Connect with us

Politics, Law & Military

ဆက်ဆံရေး ပိုမိုခိုင်မာရန် တရုတ်နှင့် ပါကစ္စတန် သမ္မတတို့ တွေ့ဆုံ ကတိပြု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ မမ်နွန်ဟူစိန် တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ မမ်နွန်ဟူစိန် တို့သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှီကျန်းပြည်နယ် အရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ဝူရှန်တွင် ဒီဇင်ဘာလ ၁၆ ရက်၌ တွေ့ဆုံ၍ တရုတ်-ပါကစ္စ တန် စီးပွားရေး စြင်္က ံ (China-Pakistan economic Corridor= CPEC) ကို အဆင့်မြှင့်တင်ရန် နှင့် နယ်ပယ် စုံတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် ကတိပြုခဲ့ကြသည်။

၎င်းတို့ နှစ်ဦးသည် ဒီဇင်ဘာလ ၁၆ ရက် မှ ၁၈ ရက်အထိ ကျင်းပမည့် ဒုတိယ အကြိမ်မြောက် ကမ္ဘာ့အင်တာ နက် ညီလာခံ ကျင်းပနေစဉ်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“ပါကစ္စတန် နဲ့ အတူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် နယ်ပယ်စုံတွင် လုပ်ဆောင်ရန် နှင့် ပိုမိုတောင့်တင်းသည့် ပူးပေါင်းဆောင်ရွက်မှုအား ရှာဖွေရန် ကျွန်တော်တို့ အဆင်သင့်ရှိတယ်” ဟု ရှီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား အဆင့်မြင့် ဆက်ဆံရေး ဆက်လက် လုပ်ဆောင်ရန် ရှီက ပြောကြားခဲ့သလို နှစ်ဘက် အစိုးရ၊ လွှတ်တော်များ၊ ပါတီများနှင့် လက်နက်ကိုင် အဖွဲ့များအကြား ဖလှယ်ကြရန်လည်း ပြောကြားခဲ့သည်။

ထို့ပြင် CPEC ၏ စီမံကိန်းများအား ဆောလျင်စွာ တည်ထောင်ရာတွင် ပိုမို အားထုတ် ရန်၊ စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဖလှယ်ကြရန် နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာနှင့် ဒေသတွင်း ရေးရာများ၌ ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရန် အတွက်လည်း ရှီက တိုက်တွန်း ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ပါကစ္စတန် ရင်းနှီးစွာ ဖလှယ်ရေးနှစ် ဖြစ်သလို လာမည့်နှစ်သည်လည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၆၅ နှစ် ပြည့်မြောက်သည့်နှစ်လည်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ သမ္မတ ဟူစိန်ကလည်း ပါကစ္စတန်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုများအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ပေးခြင်းနှင့် ပတ်သက်သည့် သဘေထားများအား ဖော်ပြခဲ့သည်။

ကုန်သွယ်မှု၊ အခြေခံအဆောက်အအုံနှင့် လုံခြုံရေး စသည့် နယ်ပယ်များ၌ နည်းလမ်း နှစ်မျိုးဖြင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်အား ကြိုဆို ဂုဏ်ပြုလိုက်ကြောင်းနှင့် CPEC တည်ထောင်ခြင်းနှင့် တည်ဆောက်ခြင်း ကလည်း ကျေနပ်ဖွယ် ရလဒ်များ စွမ်းဆောင် နိုင်ခဲ့ကြောင်း ဟူစိန်က ပြောကြားခဲ့သည်။ (Xinhua)