Connect with us

Politics, Law & Military

တရုတ်နိုင်ငံရဲတပ်ဖွဲ့က စာမေးပွဲတွင် စာကူးချနိုင်သည့် ကိရိယာများကို လိုက်လံဖမ်းဆီး

တရုတ်နိုင်ငံရဲတပ်ဖွဲ့ ဝင်တစ်ဦးက စာမေးပွဲခန်းအား CCTV ကင်မရာမှတဆင့် ကြည့်ရှု စစ်ဆေးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရဲတပ်ဖွဲ့က နိုင်ငံအတွင်းရှိ ကောလိပ်ကျောင်းများဝင်ခွင့်စာမေးပွဲများတွင် စာကူးချမှုများမဖြစ်ပေါ်စေရန် မေလ နှောင်းပိုင်းကတည်းက ဆောင်ရွက်နေပြီး အဆင့်မြင့်နည်းပညာသုံး စာကူးချ နိုင်သောကိရိယာများ ရောင်းချခြင်း နှင့် ထုတ်လုပ်ခြင်းကို လိုက်လံဖမ်းဆီးလျက်ရာ ပြစ်မှုပေါင်း ၁၂ ခုထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးအတွင်း သံသယရှိသူ ၅ဝ ဦးထက်မနည်း နှင့် ကြိုးမဲ့ စာကူးချနိုင်သည့် ကိရိယာပေါင်း ၁ဝဝ,ဝဝဝ ကျော်ကို ဖမ်ဆီးရမိခဲ့ကြောင်း ၊ လိမ်လည်မှုနှင့်ဆက်နွယ်သည့် ငွေသား ယွမ်သန်းပေါင်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဇွန်လ ၄ ရက် ထုတ်ပြန်ချက် အရသိရသည်။

၂ဝ၁၈ ခုနှစ် အစောပိုင်းမှ စတင်ကာ ဝန်ကြီးဌာနသည် ဒေသတွင်း အာဏာပိုင်အဖွဲ့များနှင့်ပူးပေါင်း၍ စာကူးချနိုင်သော ကိရိယာများ ထုတ်လုပ်သည့် ကွန်ရက် နှင့် အွန်လိုင်းပေါ် ရောင်းဝယ်ဖောက်ကားမှုများကို ပိုက်စိပ်တိုက် စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးမှု စစ်ဆင်ရေးအတွင်း ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့ပေါင်း ၁ဝဝ ကျော် နှင့် သံသယရှိသူပေါင်း ၅ဝဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ ပြစ်မှုကျူးလွန်တာတွေ ဖော်ထုတ်ဖို့ နဲ့နိုင်ငံရဲ့ စာမေးပွဲတွေ လုံခြုံမှုရှိအောင် လုပ်ဖို့က အရေးကြီးပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

နိုင်ငံ၌ ကျင်းပသော စာမေးပွဲများ ရိုးဖြောင့်မှု ၊ ညီမျှမှု နှင့် တရားဥပဒေကြောင်းအရ လုံခြုံမှုများ ရှိစေရန် တရားမဝင် လုပ်ဆောင်မှုများ ဖော်ထုတ်နှိမ်နင်းရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.