Connect with us

Politics, Law & Military

ကိုရီးယားကျွန်းဆွယ်ပေါ်၌ နျူကလီးယားအရေးကို ငြိမ်းချမ်းစွာ အဖြေရှာကြရန် တရုတ်နိုင်ငံ တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဂျာမနီနိုင်ငံ ဒုတိယဝန်ကြီးချုပ် Sigmar Gabriel တို့ အခမ်းအနားတစ်ခုတွင် လက်ဆွဲ နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

ကိုရီးယားကျွန်းဆွယ် အပြည့်အဝငြိမ်းချမ်းစေရန်အတွက် နျူကလီးယားအရေးအပေါ် အဖြေရှာခြင်း နှင့် ယင်းအားအဆုံးသတ်ရန် ဂျာမနီနိုင်ငံအနေဖြင့် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိမ့်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိက သြဂုတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ဂျာမနီနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sigmar Gabriel နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ကိုရီးယားကျွန်းဆွယ်၌ ဖြစ်ပေါ်နေသော တင်းမာမှုများ လျော့ကျသွားသည့် လက္ခဏာကို မြင်တွေ့ရကြောင်း ၊ သက်ဆိုင်ရာနိုင်ငံအားလုံးကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ သို့ရာတွင် “ သြဂုတ်လ အကျပ်အတည်း” မှာ အဆုံးသတ်ခြင်း မရှိသေးကြောင်း နှင့် ယင်းကိစ္စရပ်ကို အဖြေရှာရန် သက်ဆိုင်ရာနိုင်ငံအားလုံးက ဆက်လက် လုပ်ဆောင်သင့်ကြောင်း ဝမ်ရိက ဆိုသည်။

ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားအရေးကို ငြိမ်းချမ်းစွာ အဖြေရှာရန် တရုတ်နိုင်ငံက တိုက်တွန်းပါကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံအားလုံးအနေဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်ကို လုပ်ဆောင်ရန် နှင့် သမိုင်းကြောင်း နှင့် ပြည်သူများအတွက် တာဝန်ယူမှု တာဝန်ခံမှုကို ဆောင်ကျဉ်းပေးရန် အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်သင့်ကြောင်း ဝမ်ရိက တိုက်တွန်းပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်အရေးတွင် ဂျာမနီနိုင်ငံအနေဖြင့် တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်ရန် တရုတ်နိုင်ငံက မြင်တွေ့လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဂျာမနီဒုတိယဝန်ကြီးချုပ်က ကိုရီးယားကျွန်းဆွယ်မှ မထိန်းချုပ်နိုင်ဘဲ ဖြာထွက်လာသည့် အခြေအနေကို တားဆီးရန် ဥရောပ၌ အတိတ်က ကြုံတွေ့ခဲ့သော ခါးသီးသည့် သင်ခန်စာများကို လေ့လာသင်ယူသင့်ကြောင်း ပြောကြားခဲ့သည်။

ကိုရီးယားနျူကလီးယားအရေးကို ကူညီအဖြေရှာရာတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်းကို Gabriel က ချီးကျူးစကားဆိုခဲ့ပြီး တရုတ်နိုင်ငံ၏ နှစ်ဘက်စလုံးကို ချဉ်းကပ်ခြင်း မူဝါဒကို ဂျာမနီနိုင်ငံက သိနားလည်ပြီး ထောက်ခံပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ယင်းအရေးကိစ္စရပ်ကို ငြိမ်းချမ်းစွာအဖြေရှာခြင်းကို တွန်းအားပေးရန် တရုတ်နိုင်ငံ နှင့် လက်တွဲ ဆောင် ရွက်သွားရန် ဂျာမနီနိုင်ငံက ဆန္ဒရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.