Connect with us

Politics, Law & Military

၂၀၁၆ ခုနှစ်အား ကောင်းခြင်းများစွာဖြင့် စတင်နိုင်ပါစေကြောင်း တရုတ်သမ္မတ ရှီ နှုတ်ခွန်းဆက်ပြောကြား

တရုတ်နိုင်ငံ နိုင်ငံပိုင် အသံလွှင့်ဌာနမှ တဆင့် တရုတ်သမ္မတ ရှီကျင့်ဖိန် နှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ဆင်းရဲမွဲတေမှု လျှော့ချခြင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၌ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ အကြောင်းကို အလေး ထားပြီး ၂၀၁၆ နှစ်သစ် နှုတ်ခွန်းဆက် စကားအဖြစ် သမ္မတရှီက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က မိန့်ခွန်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံပိုင် အသံလွှင့်ဌာနက တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဉ်တွင် အလေးထားမှုများနှင့် ကြွယ်ဝချမ်းသာ သော လူမှုအဖွဲ့အစည်း တည်ဆောက် ရေးဆွဲခြင်းအား ကောင်းမွန်စွာ စတင်ရေးအတွက် ယုံကြည်မှုရှိသလို ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတ ရှီက တရုတ်ကွန်မြူနစ်ပါတီ (CPC) အစည်းအဝေးတွင် ကတိပေးထားသည့် လာမည့် ငါးနှစ်အ တွက် ဖွံ့ဖြိုးမှု စီမံကိန်းအား တွန်းအားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူ ၁၀ သန်း ၏ ဘဝ အခြေအနေ မြှင့်တင်ပေးနိုင်မည့် အစီအစဉ်သည် ထိပ်ဆုံး ဦးစားပေး အဆင့်တွင် ပါဝင်ပြီး ထိုရည်မှန်း ချက် ပန်းတိုင်သို့ ရောက်အောင် အားထုတ်ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

“အခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူများရဲ့ နှလုံးသားထဲအထိ နွေးထွေးမှုတွေ ရရှိစေဖို့ ကျွန်တော်တို့ ဂရု စိုက်သင့်တယ်” ဟု ရှီက မိန့်ခွန်း ပြောကြားခဲ့သည်။

သမ္မတ ရှီက လူမျိုးစု အဖွဲ့များ၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် စသည်တို့၌ နေထိုင်ကြသော တရုတ်လူမျိုး များနှင့် အခြားသော နိုင်ငံများမှ ဆွေမျိုး ပေါက်ဖော်များအားလုံးကိုလည်း နှစ်သစ်ဆုမွန်ကောင်း ပေးပို့ခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် ၂၄ ကြိမ်မြောက် အိုလံပစ်ပွဲအား ပေကျင်းတွင် ကျင်းပခွင့် ရရှိခြင်း၊ ယွမ်ငွေအား နိုင်ငံတကာငွေကြေး ရန်ပုံငွေ Special Drawing Rights ၏ ငွေ ကြေး Basket ထဲသို့ ပါဝင်ခွင့်ရခြင်း၊ ပထမဆုံး တရုတ်နိုင်ငံထုတ် ခရီးသည်တင် လေယာဉ် C919 အား ထုတ်လုပ် ပြသနိုင်ခဲ့ခြင်း၊ Tianhe-2 စူပါကွန်ပြူတာသည် ကမ္ဘာ့စွမ်းအား အပြည့်ဆုံး စနစ်အား ခြောက်နှစ် ဆက်တိုက် ပိုင်ဆိုင်ထားခြင်း၊ တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသကြည့် အဝေးကြည့်မှန်ပြောင်းဖြင့် အာကာသ အတွင်း ရှိနေသည့် လျို့ဝှက်သော အရာများအား ရှာဖွေနိုင်ခြင်းနှင့်တရုတ်လူမျိူး တူယို့ယို့က ဆေးပညာ ဆိုင်ရာ နိုဘယ်လ်ဆုအား ဆွတ်ခူးနိုင်ခြင်း စသည့် သမိုင်းဝင် အမှတ်တရများအား ယူဆောင်ပေးနိုင်ခဲ့သည်။

နိုင်ငံတကာ ရေးရာနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံသည် ပျက်ကွက်မှု မရှိခဲ့သလို ကမ္ဘာကလည်း တရုတ်နိုင် ငံ၏အဖြေများနှင့် စကားသံများအား ရှေ့ဆက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာကြီး အား တံခါးဖွင့် ကြိုဆိုသွားမည် ဖြစ်ကြောင်း ရှီကပြောသည်။

“ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက် တစ်ခုတည်းသော ကမ္ဘာ၊ တစ်ခုတည်းသောနေအိမ်သာလျှင် ရှိတယ်” ဟု သမ္မတ ရှီက မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

သမ္မတရှီက ယခုကဲ့သို့ နှစ်သစ်နှုတ်ခွန်းဆက် စကားပြောကြားခြင်းသည် ၂၀၁၃ ခုနှစ်မှစ၍ သုံးကြိမ်မြောက် နှစ်သစ်ကူး မိန့်ခွန်းပြောကြားခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.