Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏အကျိုးဆောင်မှုနှင့်ကမ္ဘာ့အခွင့်အလမ်းသစ်များ

တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲကျင်းပမည့် နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

ကမ္ဘာ့နေရာအန့ှံမှ ကုန်တင်သင်္ဘောများက တရုတ်နိုင်ငံ၏ပင်လယ်ရေပြင်သို့ အရှိန်မြှင့် ခုတ်မောင်း နေကြပြီ ဖြစ်သလို နိုင်ငံတကာ ကုန်တင်လေယာဉ်များကလည်း ရှန်ဟိုင်းမြို့ ဖူတုန်းနိုင်ငံတကာ လေဆိပ်ကို တဖွဲဖွဲရောက်ရှိလာပြီဖြစ်သည်။ ၎င်းတို့နှင့်လိုက်ပါလာသော တစ်ကမ္ဘာလုံးရှိ လုပ်ငန်း ပေါင်း ၃၀၀၀ ကျော် ၊ ဝယ်လက်ကုန်သည် ပေါင်း ၁သိန်း ၅ သောင်းကျော် ပါဝင်ကြမည့် ကုန်သွယ်ရေးပွဲတော်ကြီးသည် ဖူကျန်းမြစ်နံဘေးတွင် မကြာမီစတင်တော့မည်ဖြစ်သည်။

ပထမဆုံး တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲသည် တရုတ်လူမျိုးများ၏ အတွေးသစ်အမြင်သစ်များဖြင့် တည်ဆောက်ထားသည့် ပြည်တွင်းပြည်ပကုန်သွယ်ရေး ပလက်ဖောင်းသစ်ဖြစ်သလို တရုတ်နိုင်ငံက တံခါးဖွင့်စနစ်ကို ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သည့် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်း သစ် ပင်ဖြစ်သည်။

ယခင်က ကုန်ပစ္စည်းပြပွဲများ ၊ ပို့ကုန်တိုးမြှင့်ရေးပြပွဲများကိုသာ ကျင်းပကြလေ့ရှိသော်လည်း သွင်းကုန် ပြပွဲကျင်းပပြုလုပ်သည်ကိုမူ တွေ့ရခဲပေသည်။ ယခုတရုတ်နိုင်ငံက ကျင်းပသည့် သွင်းကုန်ပြပွဲသည် ကမ္ဘာပေါ်တွင် ပထမဆုံး “သွင်းကုန်”ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်သည့် ပြပွဲဖြစ်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် သွင်းကုန် များကို တိုးချဲ့လက်ခံလိုသည့်ဆန္ဒကို ဖော်ပြနေ သလို သွင်းကုန် ထုတ်ကုန်နှစ်ဖက်အလေးထားသည့် ကုန်သွယ်ရေးပုံစံကို တည်ဆောက်လိုသည့် ဆန္ဒကိုလည်း ထင်ဟပ်ပြသခြင်းပင်ဖြစ်သည်။

ယခုကျင်းပမည့် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် ကုန်ပစ္စည်းကုန်သွယ်ရေးနှင့် ကုန်သွယ်ရေး ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်သလို လုပ်ငန်းအလိုက်ပြခန်းများ ၊နိုင်ငံအလိုက်ပြခန်းများ နှင့် နိုင်ငံတကာ ဆွေးနွေးဖလှယ်မှုဖိုရမ်များ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် Commodity circulation ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်များကို ပြပွဲတွင် ပြသသွားမည်ဖြစ်သောကြောင့် တရုတ်နိုင်ငံနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်စီးပွားဖလှယ်မှု အကြံဉာဏ်သစ်များနှင့် လေ့လာစရာများကို ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲသည် ဘက်ပေါင်းစုံအကျိုးဖြစ်ထွန်းစေနိုင်သည် ပလက်ဖောင်းသစ် ဖြစ်ရာ တရုတ်နိုင်ငံ၏ဈေးကွက်လိုအပ်ချက်နှင့် နိုင်ငံတကာကုန်ပစ္စည်းများကို ထိထိမိမိချိတ်ဆက်ပေး နိုင်မည်ဖြစ်သလို ကမ္ဘာ့နိုင်ငံများအတွက်လည်း ကုန်သွယ်ရေးအခွင့်အလမ်း ကောင်းများ ဖွင့်လှစ်ပေး နိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံ အတွက်ဆိုရလျှင် နော်ဝေးက ဆော်လမွန်ငါး၊ စပိန်က ဝက်ပေါင်ခြောက်၊ နယူးဇီလန်က နွားနို့၊ ချီလီက ချယ်ရီသီးစသည့် အွန်လိုင်းဈေးကွက်တွင် ခေတ်စားနေသည့် ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံသို့ အမြန်ဆုံးဝင်ရောက်လာပြီး စားသုံးသူများ၏လိုအပ်ချက်ကို လိုအပ်သလို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲသည် ပြည်ပစီးပွားရေးလုပ်ငန်းများအတွက်ဆိုရလျှင် တရုတ်နိုင်ငံ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်မည့် ၊ဈေးကွက်ချဲ့ထွင်နိုင်မည့် အကောင်းဆုံး ပလက်ဖောင်းတစ်ခု ဖြစ်သည်။

