Connect with us

Politics, Law & Military

မီဒီယာပေါင်းစည်းရေး ပူးပေါင်းဆောင်ရွက်ရန် ဆင်ဟွာနှင့် အေပီ သတင်းဋ္ဌာနတို့ ဆွေးနွေး

ဆင်ဟွာ သတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျို (ယာ) နှင့် Associated Press (AP) ဥက္ကဋ္ဌ Gary Pruitt (ဝဲ) တို့အား တရုတ်နိုင်ငံ ပေကျင်းမြို့၌ သြဂုတ်လ ၂၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျိုနှင့် Associated Press (AP) ဥက္ကဋ္ဌ Gary Pruitt တို့သည် သြဂုတ်လ ၂၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံကာ မီဒီယာ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုတွင် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မီဒီယာသစ် ဖွံ့ဖြိုးတိုးတက်ရေးက ရှေးရိုးဆန်သော မီဒီယာလုပ်ငန်းအတွက် အရေးပါသည့် သက်ရောက်မှုများ ဆောင်ကျဉ်းပေးနိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ပြောင်းလဲမှုတွင် ဆင်ဟွာနှင့် အေပီတို့လည်း လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။

ဆင်ဟွာသည် ကြီးမားသော အချက်အလက် နည်းပညာ၊ ဗီဒီယို ဇာတ်လမ်းတိုများနှင့် ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှုများ စသည့် ကဏ္ဍများ၌ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ချိုက်က ရှင်းပြခဲ့ပြီး မီဒီယာလုပ်ငန်းကြီး နှစ်ခုအနေဖြင့် တိုးတက်လာသော နည်းပညာသစ်များဖြင့် မီဒီယာလုပ်ငန်း အတွက် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

သတင်းထောက်ပံ့ ဝန်ဆောင်မှုသည် စီးပွားရေး စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း အေပီ ဥက္ကဋ္ဌ Pruitt က ပြောကြားခဲ့ပြီး အေပီနှင့် ဆင်ဟွာအနေဖြင့် တစ်ဦးနှင့် တစ်ဦး အမှီသဟဲပြုရန် ကြိုးပမ်းသွားကြမည်ဟု ဆိုသည်။

အေပီ သတင်းဋ္ဌာနအနေဖြင့် စက်ပစ္စည်းအစားထိုး ဗီဒီယိုအား စမ်းသပ် လေ့လာနေသည်ဟု Pruitt က ဆိုသည်။

ထို့ပြင် ချိုက်ကလည်း ဆင်ဟွာ အနေဖြင့် ဗီဒီယို ဝန်ဆောင်မှုများ တိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများစွာ လုပ်ဆောင်ခဲ့ကြောင်း၊ သတင်းဋ္ဌာန နှစ်ခုအနေဖြင့် ဗီဒီယို ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းများအတွက် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.