Connect with us

Politics, Law & Military

သမ္မတရှီ အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အခမ်းအနားတက်ရောက်မည်

အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း ၁၉ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ရန် ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်ထိ မကာအိုသို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ လည်း ဖြစ်သူ ရှီသည် ပဉ္စမမြောက် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အစိုးရဖွဲ့စည်းခြင်းအခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။ထို့ပြင် သမ္မတရှီကျင့်ဖိန်သည် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအတွင်း လှည့်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)