Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေ တို့နှစ်နိုင်ငံဆက်ဆံရေး နှင့် ကိုရီးယားကျွန်းဆွယ်အရေး တို့အပေါ် ဖုန်းဖြင့် ဆွေးနွေး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေတို့ နှစ်ဦး လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေ တို့သည် စက်တင်ဘာလ ၂၅ ရက်က နှစ်နိုင်ငံဆက်ဆံရေး နှင့် ကိုရီးယားကျွန်းဆွယ် အရေးတို့အပေါ် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးစဉ် သမ္မတရှီကျင့်ဖိန်က ဇူလိုင်လတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ကျင်းပခဲ့သော G20 ထိပ်သီးဆွေးနွေးပွဲအတွင်း ၂၁ ရာစု တရုတ်-ဗြိတိန် ကမ္ဘာလုံးလွှမ်းခြုံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုုင်းစွာတည်ဆောက်ရန် နှင့် နှစ်နိုင်ငံဆက်ဆံရေး “ ရွှေရောင်ခေတ်” ကို ဆက်လက်တည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ဗြိတိန် နှစ်နိုင်ငံသည် သံအမတ်ကြီးအဆင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်မြောက်အခါသမယဖြစ်ကြောင်းသည်။ နှစ်နိုင်ငံစလုံးအနေဖြင့် အဆင့်မြင့်ကိုယ်စားလှယ်များအပြန်အလှန်ဆက်ဆံမှုကို ထိန်းသိမ်းထားသင့်ကြောင်း ၊ နယ်ပယ်ကဏ္ဍစုံတွင် တွေ့ဆုံဆွေးနွေးရေးယန္တယားကို တိုးမြှင့်ခြင်း ၊ တရုတ်-ဗြိတိန် နှစ်နိုင်ငံအကြား စီးပွားရေး ၊ ကုန်သွယ်ရေး နှင့် ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း တိုးမြှင့်လုပ်ဆောင်ခြင်းကို အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီးမူဘောင်အောက်တွင် နှစ်နိုင်ငံအကြား ဖွံ့ဖြိုးရေးမဟာဗျူဟာကို နက်ရှိုုင်းစွာတည်ဆောက်ရန် နှင့် ကမ္ဘာ့တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးရေးကို ထိန်းသိမ်းရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် လုပ်ဆောင်သွားသင့်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

ထို့ပြင် ရှီက ကိုရီးယားကျွန်းဆွယ်အရေးတွင် တွေ့ဆုံဆွေးနွေးခြင်း နှင့် အကြံပြုတင်ပြခြင်း အပါအဝင် ငြိမ်းချမ်းစွာဖြင့် အဖြေရှာသင့်ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ပူးတွဲကြိုးပမ်းအားထုတ်မှုမှာ လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ထရီဇာမေက ဗြိတိန်နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကို ငြိမ်းချမ်းစွာ အဖြေရှာရန် အပါအဝင် နိုင်ငံတကာ နှင့် ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ကတိပြုပါကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.