Connect with us

Politics, Law & Military

တရုတ်-အာဆီယံ ဘုံအကျိုးစီးပွား ယူဆောင်ရန် နက်ရှိုင်းစွာ ထောက်ခံ


နန်နင်း ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

“ အကျိုးအမြတ်များကို မျှဝေခံစားခြင်း” ၊ “ ဘုံဦးတည်ချက်” နှင့် “ အားလုံးဖွံ့ဖြိုးတိုးတက်ရေး” ဟူသည့် ရည်ရွယ်ချက်များဖြင့် ၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါကုန်စည်ပြပွဲကို “ ၂၁ ရာစု ပင်လယ်ရေကြောင်းဆိုင်ရာ ပိုးလမ်းမကြီးကို အတူတကွတည်ဆောက်ရန် ၊ ခရီးသွားလုပ်ငန်းကို အမှီပြု၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းတိုးတက်အောင် မြှင့်တင်ရန်” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ကုန်စည်ပြပွဲသည် ရှေးခေတ်ကုန်သွယ်ရေးလမ်းကြောင်း နှင့် တရုတ် နှင့် အာဆီယံနိုင်ငံများအကြား နှစ်ဖက်အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် စိတ်ဓာတ်ခွန်အားသစ်ကို ထိုးသွင်းပေးရန် မျှော်လင့်ထားသည်။

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မိန့်ခွန်းပြောကြားနေသော ဒုတိယဝန်ကြီးချုပ် ကျန်းကောလိ အားတွေ့ရစဉ်(ဆင်ဟွာ)

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဖွင့်ပွဲမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဖွင့်ပွဲမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဖွင့်ပွဲမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

“ တရုတ်နိုင်ငံက အဆိုပြုခဲ့တဲ့ ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုဟာ တစ်ချိန်တည်းမှာပဲ တစ်ကမ္ဘာလုံးအတွက် အကျိုးအမြတ်တွေကို ယူဆောင်ပေးမှာပါ” ဟု တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ကျန်းကောလိက တရုတ်နိုင်ငံ တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် ကုန်စည်ပြပွဲ ဖွင့်ပွဲ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ်သည် အာဆီယံ ၏ နှစ် ၅ဝ ပြည့် အခါသမယဖြစ်ပြီး လာမည့်နှစ်တွင် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၁၅ နှစ်မြောက် အခါသမယ ဖြစ်လာမည်။

လွန်ခဲ့သော နှစ်များက နှစ်ဖက်စလုံးသည် ကုန်သွယ်ရေး ၊ မူဝါဒရေးရာ ၊ အခြေခံအဆောက်အအုံ နှင့် ပြည်သူအချင်းချင်းဖလှယ်မှုများတွင် နယ်ပယ်ကဏ္ဍစုံ၌ ကြီးမားစွာ လက်တွဲ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ နှစ်ဖက်ဆက်ဆံရေး နီးကပ်စွာ ခိုင်မြဲလာသည်နှင့်အမျှ ကျယ်ပြန့်သော အားပေးထောက်ခံမှုလည်း နက်ရှိုင်းစွာ ရှိလာမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.