Connect with us

Politics, Law & Military

တရုတ် ကွန်မြူနစ်ပါတီကို ပိုမို ကောင်းမွန်အောင် ကြိုးပမ်းသွားမည်

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်က ပြုလုပ်ခဲ့သော ၁၈ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ၇ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၉၆ နှစ် သက်တမ်းရှိပြီဖြစ်သော တရုတ် ကွန်မြူနစ်ပါတီ (Communist Party of China) ယခုနှစ်အကုန်ပိုင်းတွင် ပြုလုပ်မည့် ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံအား ပြင်ဆင်နေပြီ ဖြစ်သလို ကာလရှည် အာဏာရပါတီ တစ်ရပ်အနေဖြင့် အနာဂတ်မှာ အောင်မြင်မှုကို မည်သို့ ကြံ့ကြံ့ခံထားနိုင်မည်နည်း ဆိုသည်ကို ကမ္ဘာကလည်း စောင့်ကြည့်လျက်ရှိပေသည်။

အမှန်စင်စစ်တွင်မူ CPC အနေဖြင့် အဆိုပါ မေးခွန်းအတွက် အဖြေများကို လွန်ခဲ့သော ငါးနှစ်က ကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက် အမျိုးသား ညီလာခံကတည်းက ပြုပြင်ပြောင်းလဲမှုအတွက် ကြိုးပမ်းအားထုတ်မှုများကို ကြည့်ခြင်းဖြင့် သိသာနိုင်သည်။

၂၀၁၂ ခုနှစ်ကစပြီး CPC ဗဟို ကော်မတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ရှီကျင့်ဖိန် တာဝန်ယူပြီး နောက်ပိုင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ပါတီ၏ ရှင်သန်ရပ်တည်ရေးအား ခြိမ်းခြောက်မည့် အကျင့်ပျက် ခြစားမှု ဖော်ထုတ်ကြရန်နှင့် ပါတီ တစ်ခုလုံး သတိပြည့်ဝစွာထားရှိရန် ရှီက ပြောကြားခဲ့သည်။

အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများတွင် အကန့်သတ်မရှိဘဲ လုပ်ဆောင်မှုများနှင့် ပြင်းထန်စွာ အရေးယူမှှုများ ပြုလုပ်ရမည်ဟု ယခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သည့် စည်ကမ်း စစ်ဆေးခြင်းဆိုင်ရာ ၁၈ ကြိမ်မြောက် CPC ဗဟို ကော်မတီ၏ ၇ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး (CCDI) ၌ ရှီက ပြောကြားခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၉၅ နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားအား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်က ပြည်သူ့ခန်းမကြီးတွင် ကျင်းပနေစဉ် (ဆင်ဟွာ)

အကျင့်ပျက် ခြစားမှု တိုက်ဖျက်စို့

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်က CPC ဗဟို ကော်မတီ မူဝါဒချမှတ်ပေးသောအဖွဲ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ “si feng” သို့မဟုတ် ထုံးတမ်းများ၊ ဗျူရိုကရက်စနစ်၊ ပျော်ရွှင်မှုပဓာနဝါဒနှင့် ဖြုန်းတီးရေးဝါဒ စသည့် မူ လေးခုအား လျှော့ချရေး အချက် ရှစ်ချက်ပါသော ကျစ်လစ်သော စည်းမျဉ်း ချမှတ်ခဲ့သည်။

CCDI အရ မေလကုန်တွင် တစ်နိုင်ငံလုံးတွင် စုံစမ်းစစ်ဆေးချက်အရ အချက် ရှစ်ချက်ပါသော ကျစ်လစ်သော စည်းမျဉ်းအား ချိုးဖောက်မှု စုစုပေါင်း ၁၇၀,၄၀၀ မှု ရှိခဲ့ပြီး ကျူးလွန်သူပေါင်း ၂၃၁,၁၀၀ ဦးအား ပြစ်ဒဏ် ချမှတ်နိုင်ခဲ့သလို ယင်းအနက် ပါတီဝင် ဝန်ကြီးအဆင့် ၂၀ ဦး ပါဝင်ကြောင်း သိရသည်။