ပြပွဲတွင် ပါဝင်ပြသမည့် ပြည်ပစီးပွားရေးကုန်သည်များက သွင်းကုန်ပြပွဲကျင်းပခြင်းသည် တရုတ်နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်စနစ်ကျင့်သုံးရာတွင် အရေးပါသည့် မှတ်ကျောက်တိုင်တစ်ခု ဖြစ်သလို ပြည်ပသို့ တစ်ဖန်ထပ်၍ တံခါးသစ်ဖွင့်ပေးခြင်းပင်ဖြစ် ကြောင်း မှတ်ချက်ပြုကြသည်။ ကမ္ဘာက ယင်းပလက်ဖောင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုနှင့်တံခါးဖွင့်စနစ်ကို ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လိုသည့် ဆုံးဖြတ်ချက်တွေ့ရှိရမည်ဖြစ်ပြီး တရုတ်နိုင်ငံစီးပွားရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပုံ၊ အရည်အသွေးမြင့် ဖွံ့ဖြိုးရေးကို အဆက်မပြတ် လျှောက်လှမ်း နေပုံများ ကို တွေ့ရှိနိုင်မည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးရေး လမ်းစဉ်ကို အမြန်လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

ယခုကျင်းပမည့် သွင်းကုန်ပြပွဲကြီးကို ကမ္ဘာ့ဖွံ့ဖြိုးမှုအားအနည်းဆုံး နိုင်ငံ ၄၄ နိုင်ငံအနက် နိုင်ငံပေါင်း ၃၀ ကျော်က ပါဝင်ပြသမည်ဖြစ်သည်။ ပြခန်းနေရာ အကြပ်အတည်းများရှိသော်လည်း တရုတ်နိုင်ငံ အနေဖြင့် အဆိုပါနိုင်ငံများအတွက် ပြခန်းနေရာ သီးသန့်ကြိုတင်ထားရှိထားကြောင်း ၊ ၎င်းနိုင်ငံများမှ ထုတ်ကုန်ပစ္စည်းများ တရုတ်နိုင်ငံဈေးကွက်သို့ ဝင်ရောက်ပြီး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု များ ရေရှည်တည်ဆောက်ရန် ကူညီဆောင်ရွက်လိုကြောင်း သိရသည်။

ကမ္ဘာ့ခေတ်ရေစီးကြောင်းကို ပြောင်းပြန်ဆန့်ကျင်သည့် တစ်ဖက်သတ် ကုန်သွယ်ရေး ကိုယ်ကျိုး စီးပွားကာကွယ်မှုများ ခေါင်းထောင်နေချိန်တွင် တရုတ်နိုင်ငံက သွင်းကုန်ပြပွဲကျင်းပပြုလုပ်ခြင်းသည် တရုတ်နိုင်ငံ၏ အတူဆွေးနွေး၊အတူတည်ဆောက်၊အတူမျှဝေလိုသည့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားဆောင်ရွက်နေခြင်းအား ပြသလိုက်ခြင်းပင် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.