Connect with us

Politics, Law & Military

တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အဓိကမိန့်ခွန်းကောက်နှုတ်ချက်များ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲဖွင့်ပွဲအခမ်းအနားတွင် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။သမ္မတရှီ၏ အဖိုးတန်လှသည့်အဓိကမိန့်ခွန်းထဲမှ ကောက်နှုတ်ဖော်ပြရလျှင် –

၁။ တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲနှင့်စပ်လျဉ်း၍

– တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲသည် ကမ္ဘာတွင် ယနေ့အထိ ပထမဆုံး “သွင်းကုန်” ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတော်အဆင့်ကျင်းပသည့် ပြပွဲကြီးဖြစ်သောကြောင့် နိုင်ငံတကာ ကုန်သွယ် ဖွံ့ဖြိုးရေးသမိုင်း၏ စွန့်ဦးဆောင်ရွက်ချက်တစ်ခုဖြစ်သည်။

– တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲကို နှစ်စဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အပြင် အရည်သွေးပြည့်အောင်၊ ထိရောက်အောင်မြင်မှုရှိအောင်၊ ပို၍ ကောင်းမွန်လာအောင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။

– တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲသည် တရုတ်နိုင်ငံက ကြီးမှူးကျင်းပပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံပေါင်းများစွာက အတူပါဝင်ကြသည့်ပြပွဲကြီးဖြစ်ရာ တရုတ်တစ်နိုင်ငံတည်း၏ တစ်ပင်တိုင် ပြပွဲမဟုတ်ဘဲ နိုင်ငံပေါင်းစုံပါဝင်ပြသသည့် ပြပွဲကြီးဖြစ်သည်။

၂။ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ –

– သမိုင်းကို ပြန်ပြောင်းအောက်မေ့ကြည့်မည်ဆိုလျှင် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာ ကုန်သွယ်စီးပွားရေး ကောင်းမွန်အောင်နိုးကြားလာစေသည့် အဓိက အင်အား ဖြစ်သည်။

– ယနေ့ခေတ်ယနေ့အခါ လက်ရှိအချိန်ကို ကြည့်မည်ဆိုလျှင် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု သည် ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုနှင့်ပြန်လည်နလန်ထူလာရေးအတွက် လက်တွေ့ကျသည့် လိုအပ်ချက်ဖြစ်သည်။

– အနာဂတ်ကို မျှော်မှန်းကြည့်မည်ဆိုလျှင် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုသည် လူမှုအသိုက်အဝန်းအဆက်မပြတ်တိုးတက်လာမှုကို တွန်းအားပေးဆောင်ရွက်မည့် ခေတ်၏လိုအပ်ချက်ဖြစ်သည်။

– နိုင်ငံအသီးသီးက တံခါးဖွင့်အပြန်အလှန်ဆက်သွယ်မှုကို လက်ကိုင်ထားကာ အပြန်အလှန် အကျိုးဖြစ်ထွန်းမည့်ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို တိုးချဲ့ဆောင်ရွက်သင့်သည်။

– နိုင်ငံအသီးသီးက ဆန်းသစ်ဖန်တီးဦးဆောင်မှုကို လက်ကိုင်ထားကာ ပြောင်းလဲမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်သင့်ပါသည်။

– နိုင်ငံအသီးသီးက အများအကျိုးဖြစ်ထွန်းစေလိုသော သဘောထားကို လက်ကိုင်ထားကာ နိုင်ငံအသီးသီး အတူဖွံ့ဖြိုးရေးကို တွန်းအားပေးဆောင်ရွက်သင့်ပေသည်။

၃။ တံခါးဖွင့်စနစ်သည် ယနေ့တရုတ်နိုင်ငံ၏ ထင်ရှားသည့် ပြယုဂ်ဖြစ်သည် –

– တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် တံခါးဖွင့်စနစ်ဆောင်ရွက်မှု ခြေလှမ်းများမှာ ရပ်တန့်သွားမည် မဟုတ်။

– တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးတံခါးဖွင့်စနစ် တည်ဆောက်ခြင်း ခြေလှမ်းများမှာ ရပ်တန့်သွားမည် မဟုတ်။

– တရုတ်နိုင်ငံအနေဖြင့် လူသားမျိုးနွယ်များ၏ကံကြမ္မာတူအကျိုးတူအသိုက်အဝန်း တည်ဆောက်မှု ခြေလှမ်းများမှာ ရပ်တန့်သွားမည် မဟုတ်။

– တရုတ်နိုင်ငံသည် ကမ္ဘာ့တံခါးဖွင့်စနစ်ကို အဓိကတွန်းအားပေးဆောင်ရွက်သည့် နိုင်ငံဖြစ်သလို ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို တည်ငြိမ်အောင်လုပ်ဆောင်သည့် အဓိက အင်အားလည်းဖြစ်သည်။ထို့အပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ ကုန်သွယ်ရေးအခွင့်အလမ်းများတိုးချဲ့ရာ ဈေးကွက်ကြီးလည်းဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲရေး၏ အပြုသဘောဆောင်သော ပေးဆပ်သူလည်းဖြစ်သည်။

