Connect with us

Politics, Law & Military

“ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု” နှင့် တရုတ်နိုင်ငံ၏ အဓိကနိုင်ငံခြားရေးမူဝါဒ

ရှေ့ ခေတ်ကုန်သွယ်ရေးကို ဖော်ညွန်းသည့် ကန္တရအတွင်း သစ်ကုလားအုပ်များဖြင့် ကုန်ပစ္စည်းများကို သယ်ဆောင်နေပုံ(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုကို ၂၁ ရာစု ပင်လယ်ရေကြောင်းဆိုင်ရာ ပိုးလမ်းမကြီး နှင့် ပိုးလမ်းမ စီးပွားရေးရပ်ဝန်း တို့ဖြင့် ပေါင်းစပ် ဖွဲ့စည်း ထားခြင်းဖြစ်သည်။ ရှေ့ခေတ်ပိုးလမ်းမကြီး၏ လမ်းကြောင်းများ(သို့မဟုတ်) ထို့ထက်ပိုမိုတိုးချဲ့၍ အာရှတိုက်ကို ဥရောပတိုက် နှင့် အာဖရိကတိုက်များသို့ အခြေခံအဆောက်အအုံပိုင်းများ ချိတ်ဆက်ရန် နှင့် ကုန်သွယ်ရေး တည်ဆောက်ရန်အတွက် ရည်ရွယ်ထားသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် ကာဇက်စတန်နိုင်ငံ Nazarbayev တက္ကသိုလ်၌ “ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ခြင်း နှင့် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုကို ဖန်တီးခြင်း” ဟူသော ခေါင်းဆောင်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီး ပိုးလမ်းမ စီးပွားရေးရပ်ဝန်း တည်ဆောက်ရန်အတွက် ပထမဦးဆုံး အဆိုပြု ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်၌ “ တရုတ်-အာဆီယံ အသိုက်အဝန်းကြား အပြုသဘောဆောင်သည့် ပူးတွဲဆောင်ရွက်ခြင်း ဘုံဦးတည်ချက်” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီး ၂၁ ရာစု ပင်လယ်ရေကြောင်းဆိုင်ရာ ပိုးလမ်းမကြီးကို တည်ဆောက်ရန် ပထမဆုံးအကြိမ် အဆိုပြုခဲ့သည်။

ပိုးလမ်းမစီးပွားရေးရပ်ဝန်းသည် ကမ္ဘာ့အရှည်ဆုံး စီးပွားရေး စြင်္ကန် တစ်ခုဖြစ်ပြီး အရှေ့အရပ်ရှိ အာရှ-ပစိဖိတ်ဒေသကို အနောက်အရပ်ရှိ စီးပွားရေး ဖွံ့ဖြိုးပြီးဖြစ်သော ဥရောပနှင့် ချိတ်ဆက်ပေးမည့် အလွန် အရေးပါသော စီးပွားရေးရပ်ဝန်းတစ်ခုဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၂၁ ရာစုပင်လယ်ရေကြောင်းဆိုင်ရာ ပိုးလမ်းမသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ၊ တောင်အာရှ ၊ အနောက်အာရှ ၊ မြောက်အာဖရိက နှင့် ဥရောပတိုက် များကို ဆက်သွယ်ပေးမည့် တိုက်ချင်းဆက် ဈေးကွက်များ ဖော်ဆောင်ပေးမည့် ကွန်ရက်ကြီးတစ်ခု ဖြစ်သလို တောင်တရုတ်ပင်လယ် နှင့် ပစိဖိတ် နှင့် အိန္ဒိယ သမုဒ္ဒရာများအတွက် မဟာဗျူဟာမြောက် မိတ်ဖက် တစ်ခုလည်း ဖြစ်သည်။

ပိုးလမ်းမ၏ ရည်ရွယ်ချက်မှာ သူနိုင်ကိုယ်နိုင် (Win-Win ) အဖြေရှာတွင် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အပြန်အလှန်လေ့လာသင်ယူခြင်း ၊ အားလုံးပါဝင်ဆောင်ရွက်ခြင်း ၊ တန်းတူညီမျှမှု နှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု ၊ စည်းလုံးညီညွတ်မှု နှင့် အပြန်အလှန်ယုံကြည်မှု တို့ကို ဖော်ဆောင် ခြင်းတို့ဖြစ်သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုရည်ရွယ်ချက်အတွက် အမေရိကန်ဒေါ်လာ ၄ဝ ဘီလီယံကို ထည့်ဝင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ပိုးလမ်းမရန်ပုံငွေကို စတင် တည်ထောင်ခဲ့သည်။ အဆိုပါ ရန်ပုံငွေသည် ပင်လယ်ရေကြောင်းပိုးလမ်းမများ နှင့် ကုန်းမြေပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများ၏ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ၊ သဘာဝအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု နှင့် အခြေခံအဆောက်အအုံပိုင်းများတည်ဆောက်မှုတွင် ပံ့ပိုးသွားရန် ဖြစ်သည်။