CCDI ၏ ဒုတိယ အတွင်းရေးမှူး ယန်ရှောင်ဒူ (Yang Xiaodu) က “လက်ရှိ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ စမ်းသပ်မှုတွေဟာ စစ်ပွဲကာလကထက် စိန်ခေါ်မှုမနည်းလှဘဲ ပုံစံချင်းသာ ကွဲပြားတာပါ။ အကယ်၍ ကျွန်တော်တို့ ပါတီဝင်တွေ ဒီလို အကျင့်ပျက်မှု ဆုံးရှုံးခြင်းတွေကို မခုခံနိုင်ခဲ့ပါက တရားမဝင် ရည်ရွယ်ချက်တွေ အတွက် အာဏာကို အလွဲသုံးရင်းနဲ့ အဆုံးသတ်သွားလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီလတွင် ကွန်မြူနစ်ပါတီ၏ မူဝါဒချမှတ်ပေးသောအဖွဲ့က ပါတီအတွင်း ပညာရေး လှုပ်ရှားမှုများအား လုပ်ဆောင်ရန် ကြေညာခဲ့သည်။

ပါတီအနေဖြင့် တရုတ်နိုင်ငံအတွင်း ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းအတွက် လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည် သာမက ပြည်ပတွင်လည်း တရားခံပြေးများအား ရှာဖွေ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

အင်တာပိုတွင် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသည့် တရုတ်နိုင်ငံ၏ ထိပ်တန်း တရားခံပြေး ၁၀၀ ထုတ်ပြန်ခဲ့ရာတွင် နံပါတ် ၁ နေရာ၌ ပါဝင်ခဲ့သူ ယန်ရှူကျူး (Yang Xiuzhu) က ပြည်ပတွင် ၁၃ နှစ်ကြာ ထွက်ပြေး တိမ်းရှောင်ပြီးနောက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ၎င်းကိုယ်တိုင် တရုတ်သို့ ပြန်လာကာ အဖမ်းခံခဲ့ကြောင်း သိရသည်။

ထို့ပြင် အင်တာပို အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်သည့် စာရင်းတွင် ပါဝင်သော တရားခံပြေး ၄၀ ဦးကျော်မှာလည်း ၎င်းတို့၏ ဆန္ဒအလျောက်အရသော်လည်းကောင်း၊ မူရင်း တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းဖြင့်သော်လည်းကောင်း တရုတ်နိုင်ငံသို့ ပြန်ရောက်လာခဲ့ကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဋ္ဌာန ထံမှ သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၉၅ နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားအား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်က ပြည်သူ့ခန်းမကြီးတွင် ကျင်းပနေစဉ် (ဆင်ဟွာ)

စည်းမျဉ်စည်းကမ်း ထိန်းသိမ်းခြင်းနှင့် ကြီးကြပ်ခြင်း

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် အကျင့်ပျက် ခြစားမှုနှင့် ဆက်စပ်သော ပြဿနာရပ်များ၊ ပါတီ နည်းဥပဒေများနှင့် စည်းကမ်းများ၊ ပါတီ ခေါင်းဆောင်မှု စသည်တို့အား ဦးတည်သည့် စည်းမျဉ်းစည်းကမ်း ကြီးကြပ်မှုစနစ်အား ဆန်းသစ်ရန် လိုအပ်လာခဲ့သည်။

ပြည်နယ်အဆင့် ဒေသဆိုင်ရာ CPC အဖွဲ့အစည်းများ၊ CPC ဗဟိုနှင့် အစိုးရအဖွဲ့များ၊ နိုင်ငံပိုင် အဓိက စီးပွားရေးလုပ်ငန်းများတွင် ခြုံငုံထားသော စစ်ဆေးရေး လုပ်ငန်းကို CPC က ဖော်ဆောင်ခဲ့ကြောင်း ဗဟို စစ်ဆေးရေအဖွဲ့ အရာရှိ တစ်ဦးဖြစ်သူ လီရှောက်ဟုန်က ဆိုသည်။

