Connect with us

Politics, Law & Military

လာမည့် ငါးနှစ်တာကာလတွင် အရေးကြီးသော အဆင့်များစွာ ရှိမည် ဖြစ်ကြောင်း ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီး အပြင်ဘက်နှင့် တရုတ်နိုင်ငံ အလံများ လွှင့်ထူထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အမြဲတမ်း ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က လာမည့် ငါးနှစ်တာကာလအတွင်း အရေးကြီးသော အဆင့်များနှင့် လမ်းညွှန်မှုများစွာ တွေ့မြင်ရမည် ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၂၅ ရက်) တွင် ပြောကြားခဲ့သည်။

“လာမဲ့ ၅ နှစ်တာကို မျှော်ကြည့်မယ်ဆိုရင် အရေးပါတဲ့ အဆင့်တွေနဲ့ လမ်းညွှန်ချက်တွေ အများကြီး ကျွန်တော် မြင်နေရပါပြီ” ဟု ၁၉ ကြိမ်မြောက် CPC ဗဟို ကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီ အဖွဲ့ဝင်များနှင့် မီဒီယာတို့ တွေ့ဆုံစဉ် ရှီက ယခုလို မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပါတီ ညီလာခံ ၁၉ ကြိမ်မြောက်နှင့် ၂၀ ကြိမ်မြောက်အကြား လာမည့် ငါးနှစ်တာကာလကို ဖော်ပြရာတွင် ရှီက အဆိုပါ ကာလသည် ဆယ်စုနှစ် နှစ်ခု ရည်မှန်းချက်များအတွက် သတ်မှတ်ကာလများ ဆုံစည်းစေမည့်အချိန် ဖြစ်ကြောင်း၊ ပထမ ဆယ်စုနှစ် ရည်မှန်းချက်အတွက်သာမက ဒုတိယ ဆယ်စုနှစ် ရည်မှန်းချက်အတွက်ပါ ဦးတည်ကာ ခရီး စတင်သွားမည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

“ဆယ်စုနှစ်ကြာ ကြိုးစား လုပ်ကိုင်ခဲ့တဲ့အတွက် ဆိုရှယ်လစ်စနစ်ဟာ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အသွင်နဲ့ ခေတ်သစ်ကို ဝင်ရောက်လာခဲ့ပါပြီ။ အခြေအနေသစ်တွေမှာ အသွင်သစ် ရရှိအောင် ပိုပြီး အရေးတကြီး လုပ်ဆောင်ရမှာ ဖြစ်သလို အောင်မြင်မှု အသစ်များ စိုက်ထူသွားရမှာဖြစ်တယ်” ဟု ရှီက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.