Connect with us

Politics, Law & Military

ခေတ်သစ် ပိုးလမ်းမကြီး ပူးပေါင်း ဆောင်ရွက်ရန် တရုတ ်နှင့် ယူအေအီးနိုင်ငံတို့ ကတိပြု

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် ယူအေအီး မင်းသားကြီး အဘူဒါဘီရှိတ်မိုဟာမတ်ဘင်ဇာရတ်အယ်လ်-နာရန် တို့ တရုတ်နိုင်ငံ ပေကျင်းတွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ယူအေအီး အိမ်ရှေ့မင်းသား အဘူဒါဘီရှိတ်မိုဟာမက်ဘင်ဇာရတ် တို့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့က ပေကျင်းမြို့တွင် တွေ့ဆုံ၍ ခေတ်သစ်ပိုးလမ်းမကြီး မူဘောင် အတွင်း လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် မြှင့်တင်ကြရန် သဘောတူခဲ့ကြသည်။

တရုတ်နိုင်ငံ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့အကြား ဆက်ဆံရေး အစဉ်အတိုင်း တိုးတက်ခြင်း အပေါ် ချီးကျူးကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့ပြီး ယူအေအီးနိုင်ငံအား ပင်လယ်ကွေ့ နိုင်ငံ များအတွင်း မိတ်ဆွေကောင်း နှင့် မိတ်ဖက်ကောင်း တစ်ဦးအဖြစ် အလေးထားကြောင်း၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေနှင့် ယူအေအီး နှင့်အတူ မူဝါဒ မြှင့်တင်၍ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းမှု၊ အခြေခံအဆောက် အအုံ၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ အာကာသလုပ်ငန်း စသည့် စီမံကိန်း ချိန်ညှိမှုများ လုပ်ဆောင်ရန် အဆင်သင့် ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရှီ သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများအား မီးမောင်းထိုးပြသည့် ပူးတွဲ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတည် ထောင်ရန် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ပြည်သူ့ခန်းမ၌ ၎င်းတို့နှစ်ဦး တွေ့ဆုံပြီးနောက် ရှီနှင့် ရှိတ်တို့အား သက်သေထား၍ ရန်ပုံငွေအတွက် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်နိုင်ငံသည် အာရှ အခြေခံရင်းနှီးမြှုပ်နှံမှု အဆောက်အအုံဘဏ် (AIIB)အား ငွေကြေးဆိုင်ရာ ပေါင်းကူး တစ်ခုအဖြစ် လုပ်ဆောင်၍ နှစ်ဘက် အကျိုးရလဒ်များ ဖော်ဆောင်ရန် နှင့် ဒေသတွင်း ချိတ်ဆက်မှု နှင့် စီးပွား ရေးဖွံ့ဖြိုးမှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ရှီက ဆိုသည်။

ယူအေအီးနိုင်ငံ အနေဖြင့်လည်း ခေတ်သစ် ပိုးလမ်းမကြီးတွင် ပါဝင် ထောက်ပံ့မည် ဖြစ်ကာ AIIB တွင်လည်း တက်ကြွစွာ ပါဝင်သွားမည် ဖြစ်သလို အာဖရိကတိုက်အတွင်း ဘက်သုံးဖက် ပိုမို ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း မင်းသားကြီး အဘူဒါဘီရှိတ်မိုဟာမက်ဘင်ဇာရတ်က ပြောသည်။

ယူအေအီး နိုင်ငံများ အနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ရေးရာများတွင် တရုတ်နိုင်ငံနှင့်အတူ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှိတ်မိုဟာမက်က ဖြည့်စွက်ပြောကြား ခဲ့သည်။

၎င်းတို့တွေ့ဆုံစဉ်အတွင်း တရုတ်နှင့် ပင်လယ်ကွေ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အမြင်များ ကိုဖလှယ်ခဲ့ကြသည်။

ရှိတ်မိုဟာမက်သည် တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင်၏ ဖိတ်ကြားချက်ဖြင့် လေးရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.