CCDI ၏ အဆိုအရ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကုန်အထိ ဗဟို အုပ်ချုပ်ရေးအရာရှိ ၂၄၀ ဦးအား စုံစမ်း စစ်ဆေးခဲ့ရာ ၂၂၃ ဦးအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။ ပါတီ အဖွဲ့ဝင် စုစုပေါင်း ၅၇,၀၀၀ ဦး သည်လည်း ၂၀၁၆ ခုနှစ်အတွင်း ၎င်းတို့၏ မှားယွင်း လုပ်ဆောင်မှုများအတွက် ကနဦး ဝန်ခံမှု ပြုလုပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် စုပေါင်း ကြီးကြပ်မှုစနစ် တစ်ခု တည်ထောင်ကာ ပြည်နယ်၊ မြို့နှင့် ဒေသများပါဝင်သည့် အဆင့် သုံးဆင့်တွင် ဒေသဆိုင်ရာ ကြီးကြပ်မှု ကော်မရှင်များ တည်ထောင်သွားမည့် ရှေ့ပြေး ပြုပြင်ပြောင်းလဲမှု အစီအစဉ် တစ်ခုအား တရုတ်နိုင်ငံ၏ အဆင့်မြင့် ဥပဒေပြုလွှတ်တော်ဖြစ်သော အမျိုးသား ပြည်သူ့ ကွန်ဂရက် အမျိုးသား ကော်မတီက ခွင့်ပြုခဲ့သည်။

တာဝန်ရှိသူများ ပြောင်းလဲ ခန့်အပ်ခဲ့

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ရှီက “လေးဘက်စုံ” မဟာဗျူဟာအား အဆိုပြုခဲ့ပြီး နယ်ပယ်အားလုံးက ကြွယ်ဝ ပြည့်စုံသော လူ့အဖွဲ့အစည်းအား ခေတ်မီစွာ ဖန်တီးရန်၊ နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှု လုပ်ရေး၊ တရားဥပဒေ စိုးမိုးရေး တိုးမြှင့်ရေးနှင့် ပါတီ အုပ်ချုပ်မှု ခိုင်မာရေး လုပ်ဆောင်သွားမည် ဟု ပြောကြားခဲ့သည်။

ဒါ့အပြင် ၁၈ ကြိမ်မြောက် CPC အမျိုးသား ညီလာခံတွင် ပြည်သူများအား အံ့အားသင့်စေခဲ့သည့် အရာရှိများ လာဘ်စားမှုတွင် ပါဝင်ခဲ့သော မကောင်းသတင်းများစွာ ပေါ်ထွက်လာခဲ့သည်။

ဗဟို ကော်မတီဝင်များ အနေဖြင့် ထိုသို့ မကောင်းသတင်းများမှ သင်ခန်းစာများ ရရှိခဲ့ကြောင်း CPC ဗဟို ကော်မတီ စည်းရုံးရေးဋ္ဌာန အရာရှိ ဝမ်းဝေ့ဖိန်က ပြောကြားခဲ့သည်။

ထို့နောက် လမ်းညွှန်ချက်များဖြင့် ကာလရှည် အခက်အခဲ တစ်ခုဖြစ်သော ပါတီဝင် အရာရှိများ၏ ရာထူး လျှော့ချခြင်းကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်အကုန်ပိုင်းတွင် အရာရှိ ၆၀,၈၄၅ ဦးအား ၎င်းတို့၏ ယခင် ရာထူးများနှင့် မသင့်လျော်ကြောင်း တွေ့ရှိရသည့်အတွက် အခြား ရာထူးများဖြင့် လွှဲပြောင်း ခန့်အပ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ထို့ကြောင့်လည်း ငါးနှစ်ကြာခဲ့ပြီဖြစ်သော ညီလာခံ သက်တမ်း တစ်ခုကာလအတွင်း တရုတ် ကွန်မြူနစ်ပါတီ၏ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များက ပါတီ ပိုမို ကောင်းမွန်အောင် မည်သို့ဖြစ်စေခဲ့သည်ကို လာမည့် ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံတွင် ဖော်ထုတ်နိုင်မည်ဟု ယူဆရပေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.