Connect with us

Politics, Law & Military

တရုတ်နိုင်ငံသည် ၂၀၁၈ခုနှစ်တွင် ပြည်သူ ၁၀သန်းကျော်အား ဆင်းရဲနွမ်းပါးမှု မှ လွတ်မြောက်အောင် ဆောင်ရွက်မည်

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးပွဲ၌ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အစိုးရ၏လုပ်ငန်းအစီရင်ခံစာ ဖတ်ကြားတင်သွင်းစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်နိုင်ငံသည် ကျတ်တီးမြေများမှ ပြောင်းရွှေ့လာသည့် ပြည်သူ ၂.၈သန်းအပါအဝင် ကျေးလက်နေပြည်သူ ၁၀သန်းကျော်အား ဆင်းရဲနွမ်းပါးသည့် ပြည်သူများအဖြစ်မှ လွတ်မြောက်အောင် ထပ်မံလျှော့ချသွားမည်ဟု မတ် ၅ရက်တွင်ပြောခဲ့သည်။

ပြည်တွင်း စက်မှုလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု တို့ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းမှ တစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျော့ကျအောင် အားထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အလွန်အမင်းဆင်းရဲနွမ်းပါးမှု ဒဏ်ကို ခံစားနေရသော ဧရိယာများတွင် ထောက်ပံ့မှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ပြီး ဗဟိုဘက်ဂျက်၏ အသစ်တိုးချဲ့လိုက်သော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရန်ပုံငွေ နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လွှဲပြောင်းပေးအပ်သည့် ငွေကြေးများအား ယင်းဧရိယာများတွင် ပိုမို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လီက တရုတ်နိုင်ငံသည် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ရောဂါဝေဒနာသည်များ အပါအဝင် ဆင်းရဲသားလူတန်းစားများကို ဦးတည်၍ လိုအပ်သည့် အထောက်အပံ့များရရှိနိုင်ရန် လူတစ်ဦးချင်းစီ နှင့် အိမ်ထောင်စုတစ်စုချင်းစီအား လိုအပ်သည့် ဆောင်ရွက်မှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် အကျင့်ပျက်လာဘ်စားမှုနှင့် အလွဲသုံးစားလုပ်မှုများကိုလည်း ပစ်မှတ်ထားအရေးယူးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လက်ရှိ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစံနှုန်းများကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း ဆင်းရဲနွမ်းပါးမှုကို လျှော့ချသွားမည်ဖြစ်ကာ စံချိန်စံညွှန်းများအားလုံးနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.