ဒေသတွင်းအစိုးရအုပ်ချုပ်ရေးယန္တရား ဖွံ့ဖြိုးတိုးတက်စေရန်ဦးတည်ချက်ထားပြီး အခြေခံအဆောက်အအုံပိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီရန်အတွက် ၂ဝ၁၅ ခုနှစ်တွင် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ကို တည်ထောင်ခဲ့သည်။၎င်းမှာ နိုင်ငံပေါင်းစုံ ဘဏ္ဍာရေးကဏ္ဍအတွက် တရုတ်နိုင်ငံ၏ ပထမဆုံးအကြိမ် ထောက်ပံ့ပေးမှုဖြစ်သည်။ ၂ဝ၁၇ ခုနှစ် မတ်လ ကုန်ပိုင်းတွင် AIIB ဘဏ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၇ဝ ထိရှိလာပြီး ကမ္ဘာ့ဘဏ်ပြီးနောက် ဒုတိယအကြီးဆုံး ဘဏ်အဖွဲ့အစည်းတစ်ခုဖြစ်လာသည်။

ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုကို တည်ဆောက်ရန် အမျိုးသားအဆင့် လေ့လာမှုတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး အကောင်အထည်ဖော်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း ၊ လမ်းညွှန်မှုကို ဖန်တီးပေးခြင်း ၊ မူဝါဒနှင့်စီမံကိန်းများ ၊ အစီအစဉ်များ နှင့်ဆက်စပ်သော အရေးကြီးအကြောင်းအရာများကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။

သမ္မတရှီသည် ကာဇက်စတန်နိုင်ငံ Nazarbayev တက္ကသိုလ်၌ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၇ ရက်က မိန့်ခွန်းပြောကြားစဉ် ပိုးလမ်းမ စီးပွားရေးရပ်ဝန်း တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ချဉ်းကပ်ပုံ လမ်းကြောင်း ၅ ခုကို ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းတို့မှာ မူဝါဒဆိုင်ရာ မြှင့်တင်ခြင်း ၊ ကုန်မြေ နိုင်ငံအကြား ချိတ်ဆက်ဆောင်ရွက်ခြင်း ၊ ထိခိုက်ပျက်စီးလွယ်မှု မရှိသော ကုန်သွယ်ခြင်း ၊ ငွေကြေးလဲလှယ်မှု လွယ်ကူစေခြင်း နှင့် ပြည်သူအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရန် နီးကပ်စေခြင်း တို့ဖြစ်သည်။

၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော် နှင့် နိုင်ငံတကာ နှင့် ဒေသတွင်း အဖွဲ့အစည်းများစွာ တို့သည် ပိုးလမ်းကြီးအစပျိုးဖော်ဆောင်မှုကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်ကြရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။ ၎င်းတို့အနက် ၄ဝ ကျော်က တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန်သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

၂ဝ၁၃ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီးပေါ်က နိုင်ငံများတွင် အမေရိကန်ဒေါ်လာ ၅ဝဘီလီယံကျော်ကို ရင်းနှီးမြှုပ်နံှ ခဲ့သည်။ ၂ဝ၁၆ ခုနှစ်တစ်နှစ်ထဲတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၄.၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး (သို့မဟုတ်) တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၈.၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများနှင့် ၂ဝ၁၆ ခုနှစ်တွင် စီမံကိန်းသစ်များအတွက် အမေရိကန်ဒေါ်လာ ၁၂၆ ဘီလီယံကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပြီး နှစ်အလိုက် ၃၆ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

၂ဝ၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပိုးလမ်းမကြီး တစ်လျှောက်နိုင်ငံများနှင့် ကုန်သွယ်မှုတန်ဖိုးသည်ယွမ်ငွေ ၆.၂၅ ထရီလီယံ( အမေရိကန်ဒေါ်လာ ၉ဝ၆.၃ ဘီလီယံ) ရှိခဲ့ပြီး ဝ.၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပိုးလမ်းမကြီးပေါ်ရှိ နိုင်ငံပေါင်း ၂ဝ ကျော်တွင် တရုတ်နိုင်ငံသည် စီးပွားရေးနှင့်ကုန်သွယ်ရေးဇုန်ပေါင်း ၅၆ ခုကို တည်ဆောက်ခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံ ထိရောက်ရှိခဲ့ပြီး ၎င်းနိုင်ငံများအတွက် အခွန်စည်းကြပ်မှုမှ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ နှင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၈ဝ,ဝဝဝ ခန့်ကို ဖန်တီးပေးနိုင်ခဲ့သည်။

