံးက လုပ်ဆောင်ရန် လိုအပ်ခြင်းပင်ဖြစ်သည်။

အိမ်ထောင်စုတစ်ခု ( သို့မဟုတ်) မိသားစုဝင်တိုင်းကို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အစီအစဉ်တစ်ခုကို ပေးအပ်သွားမည်ဖြစ်သည်။ ပြီးခဲ့သော ၅ နှစ်က မတူကွဲပြားသော အဆင့်တိုင်းတွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လမ်းညွှန်ချက်ကို ပေးရန် ပို၍ စွမ်းဆောင်ရည်ရှိသော ၊ ပို၍ သင့်လျော်သော အရာရှိများကို ရွေးချယ် စေလွှတ်ခဲ့သည်။ ဥပမာအားဖြင့် စီးပွားရေးကျွမ်းကျင်သော ဝန်ထမ်းများကို အင်မတန်ဆင်းရဲနွမ်းပါးသည့် ကျေးရွာများသို့စေလွှတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကုန်ထုတ်စက်မှုကျွမ်းကျင်သည့် အရာရှိများကို စက်မှုကုန်ထုတ်လုပ်ငန်းနှင့်အခြေပြုလုပ်ကိုင်နေသည့် ကျေးရွာများသို့စေလွှတ်ပေးခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် e-စီးပွားရေး ၊ ငွေရေးကြေးရေး ၊ ခရီးသွားလုပ်ငန်း ၊ အခြေခံအဆောက်အအုံတစ်ည်ဆောက်ခြင်း ၊ အဆင့်မြှင့်တင်ခြင်း များအပါအဝင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အဓိပ္ပါယ်ရှိသော ကဏ္ဍမျိုးစုံကို လုပ်ဆောင်ခဲ့သည်။

ငါးနှစ်တာကာလအတွင်း မိသားစုဝင်ပေါင်း ၂.၇၄ သန်းကျော်မှာ ၎င်းတို့၏ ဝင်ငွေများတိုးပွားလာရာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အစီအစဉ် e- စီးပွားရေး အစီအစဉ်ကို ကျေးဇူးတင်ခဲ့ကြသည်။နွမ်းပါးကျေးရွာ ၂၃ဝဝဝ မှာလည်း ခရီးသွားလုပ်ငန်းအစီအစဉ်များကြောင့် အကျိုးကျေးဇူးများခံစားခဲ့ရသည်။

သို့လင့်ကစား ဆင်းရဲနွမ်းပါးမှုလျော့းကျရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်ကောင်စီ ဦးဆောင်မှုအဖွဲ့ရုံး ညွှန်ကြားရေးမှူး Liu Yongfu က ဆင်းရဲနွမ်းပါးပပျောက်ရေး လုပ်ငန်းအစီအစဉ်တွင် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းလုပ်ငန်းစဉ်ကို အဆင်းရဲဆုံးဒေသများသို့ပို့ဆောင်ပေးသွားရမည်ဖြစ်ကြောင်း ၊ တန်းတူညီမျှရေးအတွက် ပိုမိုအားထုတ်ရမည်ဖြစ်ကြောင်း နှင့် ၎င်းဒေသများကို ပိုမိုအလေးထား ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း Liu ကဆိုသည်။ “ ဆင်းရဲနွမ်းပါးတဲ့ ဒေသခံတွေအတွက် ဒေသတွင်း စက်မှုလုပ်ငန်းတိုးတက်လာအောင် အလေးထားဆောင်ရွက်သွားရမယ် ၊ အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးရပါမယ်။ ပြီးတော့ သက်ကြီးရွယ်အိုတွေ ၊ မသန်စွမ်းတွေ နဲ့ အပြင်းအထန်ရောဂါဝေဒနာ ခံစားနေရသူတွေကို ထောက်ပံ့သွားရပါမယ်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ ကောင်းမွန်ခြင်း

ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး တရုတ်နိုင်ငံ၏ စွမ်းဆောင်ချက်များသည် ၎င်းတို့၏ ကိုယ်ပိုင်လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း ကူညီမှုတစ်ခုသာမက ကမ္ဘာကြီးတွင် တရုတ်နိုင်ငံ၏ အတွေးအမြင် နှင့် အဖြေရှာပုံများကို နိုင်ငံတကာအသိုက်အဝန်းထိ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းပါဝင်သည့် လုပ်ဆောင်မှုတစ်ခုလည်း ဖြစ်သည်။

တရုတ်နိုင်ငံသည် “ လွန်ခဲ့သော ၂၅ နှစ်ကာလအတွင်း လူ့သမိုင်းတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အကြီးမားအကျယ်ပြန့်ဆုံးလုပ်ဆောင်ပေးခဲ့သော နိုင်ငံ” ဖြစ်ကြောင်း ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယင်းမှာ တရုတ်နိုင်ငံအစိုးရနှင့်အတူ မိတ်ဖက်ပြု၍ ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကြိုးပမ်းချက်အတွက် ကမ္ဘာ့ဘဏ်၏ တစ်နှစ်တာ သုတေသနပြုလုပ်ပြီးနောက် ထွက်ရှိလာသော အစီရင်ခံစာဖြစ်သည်။

“ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ကမ္ဘာဆင်းရဲနွမ်းပါးမှု လျော့ကျရေးတွင် တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုသည် အကြီးမားဆုံးဖြစ်သည်ကို သတိမမေ့သင့်ကြောင်း ” တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစွမ်းဆောင်မှု နှင့်ပတ်သက်၍ ပြီးခဲ့သောနှစ်တွင် ကုလသဂ္ဂအထွေထွေအတွင်းရေးမှူး ဂူတာရက်က ပြောကြားခဲ့သည်။

ဝါရှင်တန်အခြေစိုက် Executive Intelligence Review မဂ္ဂဇင်း၏ ဗျူရိုအကြီးအကဲ William Jones က လူသားများအတွက် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးမှာ အဓိက လုပ်ငန်းဆောင်တာတစ်ခုဖြစ်ကြောင်း ၊ သို့သော် မကြာသေးမီကာလအထိ ၎င်းမှာ “ အိပ်မက်စိတ်ကူးယဉ်ဝါဒတစ်ခု” သာဖြစ်ကြောင်း ဆိုခဲ့သည်။

“ တရုတ်နိုင်ငံမှာတော့ အဲဒီအိပ်မက်ဟာ အခုတော့ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ” ဟု ၎င်းက ဆိုသည်။ထို့ကြောင့်လည်း တရုတ်နိုင်ငံအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း ဆင်းရဲမှုပပျောက်ရေး ရည်မှန်းချက်ကို အရှိန်အဟုန်မပျက် အကောင်အထည်ဖော်နေသည်ဟု တင်ပြရပေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.