Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဒုတိယ သမ္မတ က ဘီလာရုစ် နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီး သွားရောက်

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း နှင့် ဘီလာရုစ် နိုင်ငံ သမ္မတ Alexander Lukashenko တွေ့ဆုံစဉ်(ဆင်ဟွာ)

မင်းစ်ခ် ၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း (Wang Qishan) သည် ဘီလာရုစ် နိုင်ငံ သို့ မေလ ၂၇ ရက် မှ ၂၉ ရက် အထိ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် သွားရောက် ခဲ့ပြီး ခရီးစဉ် အတွင်း ဘီလာရုစ် နိုင်ငံ သမ္မတ Alexander Lukashenko ၊ ဝန်ကြီးချုပ် Andrei Kobyakov တို့ နှင့် မင်းစ်ခ် မြို့ ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့ကြောင်း သိရသည်။

ဘီလာရုစ် နိုင်ငံ သမ္မတ Alexander Lukashenko နှင့် တွေ့ဆုံစဉ် ဝမ်ချီစန်း က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အား လွန်စွာ အလေးထားပြီး လတ်တလော နှစ်ပိုင်း တွင် နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ ဦးဆောင်မှု ဖြင့် ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ကို တည်ထောင် နိုင်ခဲ့ကာ နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အတွက် ကျယ်ပြန့်သည့် အလားအလာ ကို ဖော်ဆောင် နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဘီလာရုစ် နိုင်ငံ မှ မိမိ နိုင်ငံ ပြည်တွင်း အခြေအနေ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းခြင်း ကို လေးစားမှု ထားရှိပြီး ဘီလာရုစ် နိုင်ငံ မှ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် တွင် ထင်ရှား သည့် အောင်မြင်မှု များရရှိခဲ့သည့် အပေါ် ဝမ်းမြောက်ကြောင်း ၊ တရုတ်-ဘီလာရုစ် နှစ်နိုင်ငံ အတူတကွ ကြိုးပမ်း အားထုတ်မှုကြောင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်း လာစေခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဆက်လက်၍ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ကို ပိုမိုနက်ရှိုင်း အောင် ဆောင်ရွက်ပြီး လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ကို အတူတကွ တည်ဆောက်သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ နှင့် အစီအစဉ် များကို ပိုမို ချိတ်ဆက်သွားပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ကို အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း ၊ တရုတ်-ဘီလာရုစ် စက်မှုဇုန် တည်ဆောက်ရေး မှာ တိုးတက်မှု များစွာ ရရှိခဲ့သဖြင့် ၎င်းအား ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ၏ စံနမူနာ စီမံကိန်း တစ်ခု ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဘီလာရုစ် နိုင်ငံ အား ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) တွင် လေ့လာရေး နိုင်ငံ အနေဖြင့် ပါဝင်ပြီး SCO တိုးတက်ရေး အတွက် အပြုသဘောဆောင် သည့် အခန်းကဏ္ဍ တွင် ပါဝင်ခြင်း ကို ဆက်လက်ထောက်ခံ အားပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း နှင့် ဘီလာရုစ် နိုင်ငံ ဝန်ကြီးချုပ် Andrei Kobyakov တွေ့ဆုံစဉ်(ဆင်ဟွာ)

ဘီလာရုစ် နိုင်ငံ သမ္မတ Alexander Lukashenko က SCO တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တွေ့ဆုံမှု ပြုလုပ်မည့် အပေါ် မျှော်လင့်နေကြောင်း ၊ ဘီလာရုစ် နှင့် တရုတ် နိုင်ငံ တို့သည် ကာလရှည်ကြာသည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိပြီး အပြန်အလှန် ယုံကြည်မှု နှင့် တန်းတူညီမျှ ဆက်ဆံမှု တည်ရှိခြင်း တို့ကြောင့် တရုတ် နိုင်ငံ သည် ဘီလာရုစ် နိုင်ငံ မှ လုံးဝယုံကြည်အားကိုး ရသည့် မဟာဗျူဟာ မိတ်ဖက် နိုင်ငံ ဖြစ်ကြောင်း ၊ ဘီလာရုစ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အကြံပြု ခဲ့သည့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း နှင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တို့အား အတူတည်ဆောက်ရေး ကို လွန်စွာ ထောက်ခံအားပေးကြောင်း ၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ တို့ကို တက်ကြွစွာ ချိတ်ဆက် သွားလိုပြီး နှစ်နိုင်ငံ အတူတကွ တည်ဆောက်သည့် စက်မှုဇုန် အား ခေတ်သစ်ပိုးလမ်းမကြီး စီးပွားရေးဇုန် ၏ အမှတ် သင်္ကေတ ဖြစ်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ဘီလာရုစ် နိုင်ငံ ဝန်ကြီးချုပ် Andrei Kobyakov နှင့် တွေ့ဆုံစဉ် ဝမ်ချီစန်း က လက်တွေ့ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ခြင်း သည် နှစ်နိုင်ငံ ဆက်ဆံရေး ၏ အခြေခံ အုတ်မြစ် ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဖလှယ်မှု သည် အဆက်မပြတ် ပိုမို နက်ရှိုင်းလာကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင် တို့ ရရှိထားသည့် သဘောတူညီချက် များကို လက်တွေ့အကောင်အထည် ဖော်သွားပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဘီလာရုစ် နိုင်ငံ ဝန်ကြီးချုပ် Andrei Kobyakov က နှစ်နိုင်ငံ ၏ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု သည် အလားအလာ များစွာ တည်ရှိနေကြောင်း ၊ ဘီလာရုစ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းအောင် အလေးထား ဆောင်ရွက်နေပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး အဆင့် မြှင့်တင်ရန် အတွက် သဘောတူညီကြောင်း ၊ ကုန်သွယ်ရေး ဖွဲ့စည်းမှု ကို ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ပြီး ဘီလာရုစ် နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေ ဖန်တီး ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု မစတင်မီ ဘီလာရုစ် နိုင်ငံ ဝန်ကြီးချုပ် Andrei Kobyakov က တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း အား ကြိုဆိုပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.