တရုတ်နိုင်ငံ နှင့် စက်မှုပိုင်းဆိုင်ရာ အရည်အသွေးပူးပေါင်းဆောင်ရွက်မှုစနစ်ကို လုပ်ကိုင်နေသည့် နိုင်ငံပေါင်း ၂ဝ နီးပါးရှိသည်။ မှတ်သားစရာတစ်ခုမှာ တရုတ်နိုင်ငံ နှင့် ကာဇက်စတန်နိုင်ငံတို့အကြား အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံတန်ဖိုးရှိ အဓိကပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၅၁ ခုကို လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်ရှိနိုင်ငံများ နှင့် နိုင်ငံချင်း ချိတ်ဆက်ဆောင်ရွက်မှုကို တိုးမြှင့်ရန် နှစ်ဖက်ဆက်ဆံရေး နှင့် ဒေသတွင်း ပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက်ပေါင်း ၁၃ဝ ကျော်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

တရုတ်-ဥရောပ မီးရထားပို့ဆောင်ရေးကို ဥရောပတိုက်အတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ မြို့ပေါင်း ၂၈ မြို့နှင့် ၂ဝ၁၁ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ ယင်းကာလအတွင်း ရထားခေါက်ရေပေါင်း ၃၅ဝဝ ကျော် သွားရောက်ခဲ့ပြီး လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နှစ်လျင် ရထားခေါက်ရေပေါင်း ၅ဝဝဝ ထိ တိုးမြှင့် ခုတ်မောင်းနိုင်ရန် စီစဉ်ထားသည်။

တရုတ်-ပါကစ္စတန်စီးပွားရေးစြင်္ကန်သည် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုတွင် လုပ်ဆောင်နေသော စီးပွားရေးစြင်္ကန် ၆ ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ အဓိကရထားလမ်းပိုင်းများ ၊ ရထားပို့ဆောင်ရေး နှင့် ပင်လယ်ဆိပ်ကမ်းစီမံကိန်းများသည် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၎င်းစီးပွားရေးစြင်္ကန်သည် လျင်မြန်စွာ တိုးတက်လျက်ရှိသည်။

ခေတ်သစ်ပိုးလမ်းမကြီးတွင် စတင်တည်ဆောက်လျက်ရှိသော (သို့မဟုတ်) ပြီးစီးလုနီးပါးရှိသော အကြီးဆုံး ပို့ဆောင်ရေးအခြေခံအဆောက်အအုံစီမံကိန်းများမှာ သီရိလင်္ကာနိုင်ငံတွင် ကိုလံဘိုသင်္ဘောဆိပ်ကမ်း နှင့် Hambantota ဆိပ်ကမ်း ၊ အင်ဒိုနီးရှားနိုင်ငံတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းပိုင်း နှင့် ကင်ညာနိုင်ငံတွင် မွမ်ဘဇာ-နိုင်ရိုဘီ ရထားလမ်းပိုင်း စီမံကိန်းတို့ပါဝင်သည်။

၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးပေါ်ရှိ နိုင်ငံများနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်ဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်များအကို အကောင်အထည်ဖော်ရန် နှင့် ဒေသတွင်းအစိုးရအုပ်ချုပ်ရေးယန္တရား သဘောတူညီချက် ပေါင်း ၃ဝဝ ကျော်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် ပိုးလမ်းမကြီးပညာတော်သင်ဆုကို တရားဝင်တည်ထောင်ခဲ့ပြီး ပိုးလမ်းမကြီးနိုင်ငံများ နှင့် အနုပညာပွဲတော်များ နှင့် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများကို ပံ့ပိုးကူညီခဲ့သည်။

ရှေ့ခေတ်ပိုးလမ်းမကြီးကို ၂ဝ၁၄ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်(UNESCO) စာရင်းသွင်းခဲ့ပြီး ရေကြောင်းဆိုင်ရာပိုးလမ်းမအတွက် စာရင်းထဲပါဝင်နိုင်ရန် ပူးတွဲလျှောက်ထားမှုကို စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.