၄။ တရုတ်နိုင်ငံအနေဖြင့် တံခါးဖွင့်စနစ်ကို ထပ်မံတစ်ဆင့်တိုး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်-

– သွင်းကုန်အလားအလာများကို ဖော်ထုတ်ပေးသွားမည်။

– ဈေးကွက်အတွင်း ဝင်ရောက်မှုများကို ဆက်လက်တံခါးဖွင့်လက်ခံသွားမည်။

– နိုင်ငံတကာ ပထမတန်းစား ရင်းနှီးမြုှပ်နှံမှု ပတ်ဝန်းကျင်ကောင်း တည်ဆောက်သွားမည်။

– တံခါးဖွင့်စနစ် အောင်မြင်မှုသစ်များကို ဆောင်ရွက်သွားမည်။

– နှစ်ဦးနှစ်ဖက် သို့မဟုတ် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် တွန်းအားပေး ဆောင်ရွက်သွားမည်။

၅။ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့်စပ်လျဉ်း၍-

– တရုတ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာကို အားလုံးက အပေါင်းလက္ခဏာအမြင်ဖြင့် လုံး၀ ရှုမြင်နိုင်သည်။

– တရုတ်နိုင်ငံ၏ ကောင်းမွန်တည်ငြိမ်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေခံအုတ်မြစ်မှာ ပြောင်းလဲမည်မဟုတ်သလို အရည်သွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေမှာလည်း ပြောင်းလဲမည်မဟုတ်ပါ။

– တရုတ်နိုင်ငံသည် ကမ္ဘာတွင် ဒုတိယအကြီးဆုံး စီးပွားရေအသိုက်အဝန်းဖြစ်ရာ လူဦးရေ သန်းပေါင်း ၁၃၀၀ ရှိသလို ၊ စတုရန်းကီလိုမီတာပေါင်း (၉.၆)သန်း ကျယ်ပြောသည့် နိုင်ငံဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ပင်လယ်ကြီးဖြစ်ပြီး ရေကန်ငယ်လေးတစ်ခု မဟုတ်ပါ။

၆။ တံခါးဖွင့်စနစ်ကျင့်သုံးရာတွင် ရှန်ဟိုင်းစသည့် နယ်မြေဒေသများကို ပိုမိုကောင်းမွန်စွာ အသုံးချ ဆောင်ရွက်သွားမည်-

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် လွတ်လပ်စွာကုန်သွယ်ရေးစမ်းသပ်ဇုန်သစ်များ ထားရှိသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးဆောင်ရွက်ခြင်းနှင့် ကုန်သွယ်ရေးလွတ်လပ်မှု အဆင်ပြေလွယ်ကူမှု များကို ဆောင်ရွက်နိုင်ရန် ထောက်ခံအားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။

ရှန်ဟိုင်း စတော့အိတ်ချိန်းအတွက် သိပ္ပံနှင့်နည်းပညာဖန်းတီမှုအပိုင်းများပြုလုပ်သွားမည်ဖြစ်ပြီး စာရင်းပေးသွင်း စနစ်များ ဆောင်ရွက်သွားမည်ဖြစ်သည်။ ရှန်ဟိုင်းနိုင်ငံတကာဘဏ္ဍာရေးစင်တာနှင့် သိပ္ပံနည်းပညာဆန်းသစ်တီထွင်ရေးစင်တာတည်ဆောက်မှုများကို အားပေးဆောင်ရွက်သွားပြီး အရင်းအနှီးဈေးကွက်(capital market)၏အခြေခံစနစ်များကို အဆက်မပြတ် ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယန်ဇီမြစ် မြစ်ဝကျွန်းပေါ်ဒေသ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံ၏ မဟာဗျူဟာ အဖြစ် အဆင့်မြှင့်တင် အားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ ဖွံ့ဖြိုးရေးအတွေးအမြင်သစ်များဖြင့် ခေတ်သစ် စီးပွားရေးစနစ်ကို တည်ဆောက်ကာ ပြုပြင်ပြောင်းလဲမှုနှင့်တံခါးဖွင့်စနစ်ကျင့်သုံးမှုမှုများကို တစ်ဆင့်မြှင့်တင်ဆောင်ရွက်ကာ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး

၊ ပေကျင်း-ထျန်ကျင်း-ဟိုပေ အတူဖွံ့ဖြိုးရေး ၊ ယန်ဇီမြစ်ဝှမ်းတစ်လျှောက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၊ မာကာအို-ဟောင်ကောင် Greater Bay Area တည်ဆောက်ရေးတို့နှင့်အတူ တရုတ်နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးနှင့်တံခါးဖွင့်စနစ် အစီအမံများကို ပြီးပြည့်စုံအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.